နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် နိုင်ငံအတွင်း နေထိုင်ကြသူအားလုံးက မိမိတို့ကျရာအခန်းကဏ္ဍမှ ဆောင်ရွက်နေမည်ဆိုပါက တစ်ဦးချင်းချမ်းသာကြွယ်ဝပြီး နိုင်ငံ့စီးပွားကောင်းမွန်လာမည်

 

နေပြည်တော်   ဖေဖော်ဝါရီ   ၂


ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၄)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်  တက်ရောက်အမှာစကားပြောကြားသည်။         


အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ်  ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ  တက်ရောက်ကြပြီး  နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက် ကြသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြား ရာတွင် ပြင်ဆင်ဖွဲ့စည်းခဲ့သည့် အစိုးရအဖွဲ့အနေဖြင့် ပထမဆုံးအကြိမ်  ပြုလုပ်သည့်   အစည်းအဝေးဖြစ် ကြောင်း၊ အစိုးရအဖွဲ့အသစ်အနေဖြင့်  စိတ်ဓာတ် အသစ်၊ ခွန်အားအသစ်များဖြင့် တာဝန်ထမ်းဆောင် ကြစေလိုကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် ယခင် တာဝန်ထမ်းဆောင်ခဲ့သည့်     ကာလများအတွင်း အပြောင်းအလဲအချို့ရှိခဲ့သော်လည်း    ချမှတ်ထား သည့် မူဝါဒများပြောင်းလဲမှုမရှိဘဲ ဆောင်ရွက်ခဲ့ရာ အခက်အခဲအကျပ်အတည်းများကြားမှ အတိုင်းအတာ တစ်ခုအထိ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် နိုင်ခဲ့သဖြင့် မှတ်တမ်းတင်ပါကြောင်း၊ ယခင်ဆောင်ရွက် ခဲ့သည့် ရှိပြီးသားအခြေခံကောင်းများကို အသုံးချ၍ လာမည့်ကာလများအတွင်း မိမိတို့၏ မျှော်မှန်းချက် များ ယခုထက် ပိုမိုတိုးတက်အောင်မြင်စေရေး ထိထိ ရောက်ရောက်ဆောင်ရွက်နိုင်စေရန်  ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး ချုပ်များအနေဖြင့်       ကြိုးပမ်းဆောင်ရွက်ကြစေ လိုကြောင်း။


မိမိတို့အနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည် ချက် (၉) ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရတစ်ရပ်အနေဖြင့်   နိုင်ငံရေး၊    စီးပွားရေးနှင့် လူမှုရေးကဏ္ဍတို့၌   တည်ငြိမ်မှု၊   ဖွံ့ဖြိုးတိုးတက်မှု ရှိအောင် အခြေခံအားဖြင့် ဆောင်ရွက်ရန် တာဝန်ရှိ ကြောင်း၊ ဒီမိုကရေစီနိုင်ငံတစ်ခုတွင် စီးပွားရေး၊ လူမှု ရေးကဏ္ဍများဖွံ့ဖြိုးတိုးတက်စေရန် ပြည်သူတစ်ဦး ချင်းစီ၏ ကြိုးပမ်းမှုအပေါ်တွင် မူတည်သော်လည်း ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် အစိုးရအဖွဲ့မှ ဖန်တီး ပုံဖော်  ဦးဆောင်  ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီအစိုးရများတွင် အစိုးရများ၏ အခန်းကဏ္ဍ သည် အရေးကြီးကြောင်း။
မိမိတို့သည် နိုင်ငံရေးအစိုးရမဟုတ်သော်လည်း နိုင်ငံတော်တာဝန်များကို      ထမ်းဆောင်ချိန်တွင် နိုင်ငံ့စီးပွားရေးနှင့်    လူမှုရေးဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေ ဖြင့် နိုင်ငံရေးအရ အားနည်းချက်များရှိခဲ့ခြင်း ကြောင့် နိုင်ငံ၏အခြေအနေကို      ဝင်ရောက်ထိန်းသိမ်း ဆောင်ရွက်ပေးနေရခြင်းဖြစ်ကြောင်း၊    နိုင်ငံရေး အားနည်းချက်မှာ မသမာမှုရှိသည့် မဲရလဒ်များဖြင့် နိုင်ငံတော်အာဏာကို  ဖြတ်လမ်းနည်းဖြင့်  ရယူနိုင် ရေး      ဆောင်ရွက်ခဲ့ပြီး       မရိုးသားသည့်နည်းဖြင့် ဒီမိုကရေစီကိုပုံဖော်ခဲ့သည့်ကိစ္စဖြစ်ကြောင်း၊ သန့်ရှင်း သည့် နိုင်ငံရေး၊ စစ်မှန်သည့် ပါတီစုံဒီမိုကရေစီစနစ်၊ စစ်မှန်သည့်ဒီမိုကရေစီနှင့်  ဖက်ဒရယ်အုပ်ချုပ်ရေး စနစ်ရှိသည့် ပြည်ထောင်စုတစ်ရပ်ဖြစ်စေရေး မိမိတို့ အနေဖြင့် လမ်းကြောင်းမှန်ပေါ်သို့  ရောက်ရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။


နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်  
အဓိကမောင်းနှင်အားများ အားကောင်းရန်လိုအပ်


နိုင်ငံတစ်ခုတိုးတက်စေရန်အတွက်  မောင်းနှင် အားများဖြစ်သည့် နိုင်ငံရေးအား၊ စီးပွားရေးအားနှင့် ကာကွယ်ရေးအားများ ကောင်းမွန်နေရန်လိုကြောင်း၊ နိုင်ငံရေးအားကောင်းမွန်ရန်အတွက် မှန်မှန်ကန်ကန် ဦးဆောင်နိုင်သူများက    မှန်ကန်သည့်    နိုင်ငံရေး လမ်းကြောင်းပေါ်တွင်      စနစ်တကျမှန်ကန်စွာဖြင့် ဦးဆောင်နိုင်မည်ဆိုပါက တည်ငြိမ်အေးချမ်းပြီး နိုင်ငံ စည်းလုံးညီညွတ်နေမည်ဖြစ်ကြောင်း၊ စီးပွားရေးအရ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် နိုင်ငံအတွင်း နေထိုင်ကြ သူအားလုံးက မိမိတို့ကျရာအခန်းကဏ္ဍမှ ဆောင်ရွက် နေမည်ဆိုပါက တစ်ဦးချင်းချမ်းသာကြွယ်ဝပြီး နိုင်ငံ့ စီးပွားကောင်းမွန်လာမည်ဖြစ်ကြောင်း၊ အူမတောင့်မှ သီလစောင့်မည်ဆိုသည့်အတိုင်း   စီးပွားရေးအား ကောင်းမွန်မှသာ  နိုင်ငံ၏   ကာကွယ်ရေးအားသည် လည်း ကောင်းမွန်မည်ဖြစ်ကြောင်း။


ထိရောက်သည့် ကာကွယ်ရေးစွမ်းပကားနှင့် 
တရားဥပဒေစိုးမိုးရေးယန္တရား တည်ဆောက်ရန်လိုအပ်


ကာကွယ်ရေးစွမ်းပကား    ကောင်းမွန်စေရန် အတွက် လိုအပ်ချက်များကို ငွေကြေးများအသုံးပြု၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်အတွင် လည်း နိုင်ငံတော်ကာကွယ်ရေးအတွက် တပ်မတော် သားများက တာဝန်ထမ်းဆောင်လျက်ရှိပြီး တွဲဖက် အင်အားအဖြစ်      မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ထမ်းဆောင်လျက်ရှိပြီး အားလုံးက စွန့်စွန့်စားစားဖြင့် အသက်သွေးချွေးများပေးဆပ်၍ တာဝန်ထမ်းဆောင် နေကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အနေ ဖြင့် ၎င်းတို့ကို တတ်နိုင်သမျှ အသိအမှတ်ပြုချီးမြှင့် အားပေးကြရမည်ဖြစ်ကြောင်း၊   နိုင်ငံတော်အစိုးရ တစ်ခုတည်းကသာမက      အားလုံးက    ဝိုင်းဝန်း ဆောင်ရွက်ကြရန်လိုကြောင်း၊ ၎င်းတို့အနေဖြင့် အစိုးရ ကိုကာကွယ်နေခြင်းမဟုတ်ဘဲ နိုင်ငံ၏အချုပ်အခြာ အာဏာကို ကာကွယ်နေခြင်းဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ ဝင်များတာဝန်ထမ်းဆောင်နေခြင်းသည် တစ်နိုင်ငံ လုံး      တရားဥပဒေစိုးမိုးရေးအတွက်ဖြစ်ကြောင်း၊ ၎င်းတို့၏ တာဝန်ထမ်းဆောင်လိုစိတ်များရှိအောင် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာများ တိုးတက်စေရေး အားလုံး က ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုကြောင်း။


ကာကွယ်ရေးနှင့်ပတ်သက်၍  စွမ်းရည်ရှိသည့် ကာကွယ်ရေး၊   စွမ်းအားရှိသည့်   ကာကွယ်ရေးဟု နှစ်ခုရှိကြောင်း၊စွမ်းရည်ရှိရန်အတွက် တစ်ဦးချင်း၏ လေ့ကျင့်မှုများကို  အမြဲမပြတ်  ဆောင်ရွက်ပေးရန် လိုကြောင်း၊ စွမ်းအားရှိရန်အတွက် အသုံးပြုလျက်ရှိ သည့် လက်နက်များ၊ ယန္တရားများ၊ စက်ကိရိယာများ နှင့် အသုံးအဆောင်ပစ္စည်းများအားလုံး စွမ်းအား ရှိသည့် ပစ္စည်းများဖြစ်ရန်လိုကြောင်း၊ ခေတ်စနစ်နှင့် ကိုက်ညီသည့်   ပစ္စည်းများကို   အသုံးပြုနိုင်ရန် လိုကြောင်း၊ ထို့ကြောင့် စွမ်းရည်ရှိသည့် ကာကွယ်ရေး၊ စွမ်းအားရှိသည့်   ကာကွယ်ရေးဖြစ်စေရန်အတွက် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အဆင့်မြှင့်တင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။


တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက် နေသည့်   ရဲတပ်ဖွဲ့ဝင်များ၏   အင်အားမှာ   နိုင်ငံနှင့် ကိုက်ညီသည့် အင်အားရှိနေရန်လိုပြီး  အရည်အချင်း ပြည့်ဝသည့်    ရဲတပ်ဖွဲ့ဝင်များဖြစ်အောင်   လေ့ကျင့် ဆောင်ရွက်ပေးရန်လိုကြောင်း၊ အလားတူ ပြည်သူ များက  ယုံကြည်အားကိုးသည့်     ရဲတပ်ဖွဲ့ဝင်များ ဖြစ်ရန်လည်းလိုပြီး ပြည်သူများနှင့် တစ်သားတည်း ဖြစ်သည့် ရဲတပ်ဖွဲ့ဝင်များဖြစ်ရန်လိုကြောင်း၊ ပြည်သူ များအနေဖြင့်    ဥပဒေကိုနားလည်ပြီး    အသိတရားဖြင့် ဥပဒေကိုလိုက်နာရန်လိုကြောင်း၊ ထိုသို့နားလည်ရန် အတွက် အတန်းပညာများ တတ်မြောက်ရန် လိုအပ် သဖြင့်     မိမိတို့အနေဖြင့်    ပညာရည်မြှင့်တင်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း။


နိုင်ငံအတွင်း၌ ထုတ်ကုန်များထုတ်လုပ်မှုနည်းပါး ခြင်းကြောင့်    ပို့ကုန်များ      နည်းပါးလျက်ရှိသဖြင့် နိုင်ငံခြားငွေသုံးစွဲမှုမူဝါဒကို ပြောင်းလဲပြင်ဆင်ပေး ခဲ့ရာ ပို့ကုန်များ တိုးတက်လာသည်ကို တွေ့ရကြောင်း၊ ပို့ကုန်များတိုးမြှင့်ခြင်းကြောင့် ပြည်တွင်းလိုအပ်ချက် များမဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ပြီး ပြည်တွင်း ကုန်ထုတ်လုပ်မှုများ တိုးတက်အောင် ဆောင်ရွက်နိုင် ရန်လိုကြောင်း၊   ထို့ကြောင့်     စီးပွားရေးမြှင့်တင်ရေး အတွက်   ကုန်ထုတ်လုပ်မှုများ      မြှင့်တင်ပေးရန် ပြည်ထောင်စုဝန်ကြီးဌာနများက ဦးဆောင်မှုပေးရန် လိုအပ်သကဲ့သို့ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့်လည်း အောင်မြင်အောင် အကောင် အထည်ဖော်ဆောင်ရွက်ကြရန်လိုကြောင်း။


မိမိတို့အနေဖြင့်    စီးပွားရေးမောင်းနှင်အားများ ကောင်းမွန်နေရန်လိုကြောင်း၊   နိုင်ငံ၏    အဓိက ထုတ်ကုန်မှာ     စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖြစ်သဖြင့်  မျိုး၊ မြေ၊  ရေ၊  နည်း  စသည့်နည်းလမ်း ၄ သွယ်ဖြင့် သတ်မှတ်ထားသည့် ပန်းတိုင်ရည်မှန်း ချက်များအတိုင်း ထွက်ရှိစေရေးဆောင်ရွက်ကြရန်လိုကြောင်း၊ သက်ဆိုင်ရာကဏ္ဍအလိုက်  အကောင် အထည်ဖော်ဆောင်ရွက်နေကြသည့် တာဝန်ရှိသူများ ၏   ကြိုးပမ်းဆောင်ရွက်မှုများအပေါ်တွင်   များစွာ မူတည်နေကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ကုန်ထုတ်လုပ်မှုများတိုးတက်စေရေး သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အထူးအလေးပေးဆောင်ရွက် ကြစေလိုကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း များတွင်   ဆောင်ရွက်နေသူများအနေဖြင့်    Skill Labour  များဖြစ်စေရေးအတွက်လည်း ဆောင်ရွက် ပေးရန် လိုကြောင်း။


မိမိတို့နိုင်ငံ၏ စားသုံးမှုတွင် ဆီနှင့် နို့ထွက်ပစ္စည်း များရှိပြီး ပြည်ပမှ နှစ်စဉ်တင်သွင်းနေရခြင်းကြောင့် နိုင်ငံခြားငွေများစွာသုံးစွဲနေရကြောင်း၊ ပြည်တွင်း၌ ဆီထွက်သီးနှံများစိုက်ပျိုးနိုင်သည့်  မြေနေရာများ များစွာရှိသဖြင့် ဆီထွက်သီးနှံများစိုက်ပျိုးဖြစ်ထွန်း သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးတွင် ဆီထွက်သီးနှံများ တိုးတက်စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် ပန်းတိုင်ရည်မှန်းချက်များအတိုင်း ထွက်ရှိစေ ရေး အထူးအလေးပေး ဆောင်ရွက်ကြစေလိုကြောင်း၊ နို့ထွက်ပစ္စည်းများကိုလည်း ပြည်တွင်း၌ ယခုထက် ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး    မွေးမြူရေးလုပ်ငန်း များ   ဆောင်ရွက်နိုင်သည့်    တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ နို့ထွက်ပစ္စည်းများ  တိုးတက်ထုတ်လုပ် နိုင်ရေး    အလေးထား      ဆောင်ရွက်ပေးကြစေလို ကြောင်း။
နိုင်ငံတွင်း၌ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက် နိုင်သည့်     ရေခံမြေခံကောင်းများရှိခြင်းကြောင့် ထုတ်လုပ်မှုများ တိုးတက်စေရေး ကြိုးပမ်းဆောင်ရွက် ကြစေလိုကြောင်း၊ ထုတ်လုပ်မှုများ တိုးတက်လာမည် ဆိုပါက    ပြည်ပမှတင်သွင်းနေရမှုများကို   များစွာ လျှော့ချနိုင်မည်ဖြစ်ပြီး      နိုင်ငံခြားငွေသုံးစွဲမှုများ လျော့ကျလာမည်ဖြစ်ကြောင်း၊ ထိုသို့   နိုင်ငံခြားငွေ သုံးစွဲမှုများ   လျော့ကျသွားမည်ဆိုပါက   ပြည်တွင်း ငွေကြေးလည်ပတ်မှုများ တိုးတက်ကောင်းမွန်ကာ နိုင်ငံ့စီးပွားမြင့်မားလာမည်ဖြစ်ကြောင်း၊ ထိုသို့ နိုင်ငံ့ စီးပွားမြင့်မားတိုးတက်လာမည်ဆိုပါက    ပြည်သူ တစ်ဦးချင်း၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း။


ကုန်ထုတ်လုပ်မှုနှင့်    ပတ်သက်၍     လုပ်ငန်း ဆောင်ရွက်နေသည့် ပြည်သူများ အသိပညာ၊ အတတ် ပညာများရရှိအောင်    ဝန်ကြီးဌာနများအားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုကြောင်း၊ အလားတူ ကုန်ထုတ်လုပ်ငန်းအတွက်  လိုအပ်သည့်ကုန်ထုတ် လမ်းများနှင့် စိုက်ပျိုးရေရရှိရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ကျေးလက်နေ ပြည်သူများ၏ ကျန်းမာကြံ့ခိုင်ရေး၊ အလုပ်အကိုင်များ ရရှိရေး၊  အသိပညာများရရှိရေးနှင့်   တရားဥပဒေ စိုးမိုးမှုရှိစေရေးအတွက်    ဝန်ကြီးဌာနများအားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ သို့မှသာ ကျေးလက်နေပြည်သူများ၏ အလုပ်လုပ်နိုင်စွမ်းများ တိုးတက်လာမည်ဖြစ်ကြောင်း၊  နိုင်ငံ့စီးပွားမြှင့်တင် ရေးအတွက်      စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်စေရေး ပထမဦးစားပေးအနေဖြင့် ဆောင်ရွက် ရမည်ဖြစ်ကြောင်း။


MSME လုပ်ငန်းများမှ အရေအတွက်ထက် အရည်အသွေးမီထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး


အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွား ရေး(MSME) လုပ်ငန်းများသည် အရေးကြီးပြီး မိမိတို့ နိုင်ငံအတွက်သာမက နိုင်ငံတကာတွင်လည်း MSME လုပ်ငန်းများသည် အရေးပါသည့်အခန်းကဏ္ဍ၌ ရှိနေ ကြောင်း၊   အိမ်တွင်းစက်မှုလုပ်ငန်း    အသေးစား လုပ်ငန်းများမှသည် အလတ်စားကုန်ထုတ်လုပ်ငန်း များအထိ ဆောင်ရွက်နေကြကြောင်း၊ စက်မှုနိုင်ငံ ကြီးများသည်ပင်လျှင်  MSME လုပ်ငန်းများဆောင်ရွက် နေကြသည်ကို  တွေ့ရှိရကြောင်း၊ MSME လုပ်ငန်း သည်   စီးပွားရေးလုပ်ငန်းတွင်   အခရာကျသည့် နေရာ၌ရှိပြီး အရေအတွက်မဟုတ်ဘဲ  အရည်အသွေး ကောင်းမွန်သည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်သည် အထိ    ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊    MSME ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပညာရည် မြင့်မားသူများဖြင့်     ဆောင်ရွက်မည်ဆိုပါက    ပိုမို အောင်မြင်နိုင်မည်ဖြစ်သကဲ့သို့      ခေတ်စနစ်နှင့်  လျော်ညီသည့်  
နည်းပညာများကို    အကျိုးရှိရှိ   အသုံးပြုနိုင်ရေး    ဆောင်ရွက်ပေးနိုင်မည်ဆိုပါက    ပိုမိုဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း၊   အတတ်ပညာ၊   အသိပညာ ပြည့်စုံသည့်    လူသားအရင်းအမြစ်များ၊   ခေတ်မီ နည်းပညာများ စသည့်နယ်ပယ်တို့ကို ပေါင်းစပ်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ    အောင်မြင်အောင် ဆောင်ရွက်နိုင်မည့် နည်းလမ်းကို ရှာကြံဆောင်ရွက် ကြရမည်ဖြစ်ကြောင်း။    


MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအရေးကြီးသည်မှာ ကုန်ကြမ်းများ၊ သွင်းအား စုများ ပြည့်မီစွာရရှိရေးပင်ဖြစ်ကြောင်း၊ ပြည်တွင်း စိုက်ပျိုးမွေးမြူရေးမှရရှိသည့်     ကုန်ကြမ်းများကို အခြေခံသည့်   ကုန်ထုတ်လုပ်ငန်းများဆောင်ရွက် ခြင်းသည်    သေချာသည့်   ကုန်ထုတ်လုပ်ငန်းပင် ဖြစ်သဖြင့် ကုန်ကြမ်းများကို နည်းပညာများအသုံးပြု ၍  အရည်အသွေးကောင်းမွန်သည့်   ထုတ်ကုန်များထုတ်လုပ်နိုင်ရန်လိုကြောင်း၊      ကုန်ကြမ်းသာမက အခြားလိုအပ်သည့် သွင်းအားစုများ၊ အရင်းအနှီးများ ရရှိရေးအတွက်လည်း      ဖန်တီးပေးနိုင်ရမည်ဖြစ် ကြောင်း၊    စိုက်ပျိုးမွေးမြူရေးကို     အခြေခံသည့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးကို  မိမိတို့အနေ ဖြင့် ပထမဦးစားပေးဆောင်ရွက်လျက်ရှိပြီး ဒုတိယ ဦးစားပေးလုပ်ငန်းသည် MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးပင်ဖြစ်ကြောင်း။


ပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍ အားပေးမြှင့်တင်ရေး


မိမိတို့နိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းများ တိုးတက် စေရေးအတွက် အသိပညာ၊  အတတ်ပညာ  ပြည့်ဝ သည့် လူသားအရင်းအမြစ်ကောင်းများကို မွေးထုတ် ပေးနိုင်ရန်လိုကြောင်း၊        ပညာရေးမြှင့်တင်မှုနှင့် ပတ်သက်၍  အနည်းဆုံး အလယ်တန်းပညာအဆင့် KG + 9 အထိ သင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက် ရှိပြီး အခြားလိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများကိုမဖြစ်ဖြစ်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍ  တိုးတက်စေရေးအတွက်  ပညာရေး ဝန်ထမ်းများကို   ချီးမြှင့်မြှောက်စားခြင်း၊   စားဝတ် နေရေးအဆင်ပြေအောင်    ဆောင်ရွက်ပေးခြင်း၊ ၎င်းတို့၏   အရည်အသွေးများ  မြှင့်တင်ပေးခြင်းတို့ ဖြင့် မြှင့်တင်ဆောင်ရွက်နေကြောင်း၊ ဝေးလံခေါင်ဖျား သည့် နယ်စွန်နယ်ဖျားများ၌   သွားရောက်တာဝန် ထမ်းဆောင်နေရသည့် ပညာရေးဝန်ထမ်းများကို လည်း လေးစားတန်ဖိုးထားရန်လိုပြီး အစိုးရသာမက ဒေသအလိုက် တာဝန်ရှိသူများကလည်း လိုအပ်သည် များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုကြောင်း၊ ၎င်းတို့သည် နိုင်ငံ့အနာဂတ်အတွက် အရေးကြီးသည့် လူသားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးနိုင် ရေး တာဝန်ကျရာနေရာဒေသအသီးသီးသို့ အခက်အခဲ အမျိုးမျိုးကြားမှ သွားရောက်တာဝန်ထမ်းဆောင်နေ ရခြင်း ဖြစ်သည့်အတွက်  မိမိတို့အနေဖြင့် လိုအပ် သည်များ ဖြည့်ဆည်းပေးခြင်းဖြင့် ပညာရေးကဏ္ဍကို မြှင့်တင်ပေးရမည်ဖြစ်ကြောင်း၊   နိုင်ငံ့ပညာရေး မြှင့်တင်မှုနှင့် ပတ်သက်လာပါက အပေါ်ယံမကြည့်ဘဲ လေးလေးနက်နက်    စဉ်းစား၍    ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း။


အလားတူ ပညာရေးကို အထောက်အကူပြုနေ သည့် အခြားလုပ်ငန်းရပ်တစ်ခုဖြစ်သည့် ကျန်းမာရေး ကဏ္ဍမြှင့်တင်ရေးနှင့် ပတ်သက်၍လည်း အလေးပေး ဆောင်ရွက်သွားရမည်ဖြစ်ပြီး ကျန်းမာရေးကောင်းမွန် မှသာလျှင် ပညာရေး၊ လူမှုရေး၊ စီးပွားရေး ကောင်းမွန် အောင်      ဆောင်ရွက်နိုင်စွမ်းရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျန်းမာရေးဝန်ထမ်းများကို အားပေးရ မည်၊  စောင့်ရှောက်ပေးရမည်ဖြစ်ပြီး    ဆေးရုံများ သန့်ရှင်းသာယာလှပရေးနှင့်    အဆောက်အဦများ ပြည့်စုံကောင်းမွန်ရေး၊ ဆေးဝါးအထောက်အကူပြု ပစ္စည်းများ ပြည့်စုံစေရေးတို့အတွက် တတ်နိုင်သမျှ ဆောင်ရွက်ပေးလျက်ရှိပြီး ထပ်မံ၍လည်း လိုအပ် သည်များကို စဉ်ဆက်မပြတ်  ဖြည့်ဆည်းပေးသွား မည်ဖြစ်ကြောင်း၊  နိုင်ငံတော်အနေဖြင့် ပညာရေး၊ ကျန်းမာရေးနှင့်ပတ်သက်ပါက   လိုအပ်သည်များ အားလုံးကို  ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း။


မျှတမှုများရှိအောင် ဆောင်ရွက်ပေး


လက်ရှိအချိန်တွင် အစိုးရအဖွဲ့အတွင်း၌ တာဝန် ပေးခန့်အပ်ထားသည့် ပြည်ထောင်စုဝန်ကြီးအများစု မှာ   နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ   အများစုပါဝင် ကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနများအလိုက် တာဝန် ထမ်းဆောင်လျက်ရှိသည့်       ဝန်ထမ်းများအား ကိုယ်ချင်းစာတရားဖြင့် သာတူညီမျှအုပ်ချုပ်ကြရန် လိုကြောင်း၊ ဝန်ထမ်းများအား ရာထူးနှင့်ပတ်သက်၍ တိုးမြှင့်ခြင်း၊ ပြောင်းရွှေ့ခြင်းများ  ဆောင်ရွက်ရာ တွင်လည်း သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်း များ၊ ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ မျှတမှု ရှိအောင်   ဆောင်ရွက်ကြရန်လိုကြောင်း၊   ဝန်ထမ်း များအနေဖြင့် သက်ဆိုင်ရာဌာနများအလိုက် တာဝန် ထမ်းဆောင်မှုများ ကျေပွန်အောင် ထမ်းဆောင်နိုင်ရန် နှင့် ဌာနအတွင်း မျှတမှုများရှိအောင် ဆောင်ရွက်ပေး ရန် လိုကြောင်း၊ ထို့ပြင် သက်ဆိုင်ရာဝန်ကြီးများနှင့် အဆင့်ဆင့်တာဝန်ရှိသူများအနေဖြင့် ဝန်ထမ်းများ အပေါ်    သာတူညီမျှ     ကွပ်ကဲအုပ်ချုပ်ကြရန်လိုပြီး အမြဲမပြတ်ထိတွေ့ ဆက်ဆံကာ ၎င်းတို့၏လုပ်ငန်းပိုင်းဆိုင်ရာ   လိုအပ်ချက်များ၊   ကိုယ်ရေးကိုယ်တာ အခက်အခဲများကိုသိရှိအောင်    ဆောင်ရွက်ကာ တတ်နိုင်သမျှ ဖြေရှင်းဆောင်ရွက်ပေးရန် လိုကြောင်း၊ ဝန်ထမ်းများ၏ အရည်အသွေးများကိုလည်း မြှင့်တင် ပေးနိုင်ရမည်ဖြစ်သကဲ့သို့ စည်းကမ်းပိုင်းဆိုင်ရာများ နှင့်ပတ်သက်၍ လိုအပ်သည့် ကွပ်ကဲကြပ်မတ်မှုများ လည်း ရှိရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ လူမှု စီးပွားဘဝ မြင့်မားတိုးတက်စေရေးအတွက် လိုအပ် သည့် လမ်းညွှန်မှုများကိုလည်း ပေးနိုင်ရမည်ဖြစ်ပြီး မသွားသင့်သည့်နေရာကို မသွားရန်၊  မပေါင်းသင့် သည့်သူကို  မပေါင်းရန်၊  မပြောသင့်သည့်စကားကို မပြောရန်၊  မလုပ်သင့်သည့်အလုပ်ကို   မလုပ်ရန် စသည်ဖြင့် လမ်းကြောင်းမှန်ကို ပြသပေးနိုင်ရမည် ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအား လမ်းကြောင်း မှန်ကို တည့်မတ်ပေးခြင်းသည် နိုင်ငံ့အကျိုးကို ဖော် ဆောင်ပေးနေခြင်းပင်ဖြစ်သည့်အတွက် ဝန်ကြီးများ အနေဖြင့်လည်း စဉ်းစားချင့်ချိန် ဆောင်ရွက်သွားကြ ရန်လိုကြောင်း။


ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်များအား ထိရောက်စွာအသုံးချ


ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးရာတွင် နိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် ဖက်ဒရယ်ဟူသည့် စကားရပ်ကို  သိရှိရန်လိုပြီး  ဖက်ဒရယ်ဟူသည်မှာ လုပ်ပိုင်ခွင့်များကို    တာဝန်ခွဲဝေပေးခြင်းဖြစ်ပြီး ပေါင်းစည်းခြင်း၊ သဟဇာတဖြစ်ခြင်းပင်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ  ခွင့်ပြုထားသောကဏ္ဍ များ၌  တိုင်းဒေသကြီးနှင့်   ပြည်နယ်များအလိုက် ဥပဒေပြဋ္ဌာန်းပြီး လုပ်ဆောင်၍ရသည်များရှိကြောင်း၊ ဥပဒေမထုတ်ပြန်နိုင်သေးပါက    ပြည်ထောင်စုမှ ဥပဒေကဲ့သို့   အာဏာတည်သော  အမိန့်ညွှန်ကြား ချက်များထုတ်ပြန်၍ တိုင်းဒေသကြီးနှင့် ပြည်နယ် များအတွက် လုပ်ဆောင်ပေး၍ရကြောင်း၊ ထိုကဲ့သို့တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့်တွင် လုပ်နိုင်သည့် လုပ်ပိုင်ခွင့်များကို   လုပ်နိုင်ခဲ့ခြင်းမရှိသည့်အတွက် ဖက်ဒရယ်အပေါ်တွင် ယုံကြည်မှုများ လျော့နည်းလာ ခြင်းဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်း ထားသည့်၊ ပေးအပ်ထားသည့်  လုပ်ပိုင်ခွင့်များကို ထိထိရောက်ရောက် အသုံးချနိုင်ရန်လိုပြီး တိုင်းပြည် အကျိုးကို ဖော်ဆောင်ပေးနိုင်ရေး စဉ်းစားဆွေးနွေးဆောင်ရွက်ကြရန်လိုကြောင်း။


အခြေခံပညာကျောင်းများ၏ စာမေးပွဲများ
အောင်မြင်စွာကျင်းပနိုင်ရေး


မကြာမီတွင် အခြေခံပညာကျောင်းများ စာမေးပွဲ ဖြေဆိုကြတော့မည်ဖြစ်ပြီး  ကျောင်းတက်နေသည့် ကလေးများအားလုံး      ကျောင်းမပျက်မကွက် တက်ရောက်နိုင်ရေး၊ စာမေးပွဲကို ချောမွေ့စွာပြီးစီးနိုင် ရေး အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူများ၊ လုံခြုံရေး ဆိုင်ရာတာဝန်ရှိသူများအပါအဝင်   အုပ်ချုပ်ရေး အဆင့်ဆင့်မှ   တာဝန်ရှိသူများအားလုံး   ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ပေးကြရန်လိုကြောင်း။


လက်ရှိကာလတွင်   ပူပြင်းခြောက်သွေ့သည့် ရာသီဥတုသို့ ရောက်ရှိလာနေပြီဖြစ်သည့်အတွက် ရုံးဌာနများ၊ ရပ်ကွက်၊ ကျေးရွာများ၌ မီးဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများကိုလည်း ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရန်လိုကြောင်း၊     တစ်ဖက်တွင် လည်း မိမိတို့၏ နေအိမ်များ၊ လမ်းများ၊ ရပ်ကွက်၊ ကျေးရွာများ၊ ကျောင်းများ သန့်ရှင်းသပ်ရပ်မှုရှိစေ ရေး၊ သာယာလှပမှုရှိစေရေးအတွက် ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ မကြာမီတွင် နွေရာသီကျောင်းပိတ် ရက်ကာလသို့ ရောက်ရှိတော့မည်ဖြစ်ပြီး ခရီးသွား ကာလ စတင်တော့မည်ဖြစ်သဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုရှိစေရေး ဝန်ကြီးဌာနများအလိုက်၊ တိုင်းဒေသကြီးနှင့်  ပြည်နယ်အလိုက် မိမိတို့ဒေသနှင့် ပတ်ဝန်းကျင် မျက်စိပသာဒရှိစေရေး၊ စိမ်းလန်းစိုပြည် ပြီး   သန့်ရှင်းသာယာလှပရေးကို  ဆောင်ရွက်သွား ကြရန်လိုကြောင်း၊ ခရီးသွားလုပ်ငန်းကို  အားပေး ဆောင်ရွက်ရာတွင်    ဝန်ကြီးဌာနတစ်ခုတည်းဖြင့် ဆောင်ရွက်၍မရဘဲ ဒေသအလိုက် နေထိုင်သူများ၊ တာဝန်ရှိသူများအားလုံး    အတူတကွ    ဝိုင်းဝန်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊   ခရီးသွားလုပ်ငန်း ဆောင်ရွက်ရာတွင် နေရာဒေသအလိုက် မိမိတို့ဒေသ သို့ လာရောက်ကြသူများအား စနစ်ကျနပြီး ကျန်းမာ ရေးနှင့် ညီညွတ်မျှတမှုရှိသည့် နေထိုင်စားသောက်မှု ဝန်ဆောင်မှုကို    ပေးနိုင်ရေးအတွက်    ကြပ်မတ် ဆောင်ရွက်သွားကြရန်လိုကြောင်း။


တစ်ဆက်တည်းတွင်      နွေရာသီကာလသို့ ရောက်ရှိသည့်အချိန်တိုင်း  ဖြစ်လေ့ဖြစ်ထရှိသည့် ရေရှားပါးမှုပြဿနာကို ဖြေရှင်းပေးနိုင်ရေးအတွက် လည်း ကြိုတင်စီမံဆောင်ရွက် ထားကြရန်လိုကြောင်း၊ သောက်သုံးရေများဖူလုံစွာရရှိရေး၊ ချောင်း၊ မြောင်း များ ရေစီးရေလာကောင်းမွန်ရေးအတွက် လိုအပ် သည်များကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်သွားကြ ရန်လိုပြီး  ကြိုတင်ပြင်ဆင်မှုများ  ဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း၊ ရေစီးရေလာကောင်းမွန်ရေး၊ သန့်ရှင်းသပ်ရပ်မှုရှိရေးသည်    စည်ပင်သာယာမှ တာဝန်ရှိသူများဖြင့်သာ     ဆောင်ရွက်သည်နှင့် လုံလောက်မည်မဟုတ်ဘဲ  ရပ်ရွာလူထုမှ  ဝိုင်းဝန်း ပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊    တိုင်းပြည် တစ်ပြည်တိုးတက်ရေးအတွက် အစိုးရမှ ဦးဆောင်ရ မည်မှာ မှန်သော်လည်း ပြည်သူလူထုတစ်ရပ်လုံးမှ စုပေါင်းအားဖြင့်     ဝိုင်းဝန်းဆောင်ရွက်မှသာလျှင် ဖွံ့ဖြိုးတိုးတက်မှု အားကောင်းနိုင်မည်ဖြစ်ကြောင်း၊ ပြည်သူ့အကျိုးပြု၊ တိုင်းပြည်အကျိုးပြုလုပ်ငန်းများ ပြည်သူလူထုစုပေါင်းအားများဖြင့် ဆောင်ရွက်နိုင်ရေး မိမိတို့အစိုးရအနေဖြင့်   ဦးဆောင်၍   ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက်     ပြည်ထောင်စုဝန်ကြီးများက နှစ်အလိုက် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေ ငွေစာရင်းအခြေအနေ၊ ရငွေနှင့်သုံးငွေအချိုး၊ လိုငွေနှင့် ဂျီဒီပီအချိုး၊  ပန်းခင်းစီမံချက်ဖြင့်   နိုင်ငံသား  အသိ အမှတ်ပြုကတ်ပြားရရှိရေး ဆောင်ရွက်ပေးမှု၊ မဲစာရင်း ကောက်ယူရေး လုပ်ငန်းများဆောင်ရွက်မှု၊ ပြည်လုံး ကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူရေးလုပ်ငန်းစဉ်အတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်ပြီးစီးမှု၊ နှစ်အလိုက် လယ်ယာ ကဏ္ဍ တိုးတက်မှုနှင့် သီးနှံအလိုက် ပန်းတိုင်အထွက် နှုန်းများ ပြည့်မီအောင် အကောင်အထည်ဖော်နေမှု၊ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးလာရေး အားပေးဆောင်ရွက် နေမှု၊ နှစ်အလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက် မှုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးမွေးမြူ ရေး     ထွက်ကုန်အမျိုးအစားအလိုက်     တန်ဖိုးမြင့် ထုတ်ကုန်အမယ်သစ်များ           ထုတ်လုပ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု၊ အခြေခံပညာနှင့် အဆင့် မြင့်ပညာ စာမေးပွဲများကျင်းပရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ပြီးစီးမှု၊  နှစ်အလိုက်   ပို့ကုန်/သွင်းကုန် အခြေအနေ၊  ပြည်သူ့ကျန်းမာရေး  စောင့်ရှောက်မှု လုပ်ငန်းများ ပိုမိုဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက် နေမှု၊     နိုင်ငံတကာ     အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိမှုနှင့်    အားကစားကဏ္ဍမြင့်မားရေး အားပေးဆောင်ရွက်နေမှု      အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က   တင်ပြချက်များနှင့်စပ်လျဉ်း၍ ဖြည့်စွက်ပြောကြားရာတွင် နိုင်ငံတော်ဘဏ္ဍာငွေများ ကို အကျိုးရှိစွာဖြင့်အသုံးချရန်လိုကြောင်း၊ ပကာသန များနှင့် For Show  များကို ဦးစားမပေးဘဲ ထိရောက် အကျိုးရှိသည့်လုပ်ငန်းများကို ဆောင်ရွက်ကြရန်လို ကြောင်း၊ အခွန်အကောက်များအပြည့်အဝရရှိမှသာ တိုင်းဒေသကြီးနှင့်   ပြည်နယ်များအလိုက်   ဖွံ့ဖြိုး တိုးတက်မှုများကို    ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် သက်ဆိုင်သည့်ဌာနများအနေဖြင့် စနစ်တကျ ပြည့်ဝ စွာ ကောက်ခံရရှိအောင်  ဆောင်ရွက်ပေးကြရန်လို ကြောင်း၊ ဝန်ကြီးဌာနများအလိုက် ထုတ်ပေးထား သည့်   မော်တော်ယာဉ်များနှင့်  စက်ပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများကို      စနစ်တကျဖြင့် ထိန်းသိမ်းသုံးစွဲကြရန်လိုကြောင်း၊ လိုအပ်ချက်အရဝန်ထမ်းများခန့်အပ်ရာတွင်လည်း အမှန်တကယ် လိုအပ်သည့်  ဝန်ထမ်းအင်အားကိုသာ   ခန့်အပ်ရန် လိုကြောင်း။


လယ်ယာစိုက်ပျိုးရေးနှင့်ပတ်သက်၍ စိုက်ဧက တိုးချဲ့ခြင်းထက်  တစ်ဧကအထွက်နှုန်း   တိုးတက် ရေးကို    ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရှိပြီးသားစိုက်ပျိုးမြေများပေါ်တွင်သာ  အထွက်နှုန်း တိုးတက်အောင်ဆောင်ရွက်ခြင်းသည် အကျိုးအရှိဆုံး ပင်ဖြစ်ကြောင်း၊ ပြည်ပသို့တင်ပို့နိုင်သည့် ဈေးကွက် သေချာသော သီးနှံများကိုလည်း စိုက်ပျိုးထုတ်လုပ် နိုင်ရန်လိုကြောင်း၊ မိမိတို့ပြည်သူများ၏ ကြံ့ခိုင်မှုများ ပိုမိုကောင်းမွန်စေရေးအတွက် စားသောက်မှုပုံစံကို လည်း  ပြောင်းလဲရန်လိုပြီး   ဆန်စားသုံးမှုနှင့်အတူ ဂျုံကိုပါ တွဲဖက် စားသုံးသည့်  အလေ့အကျင့်ဖြစ်အောင်    ဆောင်ရွက်ရန်လိုကြောင်း၊  ထို့ကြောင့် ဂျုံစိုက်ပျိုး၍ ရသည့်    ဒေသများ၌လည်း     ဂျုံစိုက်ပျိုးမှုများ    တိုးတက်စေရေး  ဆောင်ရွက်ပေးကြရန်လိုကြောင်း။


လူဦးရေနှင့်အိမ်အကြောင်းအရာ    သန်းခေါင် စာရင်းကောက်ယူရေးနှင့်    ပတ်သက်ပြီး   စံနှုန်း သတ်မှတ်ချက်အရ ၁၀ နှစ်လျှင်တစ်ကြိမ်ကောက်ယူ ရန်မှာ အစိုးရတစ်ရပ်အနေဖြင့်  တာဝန်ရှိကြောင်း၊ သန်းခေါင်စာရင်းကောက်ယူမှုမှ ရရှိလာသည့်အချက် အလက်များအပေါ်မူတည်၍ နိုင်ငံတော်အတွက် ရှေ့ဆက်ဆောင်ရွက်ရမည့်      လုပ်ငန်းရပ်များကို မှန်မှန်ကန်ကန်      ချမှတ်ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း၊ မဲစာရင်းများမှန်ကန်မှု ရှိရေးအတွက်ကိုသာ မကပဲ ပညာရေး၊  လူမှုရေး၊  ကျန်းမာရေးဆိုင်ရာ အချက်အလက်များရရှိရေးပင်     ဖြစ်ကြောင်း၊ ထို့ကြောင့် သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း၊ လုံခြုံရေးလုပ်ငန်း၊  တရားဥပဒေစိုးမိုးရေးလုပ်ငန်း သည် မိမိတို့အတွက် အရေးကြီးသည့် လုပ်ငန်းများ ပင် ဖြစ်ကြောင်း။


ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍လည်း နိုင်ငံ အတွင်းရှိ ရင်းနှီးမြှုပ်နှံနိုင်သည့် ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများနှင့် ကုန်ထုတ်လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်  တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အားပေးဆောင်ရွက်ပေးကြရန် လိုကြောင်း၊ သို့မှသာ ပြည်တွင်းငွေကြေးလည်ပတ် မှုများ အားကောင်းလာမည်ဖြစ်ကြောင်း၊ ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့်  ပတ်သက်၍ လည်း    ပြည်ပသို့သွားရောက်၍     ကျန်းမာရေး စောင့်ရှောက်မှုခံယူနေခြင်းများရှိကြောင်း၊  ထိုသို့ သွားရောက်ရခြင်းကြောင့်       ပြည်ပသုံးစွဲငွေများ ရှိသကဲ့သို့ အခြားအခက်အခဲများလည်းရှိကြောင်း၊ ထို့ကြောင့်   ပြည်တွင်းကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ၊ ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ တိုးတက်စေရေး ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ အလားတူ အားကစားကဏ္ဍ မြင့်မားရေး အတွက်လည်း အားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြရန် လိုကြောင်း ပြောကြားသည်။


ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာနအလိုက်  တာဝန်ရှိသူ များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တာဝန် ရှိသူများအနေဖြင့်      မိမိတို့၏     တာဝန်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့အပေါ် အခြေခံ၍ မိမိတို့တာဝန်ယူထားရသည့် နယ်ပယ် အလိုက် လုပ်ငန်းရပ်များ တိုးတက်အောင်မြင်စေရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတာဝန်ယူ ထားသည့်   နယ်ပယ်အကြောင်း၊    လက်အောက် ဝန်ထမ်းများ၏အကြောင်း၊   မြေပြင်အခြေအနေ အကြောင်းကို ခြေခြေမြစ်မြစ်သိရှိထားရန် လိုကြောင်း၊ ထို့ကြောင့် ဝန်ကြီးများအနေဖြင့်လည်း သက်ဆိုင်ရာ နယ်ပယ်အလိုက် လုပ်ငန်းဆောင်ရွက်မှုများတိုးတက် မှု   ရှိစေရေးအတွက်    မဟာဗျူဟာစီမံချက်များ အကောင်အထည်ဖော်ချမှတ်ရာတွင်     အထောက် အကူရရှိစေရေး နယ်ပယ်အလိုက် စဉ်ဆက်မပြတ် လေ့လာနေရမည်ဖြစ်ကြောင်း။


အချို့သောဒေသများသည်   ဖွံ့ဖြိုးတိုးတက်မှုနောက်ကျလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ မိမိ တို့သည် ပြည်ထောင်စုဖြစ်သည့်အတွက် ၎င်းတို့ ဒေသများကိုလည်း ချန်လှပ်ထား၍ ရမည်မဟုတ်ဘဲ ၎င်းတို့ဒေသနှင့်ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုများ ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း။


ပို့ကုန်နှင့်ပတ်သက်၍ ကုန်သွယ်မှုတွင် သတ်မှတ် ထားသည့်အတိုင်း တင်ပို့နိုင်မည်ဆိုပါက ကုန်သွယ်မှု လိုငွေလျော့ကျလာမည်ဖြစ်ကြောင်း၊   ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးများ၊     တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် ပို့ကုန်များတိုးမြှင့် တင်ပို့နိုင်ရေးအတွက်     ကုန်ထုတ်လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အမှန်တကယ်အလုပ်လုပ်ကြမည်ဆိုပါက လုပ်ငန်း ရပ်များအားလုံး   အောင်မြင်နိုင်မည်ဖြစ်သည်ဟု ယုံကြည်ပါကြောင်းနှင့် မိမိတို့တာဝန်ယူထားရသည့် ကဏ္ဍအလိုက်     အင်ပြည့်အားပြည့်ဖြင့်   ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားပြီး အစည်း အဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်