နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၂၀၂၁-ခုနှစ် သားကောင်းတမန်မဂ္ဂဇင်း ထုတ်ဝေ

 

ရန်ကုန်    ဧပြီ    ၂၃


နိုင်ငံခြားရေးဝန်ကြီးဌာန၏         ၂၀၂၁-ခုနှစ် နှစ်ပတ်လည်မဂ္ဂဇင်းဖြစ်သော  သားကောင်းတမန် မဂ္ဂဇင်း  ထုတ်ဝေခြင်းအခမ်းအနားကို  ယနေ့နံက် ၁၁ နာရီက ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ကျင်းပသည်။

 


အခမ်းအနားသို့    နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးဝဏ္ဏမောင်လွင်၊ နိုင်ငံခြား ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ၂၀၂၁-ခုနှစ်၏ သားကောင်းတမန်   မဂ္ဂဇင်းထုတ်ဝေရေးကော်မတီဝင်များ၊ စာမူရှင်များ၊  ကြော်ငြာရှင်များနှင့် ဖိတ်ကြား ထားသော  ဧည့်သည်တော်များ  တက်ရောက်ကြသည်။

 


ရှေးဦးစွာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး  ဦးဝဏ္ဏမောင်လွင်က  အမှာစကားပြောကြား ပြီး  စာမူရှင်များကိုယ်စား   နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်ဆွေ(အငြိမ်းစား)က  နှုတ်ခွန်းဆက်စကား ပြောကြားသည်။

 


နိုင်ငံခြားရေးဝန်ကြီးဌာန၏ နှစ်ပတ်လည်မဂ္ဂဇင်း များကို  ၁၉၉၇-ခုနှစ်မှ  စတင်ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး ယခုထုတ်ဝေသော ၂၀၂၁-ခုနှစ် သားကောင်းတမန် မဂ္ဂဇင်းသည်  (၂၃) ကြိမ်မြောက်    ထုတ်ဝေသော စာအုပ်ဖြစ်၍  ထိုမဂ္ဂဇင်းတွင် နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ဝါရင့်သံတမန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ် များ၊   လက်ရှိတာဝန်ထမ်းဆောင်နေသော  ဝန်ထမ်း များနှင့်      ပြင်ပစာမူရှင်များက     ၎င်းတို့ကြုံတွေ့ ဖြတ်သန်းခဲ့ရသည့်    အတွေ့အကြုံဗဟုသုတများ၊ သံတမန်ရေးရာနှင့် နိုင်ငံတကာရေးရာများကို မြန်မာ ဘာသာနှင့်  အင်္ဂလိပ်ဘာသာတို့ဖြင့်   သုတ၊  ရသ စုံလင်စွာ ရေးသားထားကြောင်း သိရသည်။


သတင်းစဉ်