
နေပြည်တော် ဇူလိုင် ၁၄
နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏ မောင်လွင်သည် ယနေ့တွင် ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပ သော အာဆီယံ-အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများ အထူး အစည်းအဝေးသို့ နိုင်ငံခြားရေး ဝန်ကြီးဌာန နေပြည်တော်မှ ပါဝင်တက်ရောက်သည်။
အစည်းအဝေးကို လာအိုနိုင်ငံ ခြားရေးဝန်ကြီး Saleumxay Kommasith နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့က ပူးတွဲဥက္ကဋ္ဌများ အဖြစ် တာဝန်ယူခဲ့ကြပြီး အာဆီယံ နိုင်ငံခြားရေးဝန်ကြီး များ၊ အာဆီယံအတွင်းရေးမှူးချုပ် နှင့် အာဆီယံနှင့် အမေရိကန်တို့မှ ကိုယ်စားလှယ်များ တက်ရောက် ကြသည်။
အစည်းအဝေးတွင် ကိုဗစ်-၁၉ ကာကွယ်တိုက်ဖျက်ရေး၊ ပြည်သူ့ ကျန်းမာရေး၊ အာဆီယံ-အမေရိကန် အနာဂတ်ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များနှင့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ သည်။ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဆွေးနွေးရာ တွင် အာဆီယံ၏ ကိုဗစ်-၁၉ ကာကွယ်တိုက်ဖျက်ရေးကြိုးပမ်း မှုနှင့်ပတ်သက်၍ အမေရိကန် နိုင်ငံ၏ ကူညီထောက်ပံ့မှုများ အပေါ် ကျေးဇူးတင်ကြောင်း၊ အကူအညီများထပ်မံပေးအပ်သွား ရန် တိုက်တွန်းကြောင်းနှင့် အာဆီယံပေါင်းစည်းရေး ဦးဆောင် ဦးရွက်ပြုမှုအစီအစဉ် (IAI) ကို လည်း ဆက်လက်ကူညီပံ့ပိုး သွားရန် တိုက်တွန်းပြောကြား ခဲ့သည်။
မြန်မာနိုင်ငံနှင့် ပတ်သက်၍ နိုင်ငံတွင်းလုံခြုံရေးအခြေအနေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် အာဆီယံနိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေး၏ သဘောတူညီ ချက် (၅) ချက်တို့နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။
အစည်းအဝေးသို့ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိ ကြီးများလည်း ပါဝင်တက်ရောက် ခဲ့ကြသည်။
သတင်းစဉ်