နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်  (၂၈)ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာဖိုရမ်သို့ ပါဝင်တက်ရောက်

 

နေပြည်တော်   ဩဂုတ်   ၇


နိုင်ငံခြားရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး     ဦးဝဏ္ဏမောင်လွင်သည်  ဩဂုတ် ၆ ရက် ညနေ ၅ နာရီခွဲတွင် စတင်၍  ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပပြုလုပ်သည့်   (၂၈)ကြိမ်မြောက်   အာဆီယံဒေသဆိုင်ရာ ဖိုရမ်သို့ နေပြည်တော်ရှိ  နိုင်ငံခြားရေးဝန်ကြီးဌာနမှ    ပါဝင်တက်ရောက်သည်။


(၂၈)ကြိမ်မြောက်   အာဆီယံ ဒေသဆိုင်ရာဖိုရမ်ကို    ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး (၂)  Dato Erywan     Pehin    Yusof    က သဘာပတိအဖြစ် ဆောင်ရွက်ပြီး အာဆီယံဒေသဆိုင်ရာ       ဖိုရမ် (အေအာရ်အက်ဖ်)  အဖွဲ့ဝင်နိုင်ငံ များမှ    နိုင်ငံခြားရေးဝန်ကြီးများ၊ ကိုယ်စားလှယ်များနှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့     တက် ရောက်ကြသည်။ 


အစည်းအဝေးတွင်   ဝန်ကြီး များက  ဒေသတွင်းနှင့် နိုင်ငံတကာ ရေးရာ ကိစ္စရပ်များနှင့် အနာဂတ် ပူးပေါင်းဆောင်ရွက်မှု      အလား အလာများကို  အမြင်ချင်းဖလှယ် ခဲ့ကြသည်။ 


အစည်းအဝေးတွင်       ပြည် ထောင်စုဝန်ကြီးက     ဒေသတွင်း နိုင်ငံရေးနှင့်    လုံခြုံရေးဆိုင်ရာ  ဘုံအကျိုးစီးပွားနှင့်  အရေးကိစ္စ များတွင်     အပြုသဘောဆောင် သည့် ဆွေးနွေးမှုနှင့်   ပူးပေါင်း ဆောင်ရွက်မှုများကို    မြှင့်တင်ရန် အဓိက    ဖိုရမ်တစ်ခုဖြစ်သည့်   အေအာရ်အက်ဖ်သည်    အလွန် အရေးကြီးကြောင်း၊    အေအာရ် အက်ဖ် ပေါင်းစည်းဆောင်ရွက်မှု  မြှင့်တင်ရေးဆိုင်ရာ    ဦးစားပေး ကဏ္ဍ (၇)ခု ပါဝင်သော အေအာရ် အက်ဖ်၏    အနာဂတ်လုပ်ငန်းစဉ်    ဖြစ်သည့်     အေအာရ်အက်ဖ် မျှော်မှန်းချက်     စာတမ်းအား   အကောင် အထည်ဖော်ခြင်းဆိုင်ရာ    ဟနွိုင်း          လုပ်ငန်းစီမံချက်       အကောင်အထည်  ဖော်ခြင်း၏     တိုးတက်မှုများအပေါ်    အားရ ကျေနပ်ကြောင်း၊  ယင်းဦးစားပေး နယ်ပယ်များတွင်        ပူးပေါင်း ဆောင်ရွက်မှု     မြှင့်တင်ခြင်းသည်        ယုံကြည်မှု     တည်ဆောက်ရေး  လုပ်ငန်းစဉ်များနှင့်      သံတမန် နည်းလမ်းအရ ကြိုတင်ကာကွယ် ခြင်းကို      အားပေးမြှင့်တင်နိုင် မည်ဖြစ်ပြီး      အေအာရ်အက်ဖ်ကို အားလုံးငြိမ်းချမ်းစေပြီး  ပိုမိုဦးစီး ဦးဆောင်ပြုနိုင်သည့်ဖိုရမ် ဖြစ်လာ    စေမည်ဖြစ်ကြောင်း      ပြောကြား သည်။


အသိပေးပြောကြား


ဆက်လက်၍  ပြည်ထောင်စု ဝန်ကြီးသည် ဩဂုတ် ၆ ရက်တွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့က ပူးတွဲ    ဥက္ကဋ္ဌအဖြစ်      ဗီဒီယို ကွန်ဖရင့်မှတစ်ဆင့်      ပြုလုပ်ခဲ့ သည့် (၁၄)ကြိမ်မြောက်  အေအာရ် အက်ဖ် ကျွမ်းကျင်သူများ အစည်း အဝေးကို  အောင်မြင်စွာ  ကျင်းပ နိုင်ခဲ့ခြင်းကို    အစည်းအဝေးသို့ အသိပေးပြောကြားခဲ့သည်။


ထောက်ပြပြောဆို


ဒေသတွင်းနှင့်     နိုင်ငံတကာ ရေးရာကိစ္စများနှင့်   စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက မြန်မာ နိုင်ငံတွင်  အရေးပေါ်အခြေအနေ ကြေညာခဲ့ရသည့် အကြောင်းရင်း၊ အာဆီယံ   နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေး၏  တူညီဆန္ဒ(၅)ချက်      အကောင်အထည်ဖော် ဆောင်ရွက်နေသည့်  အခြေအနေ၊ ဩဂုတ် ၄ ရက်က အထူးကိုယ်စား လှယ် ခန့်အပ်ခဲ့ခြင်းကိစ္စ၊  မြန်မာ နိုင်ငံအနေဖြင့်   အထူးကိုယ်စား လှယ်နှင့်    နီးကပ်စွာ   ပူးပေါင်း ဆောင်ရွက်သွားရန်   ဆန္ဒရှိမှုများ နှင့်ပတ်သက်၍    ရှင်းလင်းပြော ကြားခဲ့သည်။   အေအာရ်အက်ဖ် အဖွဲ့ဝင်နိုင်ငံများက     အာဆီယံ ဥက္ကဋ္ဌ၏  အထူးကိုယ်စားလှယ် ခန့်အပ်ခြင်းကို ကြိုဆိုကြရာ၌  ၎င်းတို့၏       ပံ့ပိုးမှုများသည် အာဆီယံ တူညီဆန္ဒ(၅) ချက်နှင့် မြန်မာနိုင်ငံမှ     ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅)     ရပ်တို့ကို အထောက်အကူ        ဖြစ်စေရန် အလေးပေးပြောကြားခဲ့ပြီး    ယင်း ထက်ကျော်လွန်      ဆောင်ရွက်မှု များသည်    အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်နှင့် မြန်မာ နိုင်ငံတို့အတွက်   အကူအညီဖြစ် မည် မဟုတ်ကြောင်း၊  အဓိပ္ပာယ် ပြည့်ဝသည့်  နိုင်ငံရေးဆွေးနွေးမှု (meaningful      political dialogue)  ဆောင်ရွက်ရန် ကိစ္စ တွင် နိုင်ငံအတွင်း အကြမ်းဖက်မှု များ  ကျူးလွန်နေသည့်  အစိုးရ မဟုတ်သော  အဖွဲ့အစည်းများနှင့် တရားမဝင် အသင်းအဖွဲ့များ မပါ (မပါ) ဝင်သင့်ကြောင်း  ထောက်ပြ ပြောဆိုခဲ့သည်။    ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးက NUG နှင့် CRPH ကဲ့သို့   တရားမဝင်အဖွဲ့ အစည်းများ၊   အကြမ်းဖက်အုပ်စု များထံမှ  ငွေကြေးအကူအညီနှင့် အထောက်အပံ့များ     ရယူထား သည့် People Defense Force (PDF) မှ အကြမ်းဖက်မှု လုပ်ရပ် များ         ကျူးလွန်နေခြင်းကို အေအာရ်အက်ဖ်     အဖွဲ့ဝင်နိုင်ငံ များအနေဖြင့်  ရှုတ်ချသင့်ကြောင်း ပြောကြားခဲ့သည်။


ပူးပေါင်းဆောင်ရွက်သွားမည်


ရခိုင်ပြည်နယ်    ကိစ္စနှင့် ပတ်သက်၍     အာဆီယံပဏာမ ဆန်းစစ်      လေ့လာရေးအဖွဲ့၏ အစီရင်ခံစာပါ     အကြံပြုချက် များကို  အကောင်အထည်ဖော်ရာ တွင်   အာဆီယံနှင့်   ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ၏   ကတိကဝတ်ကို ထပ်လောင်း      ပြောကြားခဲ့ပြီးနေရပ်စွန့်ခွာသူများ     ပြန်လည် လက်ခံရေးလုပ်ငန်းစဉ် အောင်မြင် စေရန်   ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မှုကို     အလေးထားပြော ကြားလိုကြောင်းနှင့်    အာဆီယံ ဒေသဆိုင်ရာ       ဖိုရမ်အဖွဲ့ဝင်နိုင်ငံ များ    အနေဖြင့်လည်း     နေရပ် စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွင်    မြန်မာနိုင်ငံ နှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို   တိုက်တွန်း ပြောကြားစေလိုကြောင်း  မေတ္တာ ရပ်ခံခဲ့သည်။ 
အဆိုပါ     (၂၈)ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာ   ဖိုရမ်သို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိ ကြီးများလည်း  တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။   


သတင်းစဉ်