
နေပြည်တော် ဇူလိုင် ၂၃
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးလွင်ဦးသည် မြန်မာ နိုင်ငံသို့ မိတ်ဆက်ခရီးစဉ် လာရောက်လျက်ရှိသော ဘင်းမ် စတက် အတွင်းရေးမှူးချုပ် သံအမတ်ကြီး အင်ဒရာမာနီ ပန်ဒေးကို ယနေ့နံနက် ၁၁ နာရီ တွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံ သည်။
ထိုသို့တွေ့ဆုံစဉ် ဘင်းမ် စတက် ပူးပေါင်းဆောင်ရွက်မှု ယန္တရားများနှင့် သက်ဆိုင်သည့် ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်း စွာ အမြင်ချင်းဖလှယ် ဆွေးနွေး ကြပြီး ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံရေး၏ အရေးကြီးမှုကိုလည်း အလေးထား ဆွေးနွေးခဲ့သည်။ ထို့ပြင် ဘင်းမ်စတက် အနာဂတ် ဦးတည်ချက်များဆိုင်ရာ ထင်ပေါ် ကျော်ကြား ပညာရှင်များအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများ၊ ဘင်းမ် စတက်၏ ပင်မနှင့် ကဏ္ဍအလိုက် အစည်းအဝေးများ ပုံမှန်ကျင်းပ သွားရေးတို့ကို ထည့်သွင်းဆွေးနွေး ခဲ့သည်။
ထို့ပြင် ဒုတိယဝန်ကြီးက နိုင်ငံခြားရေးဝန်ကြီးဌာန ဘင်းမ် စတက်ဌာနခွဲအနေဖြင့် မြန်မာ နိုင်ငံဆိုင်ရာ ဘင်းမ်စတက်ညှိနှိုင်း ရေးဌာန (BIMSTEC National Focal Point of Myanmar) အဖြစ် တာဝန်ယူလျက် ရှိကြောင်းနှင့် ဘင်းမ်စတက် ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာကိစ္စရပ်များ အဆင်ပြေ ချောမွေ့လျင်မြန်စေရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ နှင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိ ကြောင်း ထည့်သွင်းပြောကြားခဲ့ သည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီး သည် ဘင်းမ်စတက်အတွင်း ရေးမှူးချုပ်နှင့် ကိုယ်စားလှယ် အဖွဲ့ကို နေပြည်တော်ရှိ MGallery ဟိုတယ်၌ ကြိုဆိုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
သံအမတ်ကြီး အင်ဒရာ မာနီ ပန်ဒေးသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီ လမှစတင်၍ ဘင်းမ်စတက်၏ (၄) ဦးမြောက် အတွင်းရေးမှူးချုပ် အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိ သည်။ အတွင်းရေးမှူးချုပ်သည် အခြားသော ဘင်းမ်စတက်အဖွဲ့ ဝင် နိုင်ငံများသို့လည်း မိတ်ဆက် ခရီးစဉ်များ သွားရောက်ခဲ့ပြီးဖြစ် သည်။
ဘင်္ဂလားပင်လယ်အော်ဒေသ တွင်း ကဏ္ဍပေါင်းစုံ၊ နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (Bay of Bengal Initiative for Multi - Sectoral Technical and Economic Coo-peration - BIMSTEC) သည် ၁၉၉၇ ခုနှစ်တွင် စတင်ဖွဲ့စည်း ထူထောင်ခဲ့သည့် ဒေသတွင်းအဖွဲ့ အစည်းတစ်ရပ်ဖြစ်ပြီး ဘင်္ဂလား ဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်း စသည့် အဖွဲ့ဝင် (၇) နိုင်ငံ ပါဝင်သည်။
ဘင်္ဂလားပင်လယ်အော်ဒေသ တွင်း နိုင်ငံများအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင် ရေးအတွက် ရည်ရွယ်ဖွဲ့စည်းထား ခြင်းဖြစ်ပြီး ဘင်းမ်စတက်၏ လက်ရှိ ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍ ခုနစ်ခုရှိသည့်အနက် မြန်မာနိုင်ငံသည် ဘင်းမ် စတက် “လယ်ယာစိုက်ပျိုးရေး နှင့် စားနပ် ရိက္ခာဖူလုံရေးကဏ္ဍ” ၏ ဦးဆောင်နိုင်ငံအဖြစ် တာဝန် ယူလျက်ရှိကြောင်း သတင်းရရှိ သည်။
သတင်းစဉ်