နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများကို ဂုဏ်ပြုအပ်ပါသည်

Type
1

 

သဇင်အောင်(ပြန်/ဆက်)

 

အားကစားဟူသည်        နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏   ကျန်းမာကြံ့ခိုင်မှု၊  ဇွဲ၊ လုံ့လ၊ ဝီရိယ   ကြီးမားမှုနှင့်  စည်းလုံး ညီညွတ်မှုတို့ကို     ပေါ်လွင်စေနိုင်သည့် တရားမျှတမှုရှိသော စွမ်းရည်ပြ ယှဉ်ပြိုင် မှု တစ်ရပ်ပင် ဖြစ်သည်။ 

 


ထို့အတူ  နိုင်ငံသူ  နိုင်ငံသားများ၏ စိတ်နှလုံးကို    ဆွဲဆောင်သိမ်းသွင်းနိုင် ခြင်း၊ နိုင်ငံ့ဂုဏ်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ် ကို ဆောင်ကာ အမျိုးသားရေးစိတ်ဓာတ် များ ပိုမိုထက်သန်စေနိုင်ပြီး ယှဉ်ပြိုင်မှု တိုင်းတွင်   အနိုင်မခံ၊   အရှုံးမပေးသည့် ခိုင်မာသော စိတ်ဓာတ်များကို ဖြစ်ပေါ် စေနိုင်သည့်အတွက် ကမ္ဘာ့နိုင်ငံအသီးသီး က    မိမိတို့နိုင်ငံ၏   အားကစားအဆင့် အတန်းကို မြှင့်တင်ကြိုးပမ်းဆောင်ရွက် လျက်ရှိကြသည်။

 


အားကစားစွမ်းရည် ထုတ်ဖော်ပြသ


မိမိတို့နိုင်ငံ၏    အားကစားအဆင့် အတန်းကို         မြှင့်တင်နိုင်ရန်အတွက် ပြည်တွင်း အားကစားပြိုင်ပွဲများ၊ ဒေသ တွင်း   အားကစားပြိုင်ပွဲများနှင့်   နိုင်ငံ တကာအားကစားပြိုင်ပွဲများတွင် ပါဝင် ယှဉ်ပြိုင်ကြပြီး   မိမိတို့၏  အားကစား စွမ်းရည်ကို   ထုတ်ဖော်ပြသနိုင်ရေး အစွမ်းကုန်ကြိုးပမ်းအားထုတ် ဆောင် ရွက်လျက်ရှိကြသည်။

 


မြန်မာနိုင်ငံအနေဖြင့်     နိုင်ငံတော် ဖွံ့ဖြိုးရေးအတွက် နယ်ပယ်စုံ၊ ကဏ္ဍစုံ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်    ဆောင် ရွက်လျက်ရှိရာ အားကစားကဏ္ဍ ဖွံ့ဖြိုး ရေးနှင့်  အားကစားကဏ္ဍ  မြင့်မားရေး ကို ကဏ္ဍတစ်ခုအဖြစ် အားပေးမြှင့်တင် ကြိုးပမ်း    ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်     စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့်     ယခင်    ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို ကျန်းမာရေး ဝန်ကြီးဌာန၊   အားကစားနှင့်  လူငယ် ရေးရာဝန်ကြီးဌာနအဖြစ်     သီးခြားစီ ပြင်ဆင်ဖွဲ့စည်းခဲ့သည်။        တစ်နည်း အားဖြင့် နိုင်ငံတော်၏ အင်အားတစ်ခု ဖြစ်သည့် အားကစားကဏ္ဍကို နိုင်ငံတော် ၏   အနာဂတ်ဖြစ်သည့်  လူငယ်များ၏ စွမ်းပကားဖြင့် မြှင့်တင်ဖော်ဆောင်နိုင် စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းလည်း ဖြစ်သည်။ 

 


အိမ်ရှင်အဖြစ် လက်ခံကျင်းပ


မြန်မာနိုင်ငံသည် ၁၉၅၉ ခုနှစ်တွင် ပထမအကြိမ်အဖြစ်      စတင်ကျင်းပ သည့်   အရှေ့တောင်အာရှ  ကျွန်းဆွယ် အားကစားပြိုင်ပွဲများ (SEAP Games)ကို   စတင်တည်ထောင်သည့်   အဖွဲ့ဝင် နိုင်ငံ  ခြောက်နိုင်ငံတွင်   ပါဝင်ခဲ့သည်။ ယင်းပြိုင်ပွဲများကို ၁၉၅၉ ခုနှစ်မှစတင်၍ နိုင်ငံများ၏ အက္ခရာစဉ်အလိုက် အိမ်ရှင် အဖြစ်   လက်ခံကျင်းပခဲ့ရာ   မြန်မာနိုင်ငံ အနေဖြင့်  ၁၉၆၁ ခုနှစ်နှင့် ၁၉၆၉ ခုနှစ် တို့တွင်  အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ သည်။ ယင်းမှ အမည်ပြောင်းလဲလာသည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများ (SEA Games)ကို    ၂၀၁၃  ခုနှစ်တွင် အိမ်ရှင်အဖြစ်    အောင်မြင်စွာ   လက်ခံ ကျင်းပနိုင်ခဲ့သည်။

 


အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကို   လက်ခံကျင်းပခဲ့ကြသော  အိမ်ရှင် နိုင်ငံများသည်   နိုင်ငံတကာအဆင့်မီ အားကစားပြိုင်ပွဲကြီးများ လက်ခံကျင်းပ နိုင်စွမ်းရှိသည့် နိုင်ငံ့ပုံရိပ်၊ သက်ဆိုင်ရာ နိုင်ငံနှင့် လူမျိုးအလိုက် နိုင်ငံတော်နှင့် ပြည်သူတို့၏    ညီညွတ်မှု၊     ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု၊ အမျိုးသားရေးပုံရိပ်ကောင်းကို   ပုံဖော် နိုင်စွမ်းရှိခဲ့မှုတို့အပေါ် နိုင်ငံတစ်နိုင်ငံ၏ Soft Power    ပိုင်ဆိုင်မှုကို   ကမ္ဘာက သိရှိအောင်     အသိပေးနိုင်ခြင်းလည်း ဖြစ်သည်။

 


အရှေ့တောင်အာရှ    အားကစား ပြိုင်ပွဲသည် အရှေ့တောင်အာရှနိုင်ငံများ ၏  အားကစားပွဲတော် ဟု ဆိုသော်လည်း အရှေ့တောင်အာရှနိုင်ငံများ   ချစ်ကြည် ရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့်  ဒေသတွင်းတည်ငြိမ်ရေး စသည်တို့အတွက်  ရည်ရွယ်ကျင်းပကြ ခြင်းဖြစ်သည်။      အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှသည်        အာရှ အားကစားပွဲတော်၊ အိုလံပစ်အားကစား ပွဲတော်    စသည့်   ကမ္ဘာ့ပြိုင်ပွဲများသို့ တက်လှမ်းနိုင်ရန် အခွင့်အလမ်းကောင်း လည်းဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး    မင်းအောင်လှိုင်က  ပြိုင်ပွဲတွင် အောင်နိုင်ရေးနှင့် အမိနိုင်ငံတော်၏ ဂုဏ် ကို   မြှင့်တင်ရေးတာဝန်ကြီးကို   နိုင်ငံ တော်က    ပေးအပ်လိုက်ပြီးဖြစ်သည့် အတွက် မြန်မာအားကစားအဖွဲ့ဝင်များအားလုံး  နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ကို အရင်းတည်ပြီး  ဇွဲ၊  လုံ့လ၊  ဝီရိယစိုက် ထုတ်ကာ အစွမ်းကုန် ကြိုးပမ်းသွားရန် (၃၁)ကြိမ်မြောက်  အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ       အောင်နိုင်ရေး အလံ   အပ်နှင်းခြင်း    အခမ်းအနားတွင် တိုက်တွန်းပြောကြားခဲ့သည်။

 


ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များရရှိ


၂၀၂၂  ခုနှစ်    (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများ (SEA Games)ကို ဗီယက်နမ်နိုင်ငံတွင် ၂၀၂၂ ခုနှစ် မေလ ၁၂ ရက်မှ ၂၃ ရက်အထိ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် အား ကစားနည်း ၂၁ မျိုးတွင် အားကစားသမား ၂၉၃ ဦးအပါအဝင် စုစုပေါင်း ၄၂၈ ဦးဖြင့် သွားရောက်   ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ယင်းသို့     ပြိုင်ပွဲဝင်ခဲ့သည့်  အားကစား နည်းများအနက်      မြန်မာနိုင်ငံက အားကစားနည်း ၁၆ မျိုးတွင် ဆုတံဆိပ် အသီးသီးရရှိခဲ့ပြီး စုစုပေါင်း ရွှေတံဆိပ် ၉ ခု၊   ငွေတံဆိပ် ၁၈ ခု၊  ကြေးတံဆိပ် ၃၅ ခု၊  ဆုတံဆိပ်  စုစုပေါင်း ၆၂ ခုဖြင့် နိုင်ငံအလိုက်    အဆင့် ၇  ရရှိခဲ့သည်။ ယင်းဆု အရေအတွက်သည် ၂၀၁၇ ခုနှစ် မလေးရှားဆီးဂိမ်းပြိုင်ပွဲနှင့်     ၂၀၁၉ ဖိလစ်ပိုင်  ဆီးဂိမ်းပြိုင်ပွဲတို့တွင် ရရှိခဲ့ သည့် ဆုတံဆိပ်အရေအတွက်ထက် ပိုမို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

 


သင်ခန်းစာအဖြစ် မှတ်ယူ


(၃၁)  ကြိမ်မြောက်      အရှေ့တောင် အာရှအားကစားပြိုင်ပွဲကို    ပြည်တွင်း ပြည်ပ အဖျက်သမားများ၏ နှောင့်ယှက်မှု အခက်အခဲများရှိခဲ့သော်လည်း ကြံ့ကြံ့ခံ ရင်ဆိုင်ကျော်လွှားပြီး  အမိမြေသို့  ရွှေ၊ ငွေနှင့် ကြေးတံဆိပ်များ သယ်ဆောင်ပြန် နိုင်အောင်     အစွမ်းကုန်ကြိုးစားခဲ့ကြ ပါသည်။ အချို့ပြိုင်ပွဲဝင်များအနေဖြင့် ဆုနှင့်  လွဲချော်သွားခဲ့ကြရသော်လည်း ထိုအဖြစ်ကို သင်ခန်းစာအဖြစ် မှတ်ယူ ပြီး   မလျှော့သော  ဇွဲ၊  လုံ့လ၊  ဝီရိယ တို့ဖြင့် ဆက်လက်ကြိုးစားသွားပါလျှင် အောင်မြင်မှု ရလဒ်ကောင်းများ ပိုင်ဆိုင် နိုင်မည်ဖြစ်သည်။

 


အခက်အခဲများကြားမှ သွားရောက် ယှဉ်ပြိုင်ခဲ့ရသော်လည်း     ယခင်က ထက်  ပိုမိုကြိုးစားယှဉ်ပြိုင်ခဲ့ကြသည့် အားကစားသမားများကို နိုင်ငံတော်မှ လည်း နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေးအတွက် ပြိုင်ပွဲများတွင် အစွမ်းကုန်ကြိုးစားနေ ကြသော     အားကစားသမားများအား ဆုတံဆိပ်ရရှိသည်နှင့် တစ်ပြိုင်တည်း ပြိုင်ပွဲကွင်းအတွင်းမှာပင်   တစ်ဦးချင်း ပြိုင်ပွဲများ၌       ရွှေတံဆိပ်တစ်ဆုလျှင် အမေရိကန်ဒေါ်လာ ၃၀၀၀၊ ငွေတံဆိပ် တစ်ဆုလျှင်  ဒေါ်လာ ၂၀၀၀ နှင့် ကြေး တံဆိပ်တစ်ဆုလျှင်    ဒေါ်လာ    ၁၀၀၀၊အသင်းလိုက်ပြိုင်ပွဲများ၌ ရွှေတံဆိပ်ဆု ရရှိလျှင် တစ်ဦးချင်းအား အမေရိကန် ဒေါ်လာ ၁၀၀၀၊ ငွေတံဆိပ်ဆုရရှိလျှင် ဒေါ်လာ ၇၅၀ နှင့် ကြေးတံဆိပ်ဆုရရှိလျှင် ဒေါ်လာ  ၅၀၀   ထပ်ဆောင်း   ချီးမြှင့် ပေးအပ်ခဲ့သည်။

 


နိုင်ငံတော်အနေဖြင့်   အားကစား မောင်မယ်များ   နောင်ရေးစိတ်အေးရ စေရန် ကူညီဆောင်ရွက်ပေးလျက်ရှိရာ ခေတ်အဆက်ဆက်   ဂုဏ်ပြုချီးမြှင့်ခဲ့ သည့်  အာရှအားကစားပြိုင်ပွဲနှင့်    အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များ ရယူပေးခဲ့ကြသည့် နိုင်ငံ့ ဂုဏ်ဆောင်      အားကစားသမားများ အသက် ၆၀ ပြည့်မြောက်သည့် အချိန် မှစ၍    သက်ရှိထင်ရှားရှိသမျှ   ကာလ ပတ်လုံး လစဉ်ချီးမြှင့်ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်လျက်ရှိသည်။ 

 


လူမှုထူးချွန် ပထမအဆင့်ချီးမြှင့်


ထို့ပြင် ၂၀၂၂ ခုနှစ် (၇၇)နှစ်မြောက်  တပ်မတော်နေ့အခမ်းအနားတွင်  အာရှ အားကစားပြိုင်ပွဲများ၌      ရွှေတံဆိပ် ရရှိခဲ့ကြသူ နိုင်ငံ့ဂုဏ်ဆောင် အားကစား သမား  ၁၂  ဦးနှင့်   အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင်   ရွှေတံဆိပ် ငါးခုနှင့်အထက်    ရရှိခဲ့သည့်    နိုင်ငံ့ ဂုဏ်ဆောင်     အားကစားသမားများ အနက်  ၂၄ ဦးကို   လူမှုထူးချွန်   ပထမ အဆင့် ချီးမြှင့်ပေးအပ်ခဲ့သည်။ 

 


ယနေ့  မိမိမွေးဖွားရာဇာတိမြေကို ချစ်ခင်မြတ်နိုးသည့်စိတ်၊ ပြည်ထောင်စု ဖွား  တိုင်းရင်းသားများကို ညီအစ်ကို၊ မောင်နှမ သွေးသားရင်းချာအဖြစ် မှတ်ယူ ပြီး     နိုင်ငံနှင့်လူမျိုး   ကမ္ဘာ့အလယ် ဝင့်ထည်စွာ  ရပ်တည်နေနိုင်ရေး၊ အမျိုး ဂုဏ်၊ ဇာတိဂုဏ်မြင့်မားလာစေရေး၊ ဇွဲ၊ လုံ့လ၊    ဝီရိယအပြည့်ဖြင့်     ကြိုးစား စွမ်းဆောင်ကာ (၃၁)ကြိမ်မြောက်  အရှေ့ တောင်အာရှ     အားကစားပြိုင်ပွဲဝင် အားကစားသမားများအနေဖြင့်   အခက် အခဲများကြားမှ သမိုင်းစာမျက်နှာသစ်ကို လှပစွာ ကမ္ပည်းရေးထိုးနိုင်အောင်စုစည်း ညီညွတ်မှုစွမ်းအားကို တည်ဆောက်ရင်း အတူလက်တွဲ၍    အောင်မြင်မှု    ရလဒ် ကောင်းများ ဖော်ဆောင်ပေးနိုင်ခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ကို    ဤဆောင်းပါးဖြင့်    ဂုဏ်ပြုအပ် ပါသည်။         ။