နိုင်ငံ့စီးပွားရေးလုပ်ငန်းများကိုထောက်ပံ့ရန် အမေရိကန်ဒေါ်လာ သန်း ၄၁၀  ထောက်ပံ့မည့်အစီအစဉ်တစ်ခုကို အစ္စရေးဘဏ္ဍာရေးဝန်ကြီးပြော


 

 

ဂျေရုဆလင် ဇန်နဝါရီ ၂၅  
အိုမီခရွန်ဗိုင်းရပ်စ်       အကျပ် အတည်းကာလနှင့်    ရင်ဆိုင်ကြုံ တွေ့နေရစဉ်အတွင်း   နိုင်ငံ့စီးပွား ရေးလုပ်ငန်းများကို  ထောက်ပံ့ရန် အမေရိကန်ဒေါ်လာ သန်း ၄၁၀  (ရှီကယ် ၁ ဒသမ ၃ ဘီလီယံ)    ရှိ အစီအစဉ်တစ်ခုကို       အစ္စရေး ဘဏ္ဍာရေး        ဝန်ကြီးဌာနက ဇန်နဝါရီ ၂၅ ရက်တွင် ကြေညာခဲ့ သည်။ 
အဆိုပါ     အစီအစဉ်တွင် ထောက်ပံ့သူများကို        အချိန် မဆိုင်းဘဲချက်ချင်း   အစိုးရငွေ ပေးချေခြင်းအားဖြင့် စီးပွားရေးဆိုင်ရာငွေကြေးစီးဆင်းမှုလွယ်ကူစေခြင်း၊ အခွန်ပြန်အမ်းငွေများကို စောစောစီးစီး     ထုတ်နိုင်ခြင်း၊ ယဉ်ကျေးမှုဆိုင်ရာ  အဖွဲ့အစည်း များသို့         ကြိုတင်ပေးသွင်းနိုင် ခြင်းများ  ပါဝင်သည်။
ထို့အပြင် စီးပွားရေးလုပ်ငန်း များအတွက်     ဗျူရိုကရက်တစ် လုပ်ငန်းစဉ်များကို         လျှော့ပေါ့ သက်သာစေခြင်း၊   အစိုးရအာမခံ ချေးငွေများ  သဘောတူခွင့်ပြုပေး ခြင်းနှင့်   နိုင်ငံခြားတင်ပို့မှုအစီ အစဉ်များ   ဖြေလျှော့ပေးခြင်းများ လည်း ပါဝင်သည်။ 
လတ်တလော  မြင့်တက်လာ သော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုလှိုင်းဂယက်များတွင်    မိမိတို့ အနေဖြင့် သီးသန့်ကန့်သတ်နေထိုင်ခြင်းများကိုခွင့်ပြုပေးခြင်း၊ ကိုဗစ်-၁၉ လှိုင်းဂယက်ကြောင့် ကိုယ်ပိုင်အလုပ်များနှင့် စီးပွားရေး လုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ အပေါ် လွှမ်းမိုးသက်ရောက်မှုများကြောင့်    ခက်ခဲနေသော  အခြေ အနေနှင့်        အချိန်ကာလကို သင့်လျော်သော  ထောက်ပံ့မှုများလုပ်ဆောင်ပေးခြင်းဖြင့် ရင်ဆိုင် ကျော်လွှားနိုင်ရန် ကြိုးစားနေခြင်း ဖြစ်ကြောင်း  အစ္စရေးဘဏ္ဍာရေး ဝန်ကြီး  အဗစ်ဒေါ လိုင်ဘမန်းက ပြောသည်။ 
ယခုလိုလုပ်ဆောင်ခြင်းသည် စီးပွားရေးလုပ်ငန်းများကို ကူညီ ရန်   အရေးကြီးသောခြေလှမ်း တစ်ရပ်ဖြစ်ကြောင်း    ကုန်ထုတ် လုပ်သူများ  လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ရွန်တိုမာက ပြောသည်။ ဆင်ဟွာ