နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် MSME လုပ်ငန်းများကို မြှင့်တင်ပေးခြင်းသည် များစွာအကျိုးရှိ

 

တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စိုက်ပျိုးမွေးမြူရေးဇုန်များ ပြုလုပ်၍
MSME လုပ်ငန်းများဖြင့် အခြေခံကုန်ပစ္စည်းများ ထုတ်လုပ်ခြင်းကို အားပေးဆောင်ရွက်ရမည်

 

နေပြည်တော်   နိုဝင်ဘာ   ၁၁


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  အစည်းအဝေး (၉/၂၀၂၂) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ရှိ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး    မင်းအောင်လှိုင်    တက်ရောက် အမှာစကားပြောကြားသည်။

 


အစည်းအဝေးသို့   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး   စိုးဝင်း၊   ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ကောင်စီအဖွဲ့ ဝင်များဖြစ်ကြသည့်   ဗိုလ်ချုပ်ကြီး   မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး  တင်အောင်စန်း၊  ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင် ဆွေ၊  ဒေါ်အေးနုစိန်၊  Jeng Phang  နော်တောင်၊ ဦးမောင်းဟာ၊    ဦးစိုင်းလုံးဆိုင်၊   စောဒန်နီယယ်၊ ဒေါက်တာ ဗညားအောင်မိုး၊  ဦးရွှေကြိမ်း၊  ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် တို့ တက်ရောက်ကြသည်။

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာ တွင် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်    တွေ့ဆုံ ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ပြီး တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ၁၀ ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ NCA  လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ  ပါဝင်သကဲ့သို့  လက်မှတ်ရေးထိုး ထားခြင်းမရှိသေးသည့် အဖွဲ့များလည်းပါဝင်ကြောင်း၊ လာရောက်ဆွေးနွေးသည့် အဖွဲ့များအားလုံးအနေဖြင့် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်တွင်  လျှောက်လှမ်း လိုသည့် သဘောထားများရှိသည်ကို တွေ့ရှိရကြောင်း၊  မိမိတို့အနေဖြင့်   တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများဆောင်ရွက်ရာတွင်   ဖွဲ့စည်းပုံအခြေခံဥပဒေ  (၂၀၀၈ ခုနှစ်)  နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘော တူစာချုပ် (NCA) ပေါ်တွင် အခြေခံ၍ ဆွေးနွေးနေခြင်း ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ၎င်းတို့နှင့် ဆွေးနွေးချိန် အတွင်း  ဥပဒေအရ   ဆောင်ရွက်၍ရသည်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင် ရန်အတွက်     နိုင်ငံရေးအရ     အမြင့်ဆုံးရှိသည့် လွှတ်တော်ကိုတင်ပြရမည်ဖြစ်ကြောင်း၊ လွှတ်တော် တွင် ဆွေးနွေးနိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းရင်း သားကိုယ်စားလှယ်များ    ပါဝင်ရန်လိုအပ်သဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်     ပြည်နယ်များ အားလုံးတွင်    ရွေးကောက်ပွဲများ   ကျင်းပနိုင်ရန်  လိုကြောင်း၊ လွှတ်တော်တွင် တိုင်းရင်းသားကိုယ်စား လှယ်များ ပါဝင်ရမည်ဖြစ်ပြီး အဆိုပါကိုယ်စားလှယ် များအနေဖြင့်  တိုင်းရင်းသားအရေး၊ ဒေသအရေးများ ကို စိတ်ပါဝင်စား၍    ဆွေးနွေးနိုင်သူများဖြစ်ရန် လိုအပ်ကြောင်း၊  တိုင်းရင်းသားများပါဝင်နိုင်ရေး PR စနစ်ဖြင့်   ဆောင်ရွက်နိုင်သည်ကို   မိမိအနေဖြင့် ရှင်းလင်းပြောကြားခဲ့ရာ    အချို့အဖွဲ့များအနေဖြင့် သဘောတူညီမှုများရှိကြောင်း။

 


ငြိမ်းချမ်းရေးနှင့်   ပတ်သက်၍  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်    ဆက်လက်ဆွေးနွေး လျက်ရှိကြောင်း၊   ဒီဇင်ဘာလအတွင်း   သဘောတူ ညီချက်တစ်ခု ရရှိနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်ပတ်သက်၍ ထိုက်သင့် သလောက်   တိုးတက်မှုများရှိသည်ကို   တွေ့ရှိရ ကြောင်း၊ အချို့သော တိုင်းရင်းသားဒေသများတွင် သန်းခေါင်စာရင်းကောက်ယူခြင်းနှင့်    နိုင်ငံသား မှတ်ပုံတင်ပြုလုပ်ခြင်းများကို ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် မဲစာရင်းပြုစု ခြင်း  လုပ်ငန်းများကို   အထောက်အကူဖြစ်စေပြီး လာမည့်အထွေထွေရွေးကောက်ပွဲတွင်    ယခင် ရွေးကောက်ပွဲများ၌ ကျန်ရှိခဲ့သည့် တိုင်းရင်းသား ဒေသများ၌ပါ   ရွေးကောက်ပွဲကျင်းပနိုင်မည်ဖြစ် ကြောင်း။

 


နိုင်ငံစီးပွားမြှင့်တင်ရေးအတွက်  အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိ


မိမိအနေဖြင့်    နိုင်ငံ၏စီးပွားမြှင့်တင်နိုင်ရေး အတွက် စက်တင်ဘာလမှစတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ သွားရောက်ပြီး အသေးစား၊ အငယ် စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး MSME လုပ်ငန်းရှင်များ နှင့်တွေ့ဆုံ၍ အကျိုးရှိသည့် တွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်နိုင်ခဲ့ကြောင်း၊ မိမိအနေဖြင့် တိုင်းပြည်စီးပွား ရေးနှင့်    ပြည်တွင်းကုန်ထုတ်လုပ်မှုကို    အားပေး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်စဉ် ကျေးလက်စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုး မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်နေခြင်းဖြစ်သည်ကို   ဆွေးနွေး ပြောကြားခဲ့ကြောင်း။

 


ကုန်ထုတ်လုပ်မှုများဆောင်ရွက်ရာတွင်   ကုန် ကြမ်းသည်  အဓိကလိုအပ်ချက်ဖြစ်ကြောင်း၊  အချို့ ကုန်ကြမ်းများမှာ ပြည်ပမှ   တင်သွင်းရခြင်းဖြစ် ကြောင်း၊ ပြည်တွင်းမှ ထွက်ရှိသည့် ကုန်ကြမ်းများကို အခြေခံသည့် ထုတ်လုပ်မှုများကို ဆောင်ရွက်ခြင်း သည်  သေချာသည့်  လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းစိုက်ပျိုးမွေးမြူရေးလုပ်ငန်း များမှ ထွက်ရှိသည့် ကုန်ကြမ်းများဖြင့် ကုန်ထုတ်လုပ် မှုလုပ်ငန်းများ    ဆောင်ရွက်ရန်     မိမိအနေဖြင့် တိုက်တွန်းနေခြင်းဖြစ်ကြောင်း၊ မိမိတို့၏ ရည်ရွယ် ချက်မှာ ပြည်တွင်းစီးပွားမြှင့်တင်ရေးအတွက် ကုန် ထုတ်လုပ်မှုလုပ်ငန်းများ  ဆောင်ရွက်ရန်၊  သွင်းကုန် အစားထိုးနိုင်ရန်နှင့် ပြည်ပသို့ ပို့ကုန်များတင်ပို့နိုင်ရန်ဖြစ်ကြောင်း၊ ယခင်က ပြည်တွင်းကုန်ထုတ်လုပ်မှု ကို အားပေးဆောင်ရွက်ခြင်းမရှိဘဲ ပြည်ပမှ တင်သွင်း မှုများကိုသာ ဆောင်ရွက်ခဲ့ခြင်းကြောင့် ကုန်သွယ်မှု လိုငွေများ မြင့်တက်ခဲ့ကြောင်း၊ ထို့ကြောင့်  မိမိတို့ အနေဖြင့်  ပြည်တွင်းကုန်ထုတ်လုပ်မှုကို  အားပေး မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း။

 


MSME လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန်အတွက် ချေးငွေများလိုအပ်သည်ဟု တင်ပြမှုများရှိကြောင်း၊ မိမိတို့အနေဖြင့်  သာမန်ချေးငွေနှင့်  ကိုဗစ်ကြောင့် ပျက်စီးသွားသည့် လုပ်ငန်းများပြန်လည်လည်ပတ်နိုင်ရေးအတွက်   ချေးငွေများ   ထုတ်ချေးပေးထား ကြောင်း၊  အဆိုပါချေးငွေများနှင့်   ပတ်သက်၍ သက်တမ်းတိုးမြှင့်ပေးရန် တင်ပြမှုများရှိကြောင်း၊ ထို့ကြောင့် ၎င်းတို့အခက်အခဲများ လျော့နည်းစေရေး နိုင်ငံတော်မှ ချေးငွေသက်တမ်းကို ကာလတစ်ခုအထိ တိုးမြှင့်ပေးခဲ့ကြောင်း၊ မတည်ရင်းနှီးငွေများ ချေးပေး ရန်တင်ပြမှုများနှင့် ပတ်သက်၍လည်း သတ်မှတ်ထား သည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ နိုင်ငံတော်မှ ထုတ်ချေးပေးလျက်ရှိကြောင်း။

 


လူသားအရင်းအမြစ်များ ရရှိရေးအတွက်လည်း အလယ်တန်း၊  အထက်တန်းနှင့်   အဆင့်မြင့်ပညာ အဆင့် လူသားအရင်းအမြစ်များကို မွေးထုတ်ပေးရန် လိုကြောင်း၊ စိုက်ပျိုးရေး၊  မွေးမြူရေးနှင့်  စက်မှု လုပ်ငန်းများအတွက်  အထက်တန်းကျောင်းများတွင် ဖွင့်လှစ်သင်ကြားပေးရန်    ဆောင်ရွက်လျက်ရှိပြီးဒုတိယအဆင့်အနေဖြင့် စိုက်ပျိုးရေးသိပ္ပံ၊ မွေးမြူရေး သိပ္ပံနှင့် စက်မှုလက်မှုသိပ္ပံများဖြင့် ဆောင်ရွက်လျက် ရှိကြောင်း၊   ဆန္ဒနှင့်အညီ     တက္ကသိုလ်များသို့  တက်ရောက်သင်ကြားရေးဆောင်ရွက်၍ရကြောင်း၊ ဝန်ကြီးဌာနများအလိုက် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး
သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသကဲ့သို့ ပုဂ္ဂလိကလုပ်ငန်းများကလည်း     သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊  ထိုသို့ဆောင်ရွက်ပေးခြင်းသည် MSME လုပ်ငန်းများ ကို များစွာအထောက်အကူပြုစေကြောင်း။

   
နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် MSME လုပ်ငန်း များကို   မြှင့်တင်ပေးခြင်းသည်   များစွာအကျိုးရှိ ကြောင်း၊ MSME လုပ်ငန်းတွင် ကဏ္ဍလေးခုရှိကြောင်း၊ ထုတ်လုပ်ခြင်း၊ ရောင်းဝယ်ခြင်း၊ ဝန်ဆောင်မှုပြုလုပ် ခြင်းနှင့်   အခြားလုပ်ငန်းရပ်များပင်ဖြစ်ကြောင်း၊ ထုတ်လုပ်မှုမရှိဘဲနှင့် ရောင်းဝယ်မှုမရှိနိုင်ကြောင်း၊ ရောင်းဝယ်မှုမရှိပါက   ဝန်ဆောင်မှုလည်းမရှိနိုင် ကြောင်း၊ ထို့ကြောင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းသည် အရေးကြီးလိုအပ်ချက်ပင်ဖြစ်ကြောင်း၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များအလိုက် စိုက်ပျိုးမွေးမြူရေး ဇုန်များပြုလုပ်၍ MSME လုပ်ငန်းများဖြင့် အခြေခံ ကုန်ပစ္စည်းများ    ထုတ်လုပ်ခြင်းကို    အားပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

 


နိုင်ငံစီးပွားမြှင့်တင်ရေးအတွက် 
ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နေမှု


နိုင်ငံစီးပွားရေးမြှင့်တင်မှုအတွက်  နိုင်ငံတိုင်းက ကြိုးပမ်းဆောင်ရွက်နေကြရကြောင်း၊ မိမိတို့နိုင်ငံ တွင် စီးပွားရေးမြှင့်တင်နိုင်သည့် အလားအလာများစွာ ရှိသော်လည်း မျှော်လင့်သလောက်  တင်ပို့နိုင်မှုမရှိ သည်ကို   တွေ့မြင်နေရကြောင်း၊   ကုန်သွယ်မှုနှင့် ပတ်သက်၍  နယ်စပ်ကုန်သွယ်ရေးနှင့်   ပင်လယ် ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းများ  ရှိကြောင်း၊ ပင်လယ်ရေကြောင်းပို့ဆောင်ရေးသည် မိမိတို့နိုင်ငံ၏ ကုန်သွယ်မှုအားလုံး၏ ၇၅ ရာခိုင်နှုန်းခန့်ရှိပြီးနယ်စပ် ကုန်သွယ်ရေးသည်   ၂၅   ရာခိုင်နှုန်းခန့်ရှိကြောင်း၊ နယ်စပ်ကုန်သွယ်ရေးတွင် စိုက်ပျိုးမွေးမြူရေးထွက် ကုန်များကို အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ် နိုင်ငံနှင့်   ထိုင်းနိုင်ငံသို့    အဓိကတင်ပို့ကြကြောင်း၊ ထို့ကြောင့် နိုင်ငံစီးပွားမြှင့်တင်ရေးအတွက် ယခုထက်        ပိုမိုကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း။ 

 


တိုင်းပြည်စည်းလုံးညီညွတ်မှုမပျက်ပြားစေရေး တပ်မတော်မှကြိုးပမ်းဆောင်ရွက်


တိုင်းပြည်တည်ငြိမ်အေးချမ်းမှသာ စီးပွားရေး လုပ်ငန်းများကို    ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ကိုဗစ် - ၁၉ ကပ်ရောဂါနှင့် နိုင်ငံရေး အကျပ်အတည်းများကြောင့် စီးပွားရေးထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊  နိုင်ငံရေးအကျပ်အတည်းများ ကြောင့် တိုင်းပြည်ဆူပူမှုများဖြစ်ပေါ်ပြီး လုယက်မှု၊ အကြမ်းဖက်တိုက်ခိုက်မှုနှင့် မိုင်းထောင်ဖောက်ခွဲမှု များ  ဖြစ်ပွားခဲ့ကြောင်း၊   အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်နေသူများထံမှ လက်နက်ခဲယမ်းများကို လည်း သိမ်းဆည်းရမိခဲ့ကြောင်း၊ ယခုအခါ အကြမ်း ဖက်တိုက်ခိုက်မှုများ နည်းပါးသွားသော်လည်း အချို့ သောနေရာများတွင် ကျန်ရှိနေသေးကြောင်း။

 


တပ်မတော်သည်  တိုင်းပြည်၏  အစိတ်အပိုင်း၊ ပြည်သူများ၏ အစိတ်အပိုင်းဖြစ်သည်ဟု မိမိအနေ ဖြင့် မကြာခဏပြောကြားခဲ့ကြောင်း၊ တပ်မတော်သား များသည်  ပြည်သူများမှ  မွေးဖွားလာကြခြင်းဖြစ် ကြောင်း၊   ထို့ကြောင့်   ယခင်ဒီမိုကရေစီအစိုးရ သက်တမ်းနှစ်ခုတွင် တပ်မတော်အနေဖြင့် အကောင်း ဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုအခါတွင်လည်း မိမိတို့အနေဖြင့် နိုင်ငံတော်အား အရေးပေါ်ခြေအနေကြေညာခြင်းသည်    ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီသာ ဆောင်ရွက် နေခြင်းဖြစ်သဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်တွင် စောင့်ထိန်း၍ အတတ်နိုင်ဆုံး ထိန်းသိမ်း ဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ ယခုဖြစ်ပေါ်နေသည့် အရေးပေါ် အခြေအနေမှာ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခ ကြောင့်  ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ  နိုင်ငံရေးအရ ဖြစ်ပေါ်လာသည့် အရေးပေါ်အခြေအနေဖြစ်သဖြင့် အခြေအနေချင်း   မတူညီကြောင်း၊   ပြည်သူနှင့် တပ်မတော် ချစ်ကြည်ရင်းနှီးစွာ  ဆောင်ရွက်ခြင်းသည် တိုင်းပြည်၏ အနာဂတ်အတွက် အကောင်းဆုံးဖြစ် ကြောင်း၊ တပ်မတော်သည် အမြဲတမ်းတည်ရှိနေမည် ဖြစ်သကဲ့သို့  ပြည်သူများသည်လည်း  အမြဲတမ်း ရှိနေမည်ဖြစ်ကြောင်း၊  စုစည်းညီညွတ်မှုအားသည် တိုင်းပြည်၏ အားဖြစ်ကြောင်း၊ တိုင်းပြည်၏ စုစည်း ညီညွတ်မှုများ မပြိုကွဲရေး တပ်မတော်မှ ထိန်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်း။

 


နိုင်ငံရေးကြောင့်   စီးပွားရေးလုပ်ငန်းများကို ပြန်လည်မြှင့်တင်ဆောင်ရွက်ရာတွင် ကုန်စည်စီးဆင်း မှုချောမွေ့စေရေးအတွက်     သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ  ကောင်းမွန်နေရန်နှင့်   အနှောင့် အယှက်အတားအဆီးများမရှိရန်  လိုအပ်ကြောင်း၊ အချို့သော ကုန်စည်စီးဆင်းသည့် လမ်းကြောင်းများ နှင့် ရထားလမ်းများ၌ အနှောင့်အယှက် အတားအဆီး များ ရှိနေသေးသောကြောင့် နိုင်ငံတော်မှ လုံခြုံရေး ဆောင်ရွက်ရခြင်းများ ရှိကြောင်း။

 


ရွေးကောက်ပွဲကျင်းပနိုင်ရေးဆောင်ရွက်လျက်ရှိ


ရွေးကောက်ပွဲကျင်းပနိုင်ရေးနှင့်  ပတ်သက်ပြီး ရှေ့လုပ်ငန်းစဉ် ၅ ရပ် နောက်ဆုံးအချက်၌ အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက် ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်နှင့် အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား  ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား   လွှဲအပ်နိုင်ရေးဆက်လက် ဆောင်ရွက်သွားမည်ဟု    ပါဝင်ပြီးဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို သတ်မှတ်ထားသည့် အချိန်ကာလ အတွင်း ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ ပြီးခဲ့သည့် ရွေးကောက်ပွဲ ၃ ကြိမ်၌ ပထမ အကြိမ် ရွေးကောက်ပွဲတွင် မြို့နယ် ၃၂၅ မြို့နယ်၊ ဒုတိယအကြိမ်တွင် ၃၂၃ မြို့နယ်၊ တတိယအကြိမ်တွင် ၃၁၅ မြို့နယ်တို့တွင် ကျင်းပခဲ့ကြောင်း။

 


ပါတီစုံဒီမိုကရေစီ    အထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင်    လွတ်လပ်ပြီး   တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန်လိုကြောင်း၊ ထို့ကြောင့် နယ်မြေ များအားလုံးတွင်   မှန်ကန်သည့်   ရွေးကောက်ပွဲ၊ ပြည်သူအများစုက    လက်ခံသည့်ရွေးကောက်ပွဲ ဖြစ်မှသာ နောင်တက်လာမည့် အစိုးရက လုပ်ငန်းများ အောင်မြင်အောင်  ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေးအတွက် တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊    ရွေးကောက်ပွဲဝင်ရောက်ရန်အတွက် ပါတီများ စနစ်တကျဖွဲ့နိုင်ရန်လိုကြောင်း၊ ထို့ကြောင့် နိုင်ငံရေးပါတီများနှင့်     တွေ့ဆုံဆွေးနွေးလျက်ရှိ ကြောင်း၊ ပါတီများအနေဖြင့် ပြည်သူများက အားကိုး ရသည့် ပါတီ၊ ရွေးချယ်ခံရသည့် ပါတီကိုယ်စားလှယ် သည်လည်း ပြည်သူက အမှန်ယုံကြည်စိတ်ချစွာဖြင့် ရွေးချယ်သည့်     လွှတ်တော်အမတ်များဖြစ်ရန် လိုကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲကို PR စနစ် ဖြင့်  ကျင်းပနိုင်ရေး  ရည်မှန်းဆောင်ရွက်လျက်ရှိ ကြောင်းနှင့်        ကောင်စီဝင်များအနေဖြင့်လည်း ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေးနှင့် ပတ်သက် ၍ ဆွေးနွေးပေးကြစေလိုကြောင်းဖြင့်  ပြောကြားသည်။

 


ယင်းနောက် ကောင်စီဝင်များက  အကြမ်းဖက် လုပ်ဆောင်ချက်များကို ထိရောက်စွာအရေးယူနိုင်ရန် ၂၀၁၄ ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအား ပြစ်မှု၊    ပြစ်ဒဏ်    မျှတရေးလိုအပ်သလို    ပြင်ဆင် ဖြည့်စွက်မှုများဆောင်ရွက်ရေး၊   အခြေခံမဲဆန္ဒရှင် စာရင်းမှန်ကန်ရေး   စိစစ်ဆောင်ရွက်မှု    အရှိန်အဟုန် ဖြင့် ဆောင်ရွက်နိုင်ရန်  တိုင်းဒေသကြီးနှင့်ပြည်နယ် အလိုက် ဝန်ကြီးချုပ်များ ဦးဆောင်သည့် ကြီးကြပ် ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ရေး၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်အား    ဆောလျင်စွာ ဖွဲ့စည်းပေးနိုင်ရေး၊  အချိုးကျကိုယ်စားပြုစနစ်(PR) အောင်မြင်စွာ    ကျင့်သုံးနိုင်ရေးအတွက်   အခြေခံ လိုအပ်ချက်များ    ကြိုတင်ဖြည့်ဆည်းဆောင်ရွက် ရေး၊   ကျောက်စိမ်း    တရားမဝင်တူးဖော်နေမှုများ အား  အရေးယူဆောင်ရွက်ပေးရေး၊ ကျောက်မျက်၊ ကျောက်စိမ်းရောင်းဝယ်ရေးလုပ်ငန်းအပေါ် အခွန် ကောက်ခံမှုအား   ပြန်လည်သုံးသပ်ပေးရေး၊  နိုင်ငံ တော်အနေဖြင့် သတ်မှတ်အခွန်ကောက်ခံ၍ မြေရှား သတ္တုတူးဖော်ခွင့်ပြုရေး၊    လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက်    ငွေကြေးအရင်းအနှီးနှင့် ထောက်ပံ့ရေး ကွင်းဆက်အစီအမံများ ဆောင်ရွက် ပေးရေး၊  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ကာလရှည်တာဝန်ပေးအပ်နိုင်ရန်   ဥပဒေပြင်ဆင် ပြဋ္ဌာန်းပေးရေး၊    ကျင်းပမည့်   ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ ပါတီစုံစနစ်ပီပြင်စေ ရေးနှင့် ရွေးကောက်ပွဲအပေါ် အများပြည်သူယုံကြည်မှု ရှိစေရေးအတွက်  လိုအပ်ချက်များအား   ကြိုတင် ဆောင်ရွက်ထားနိုင်ရေး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင်    ရေချိုရရှိရေးနှင့် စိုက်ပျိုးရေရရှိရေးအတွက်   သံလွင်မြစ်ပေါ်တွင် ရေပိုလွှဲတည်ဆောက်၍    မြစ်ငယ်မြစ်သို့    ရေလွှဲ သွယ်ယူနိုင်ရေးစီမံကိန်းကို    စဉ်းစားသုံးသပ်ရေး၊ စိန်ရတုလွတ်လပ်ရေးနေ့အကြိုကာလတွင်    (၂၃) ကြိမ်မြောက်  အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲမှ ဆုရရှိခဲ့သည့် ပွဲစဉ်များအား မြန်မာ့အသံနှင့်ရုပ်မြင် သံကြားမှ ထုတ်လွှင့်ပေးရေး၊  ရခိုင်ပြည်နယ်ရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စု အစိုးရမှ ကူညီပံ့ပိုးဆောင်ရွက်ပေးရေး၊ ရွေးကောက် ပွဲပျက်ပြားစေရန်   ဟန့်တားနှောင့်ယှက်နိုင်သည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နိုင်ခြင်းမရှိစေ ရေး  ကြိုတင်ကာကွယ်ဆောင်ရွက်ရေး၊ နေပြည်တော် ၌ ၂၀၂၂ ခုနှစ် ခရစ္စမတ်ပွဲတော် ကျင်းပနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။

 


ယင်းနောက် ကောင်စီအတွင်းရေးမှူးက နိုင်ငံ ရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ   ပြင်ဆင်ခြင်း နှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်၊ ဖြည့်စွက်ချက်များကို ရှင်းလင်း ပြောကြားပြီး တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။ 
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင်      အကြမ်းဖက် လုပ်ဆောင်ချက်များအား ထိထိရောက်ရောက် အရေး ယူနိုင်ရန် တရားရေးမဏ္ဍိုင်မှ ကြပ်မတ်ဆောင်ရွက် နိုင်ရေး      စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခြေခံအချက်အလက်များ ပြည့်စုံမှန်ကန်အောင် သက်ဆိုင်ရာဌာနများက ဆောင်ရွက်လျက်ရှိကြောင်း၊ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများကို  အဆင့်လိုက်ဆောင်ရွက်လျက်ရှိကြောင်း၊        ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏  တာဝန်ထမ်းဆောင်မှုသက်တမ်းနှင့်စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် ပြဋ္ဌာန်းပြီးဖြစ်ကြောင်း၊ ယင်းကိုပြင်ဆင်လိုပါက လွှတ်တော်တွင်သာ ပြင်ဆင်နိုင်မည်ဖြစ်ကြောင်း၊ တရားမဝင်    ကျောက်စိမ်း၊     မြေရှားသတ္တု   တူးဖော် ထုတ်လုပ်နေမှုများနှင့်စပ်လျဉ်း၍ တားဆီးကာကွယ် ထိန်းသိမ်းဆောင်ရွက်ပေးသွားမည်  ဖြစ်ကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန်များအတွက် သမဝါယမအစု အဖွဲ့များ စုဖွဲ့ဆောင်ရွက်ပါက နိုင်ငံတော်မှ ချေးငွေများပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း၊ သံလွင်မြစ်ပေါ်တွင် ရေပိုလွှဲ တည်ဆောက်မည့် စီမံကိန်းနှင့်စပ်လျဉ်း၍ လေ့လာသုံးသပ်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီ များမှတ်ပုံတင်ခြင်းဥပဒေ ပြင်ဆင်ချက်နှင့်စပ်လျဉ်း သည့် ဆွေးနွေးချက်များအား ပြန်လည်စဉ်းစားသုံးသပ်သွားမည်ဖြစ်ကြောင်း၊ စိန်ရတုလွတ်လပ်ရေးနေ့ အကြိုကာလတွင် (၂၃) ကြိမ်မြောက်  အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲမှ ဆုရရှိခဲ့သည့် ပွဲစဉ်များအား မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပေးသွား မည်ဖြစ်ကြောင်း၊  စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ် အခမ်းအနားကို ခမ်းနားထည်ဝါစွာကျင်းပ နိုင်ရေးအတွက် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို  နေပြည်တော်အပါအဝင် တိုင်းဒေသ ကြီးနှင့်  ပြည်နယ်များအလိုက် သက်ဆိုင်ရာအဖွဲ့ အစည်းများက ထိထိရောက်ရောက် ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း။

 


မိမိတို့အစိုးရ လက်ထက်တွင် နိုင်ငံခြားချေးငွေပြန်လည်ပေးဆပ်မှုနှင့် ပတ်သက်၍ နိုင်ငံတော်ဝင်ငွေ မှ အမေရိကန်ဒေါ်လာ ၁၄၉၅ သန်း ပြန်လည်ပေးဆပ် ပြီးဖြစ်ကြောင်း၊ ပြည်ပချေးငွေနှင့်ထောက်ပံ့ငွေများ ရယူခဲ့ခြင်းမရှိဘဲ ကုန်သွယ်မှုရငွေ၊ ပြည်ပရင်းနှီးမြှုပ်နှံ မှုရငွေ၊ အခွန်အခရငွေများဖြင့် ပေးဆပ်နိုင်ခဲ့ကြောင်း၊  နိုင်ငံတော်၏ ဂုဏ်သိက္ခာအတွက်  ယခင်အစိုးရ၏ နိုင်ငံခြားချေးငွေများကို နှစ်စဉ်ပုံမှန်ပေးဆပ်လျက် ရှိပါကြောင်း၊ ပြည်တွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ပြည်တွင်းထုတ်လုပ်မှုနှင့် ပြည်ပပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲ အောင်မြင်စွာ    ကျင်းပနိုင်ရေးအတွက်    ဦးတည် ဆောင်ရွက်သွားရမည်ဖြစ်ပြီး ယင်းအတွက်လမ်းပန်း ဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ တရားဥပဒေစိုးမိုး ရေးနှင့်  တည်ငြိမ်အေးချမ်းရေးရရှိရန် တာဝန်ရှိသူ အားလုံးက    ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ် ကြောင်း တိုက်တွန်းပြောကြားသည်။    

သတင်းစဉ်