“နိုင်ငံအနေနဲ့လည်း ရှိတဲ့စွမ်းပကားနဲ့ ကိုယ့်ပြည်သူပြည်သားတွေကို ကာကွယ်ဆေးတွေ အလျင်အမြန်ရရှိနိုင်ဖို့၊ စိတ်ချရတဲ့ အရည်အသွေးမြင့်တဲ့ ကာကွယ်ဆေးတွေကို ထိုးနှံပေးနိုင်ဖို့အတွက် အဘက်ဘက်က ကြိုးစားလုပ်ဆောင်နေပါတယ်”

ဒေါက်တာခင်ခင်ကြီး

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်
 

ထက်လျှံ
 

မြန်မာ့အသံနှင့်  ရုပ်မြင်သံကြားမှ  ဇူလိုင် ၂၀ ရက် ည ၈ နာရီ သတင်း အပြီးတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း  သိကောင်းစရာအစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။


အစီအစဉ်မှူး။    ။    နိုင်ငံတစ်ဝန်း ကိုဗစ် - ၁၉ တတိယလှိုင်း ဖြစ်ပွား         နေတာနဲ့   ပတ်သက်ပြီး   ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊  ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊  ဗဟိုကူးစက် ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးနဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။
ပထမဆုံးမေးခွန်းအနေနဲ့ မြန်မာနိုင်ငံမှာ ထိုးနှံပေးနေတဲ့  ကာကွယ် ဆေးတွေနဲ့ ကိုဗစ် - ၁၉ ရောဂါနဲ့ပတ်သက်ပြီး နောက်ဆုံးသုတေသန တွေ့ရှိချက်တွေကို ရှင်းပြပေးပါဦး။


ဒေါက်တာခင်ခင်ကြီး။    ။    မြန်မာနိုင်ငံကို AstraZeneca Covishield         အနေနဲ့လာပါတယ်။  ဒီဆေးနဲ့ပတ်သက် ပြီး The Lancet ဂျာနယ်ရဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ထုတ်ပြန်ချက်အရ ကာကွယ်ဆေးတစ်ကြိမ်ထိုးထားရင် ၇၆ ရာခိုင်နှုန်း ကာကွယ်ပါတယ်။ နှစ်ကြိမ်အပြည့်အဝထိုးပြီးရင် ၈၂ ရာခိုင်နှုန်းကာကွယ်တာကို သိရပါ တယ်။ ဒီလိုမျိုးကာကွယ်ဆေးရဲ့ထိရောက်မှုကို Clinical Trials Phase3 စမ်းသပ်မှုကို ယူကေနိုင်ငံ၊ ဘရာဇီးနိုင်ငံနဲ့ တောင်အာဖရိကနိုင်ငံတို့မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။


အင်္ဂလန်နိုင်ငံရဲ့ ပြည်သူ့ကျန်းမာရေးဌာနက ဒီသုတေသနတွေ့ရှိ ချက်ကို ၂၀၂၁ ခုနှစ် မေလထုတ် Health and Science Journal မှာ AstraZeneca Covishield နှစ်ကြိမ်အပြည့်ထိုးထားပါက အိန္ဒိယမျိုးဗီဇ ပြောင်းပိုးဖြစ်တဲ့ ‘ဒယ်လ်တာ’ ဗိုင်းရပ်စ်ကို ၆၀ ရာခိုင်နှုန်းနဲ့ ယူကေမျိုး ဗီဇပြောင်းပိုးဖြစ်တဲ့ ‘အယ်လ်ဖာ’ ဗိုင်းရပ်စ်ကို ၆၆ ရာခိုင်နှုန်း ကာကွယ် နိုင်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒီဆေးကို လူပေါင်း ၃ ဒသမ ၅ သန်းကို ထိုးနှံပေးပြီး ဖြစ်ပါတယ်။


နောက်ထပ်    ပြည်သူတွေကို   ထိုးနှံပေးမယ့်   ကာကွယ်ဆေးက Sinopharm ဖြစ်ပါတယ်။  ဒီဆေးကို  China National Biotec Group Company Limited (CNBG)က ထုတ်ထားတဲ့ ကိုဗစ် - ၁၉ ကာကွယ် ဆေးဖြစ်ပါတယ်။ ဒီကာကွယ်ဆေးက  ကိုဗစ်ရောဂါပိုးကို  အားပျော့ အောင်၊  အားနည်းအောင်၊ ချည့်နဲ့အောင်၊  လူကိုအန္တရာယ်မပေးနိုင်အောင် ပြုလုပ်ထားတဲ့ ဆေးအမျိုးအစား ဖြစ်ပါတယ်။ ဒီဆေးရဲ့ ကိုဗစ် - ၁၉ ရောဂါကာကွယ်နိုင်စွမ်းကို သိရှိနိုင်ဖို့အတွက် နိုင်ငံအတော်များများမှာ စမ်းသပ်မှုအဆင့် (၃) အထိ ပြုလုပ်ထားပြီး ဖြစ်ပါတယ်။ ဒီကာကွယ်ဆေး ၂၁ ရက်ခြားပြီး နှစ်ကြိမ်ထိုးနှံခဲ့သူတွေကို ပျှမ်းမျှ ၁၁၂ ရက် စောင့်ကြည့် တဲ့အခါမှာ   ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနဲ့   ရောဂါပြင်းထန်လို့ ဆေးရုံ တက်ရောက်ရမှုကို  ထိရောက်စွာ ကာကွယ်နိုင်မှုအာနိသင် ၇၉ ရာခိုင် နှုန်းရှိတယ်လို့ သိရပါတယ်။ ဒါက   ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေနဲ့ ဒီဆေးအပေါ် ထုတ်ပြန်ထားတဲ့  ထုတ်ပြန်ချက်အရ သိရပါတယ်။


နောက်မကြာခင် မြန်မာနိုင်ငံက ဝယ်ယူထားတဲ့ Sputnik V နဲ့ ပတ်သက်ပြီး အကျဉ်းမျှ တင်ပြလိုပါတယ်။ Sputnik V ကို လောလော ဆယ်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အရေးပေါ်အသုံးပြုနိုင်တဲ့ ကာကွယ် ဆေးတွေထဲမှာ လက်ရှိ မပါဝင်သေးသော်လည်း၊ ဒီဆေးကို ရုရှားနိုင်ငံက အတည်ပြုထားတဲ့အပြင် နိုင်ငံပေါင်း ၆၀ ကျော်မှာ အသုံးပြုနေတဲ့ ကာကွယ်ဆေးဖြစ်ပါတယ်။ ဒီဆေးကို ရုရှားနိုင်ငံ Gamaleya Research Institute of Epidemiology and Microbiology က ထုတ်တာဖြစ်ပါ တယ်။ ဒီဆေးက လူမှာဖြစ်စေတဲ့ အအေးမိ၊ နှာစေးဖြစ်စေတဲ့ ဗိုင်းရပ်စ် နှစ်မျိုးကို ယူပြီးသုံးတာဖြစ်ပါတယ်။ ဆေးရဲ့ထိရောက်မှုက ၉၁ ဒသမ ၆ ရာခိုင်နှုန်းရှိပြီး (၃)ပတ်ခြားပြီး နှစ်ကြိမ်ထိုးနှံရတဲ့ ကာကွယ်ဆေး အမျိုးအစားဖြစ်ပါတယ်။


နောက်တစ်ခုက အိန္ဒိယနိုင်ငံထုတ် Covaxin ကာကွယ်ဆေးဖြစ်ပါ တယ်။ မြန်မာနိုင်ငံမှာ  အနည်းအကျဉ်း  ရရှိသုံးစွဲပြီး ဖြစ်ပါတယ်။ Covaxin ကို အိန္ဒိယနိုင်ငံက ကိုယ်ပိုင်ထုတ်လုပ်တဲ့ဆေး  ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ ကမ္ဘာ့ကာကွယ်ဆေးထုတ်လုပ်မှုရဲ့ ၄၀ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးနေတဲ့ အကြီးဆုံးကာကွယ်ဆေးထုတ်လုပ်တဲ့နိုင်ငံ ဖြစ်ပါ တယ်။ ဒီဆေးကို အိန္ဒိယနိုင်ငံ အစိုးရကအရေးပေါ် အသုံးပြုခွင့်ပေးထား တဲ့ဆေးဖြစ်ပါတယ်။ ဆေးရဲ့ထိရောက်မှုက ၇၈ ရာခိုင်နှုန်းရှိပြီး (၄) ပတ်ခြားပြီး နှစ်ကြိမ်ထိုးနှံရတဲ့ဆေး ဖြစ်ပါတယ်။ Covaxin ကာကွယ် ဆေးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေနဲ့ အရေးပေါ်ကာကွယ်ဆေးအဖြစ် အသုံးပြုခွင့်ပြုနိုင်ဖို့ လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေကို ဆောင်ရွက် လျက်ရှိပြီး တစ်ပတ်၊ နှစ်ပတ်အတွင်းမှာ ပါဝင်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ဆေးသိပ္ပံပညာရှင်အဖွဲ့ခေါင်းဆောင်က ပြောထားပါတယ်။ 


လက်ရှိမြန်မာနိုင်ငံအနေနဲ့ ဒီကာကွယ်ဆေးတွေကို ပြည်သူတွေကို ထိုးနှံပေးဖို့ စဉ်းစားတဲ့အခါ  အချက် (၃) ချက်နဲ့  မူတည်ပြီး စဉ်းစားပါ တယ်။ နံပါတ် (၁) ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ Pre - Qualified ကာကွယ် ဆေးဖြစ်ရဲ့လား၊ လက်ရှိကိုဗစ်- ၁၉ ကာကွယ်ဆေးတွေက တစ်နှစ် အတွင်း ထုတ်လုပ်ရတဲ့ ကာကွယ်ဆေးတွေဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ကာကွယ်ဆေးအများစုက တချို့ဆိုရင် ဆယ်စုနှစ် နဲ့ချီပြီး ကြာပါတယ်။ အစောဆုံးကာကွယ်ဆေးထုတ်နိုင်တယ်ဆိုရင် (၄)နှစ်ကျော်  ကြာပါ တယ်။ ကိုဗစ် - ၁၉ ရောဂါကို ကာကွယ်နိုင်ဖို့အတွက် ကာကွယ်ဆေးတွေ ထုတ်တဲ့အခါမှာ လူတွေရဲ့အသက်ကို အမြန်ဆုံးကာကွယ်နိုင်ဖို့အတွက် အမြန်ဆုံးထုတ်လုပ်ရပါတယ်။ အမြန်ဆုံးထုတ်လုပ်တဲ့အတွက် ဆေးရဲ့ စိတ်ချလုံခြုံမှု၊ ဘေးကင်းမှုကို ထည့်သွင်းစဉ်းစားရပါတယ်။ ဒါကြောင့် လက်ရှိအနေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ Pre - Qualified ကာကွယ် ဆေးအဖြစ် သတ်မှတ်ထားတာ မရှိပါဘူး။ လက်ရှိမှာ မွေးကင်းစကနေ အသက် ၁၃ နှစ်အထိ   မြန်မာနိုင်ငံမှာ  ကလေးတွေကို   ထိုးပေးတဲ့ ကာကွယ်ဆေး ၁၃ မျိုးက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ Pre - Qualified ကာကွယ်ဆေးတွေ ဖြစ်ပါတယ်။


သို့သော် ကိုဗစ် - ၁၉ ရောဂါနဲ့ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ Pre - Qualified ကာကွယ်ဆေးအဖြစ် သတ်မှတ်ထားတာ မရှိပေမယ့်။ အရေးပေါ်အသုံးပြုခွင့်အဖြစ် သတ်မှတ်ပြီး ကာကွယ်ဆေးတွေကို ခွင့်ပြုတာတွေရှိပါတယ်။ Covax Facility ကနေ ဖွံ့ဖြိုးဆဲနိုင်ငံတွေ၊ ဖွံ့ဖြိုးဖို့လိုတဲ့ နိုင်ငံတွေ၊ အလယ်အလတ်နိုင်ငံတွေပါဝင်တဲ့ နိုင်ငံပေါင်း ၁၉၀ ကို ကာကွယ်ဆေးတွေ ပေးပို့ဖို့အတွက် ဆောင်ရွက်နေပါတယ်။ ဒါကြောင့် နံပါတ် (၁)အချက်အနေနဲ့  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့  Eul List မှာပါဝင်တဲ့  ကာကွယ်ဆေးတွေကို   မြန်မာနိုင်ငံမှာ   ထိုးနှံပေးဖို့ အတွက် ဆောင်ရွက်မှာဖြစ်ပါတယ်။


နံပါတ် (၂) အချက်အနေနဲ့ ကာကွယ်ဆေးထုတ်လုပ်တဲ့ နိုင်ငံကနေ ပြီး သူတို့ရဲ့နိုင်ငံမှာရှိတဲ့ ကာကွယ်ဆေးနဲ့ပတ်သက်ပြီး အသိအမှတ်ပြုခွင့် ရှိတဲ့ အဖွဲ့အစည်းကနေပြီး အသုံးပြုခွင့် ပေးထားတဲ့ ကာကွယ်ဆေးတွေ ဆိုရင် မြန်မာနိုင်ငံမှာ အသုံးပြုပါမယ်။ ဒါကတစ်နည်းအားဖြင့် စိတ်ချရ တဲ့ကာကွယ်ဆေးဖြစ်တယ်ဆိုတာကို  သတ်မှတ်လို့ရပါတယ်။


နံပါတ် (၃) အချက်အနေနဲ့ သက်ဆိုင်ရာနိုင်ငံရဲ့ FDA က အသုံးပြုခွင့် အပြည့်အဝမပေးပေမယ့်၊ သက်ဆိုင်ရာထုတ်လုပ်တဲ့နိုင်ငံမှာ အရေးပေါ် အသုံးပြုဖို့အတွက် လောလောဆယ်  အသုံးပြုခွင့်ပေးတယ်ဆိုတဲ့ ကာကွယ်ဆေးတွေကိုလည်း အသုံးပြုခွင့်ပေးမှာ ဖြစ်ပါတယ်။ ဒီနေရာ မှာ ကိုယ့်နိုင်ငံရဲ့ FDA ကနေပြီး လိုအပ်တဲ့အချက်အလက်တွေ၊ စာရွက် စာတမ်းတွေ၊ စစ်ဆေးမှုတွေ ဆက်လုပ်မှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင် ပြီး မြန်မာနိုင်ငံ FDA က  အတည်ပြုချက်ပေးမှသာ  နိုင်ငံအတွင်းကို ကာကွယ်ဆေး တင်သွင်းခွင့်၊ အသုံးပြုခွင့်ပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးတွေကို ဘယ်လိုအချက်တွေနဲ့ ကိုက်ညီမှ ပြည်သူတွေကို  ထိုးနှံပေးဖို့အတွက် ရွေးချယ်တာကို  အများအနေနဲ့  ရှင်းပြီလို့ ထင်ပါ တယ်။


ဒီနေရာမှာ ကျွန်မတို့ ဝယ်ယူထားတဲ့ကာကွယ်ဆေးတွေအနေနဲ့ အိန္ဒိယနိုင်ငံက ကာကွယ်ဆေး   သန်း ၃၀ အနက် ၁၅ သန်းအတွက် ငွေပေးချေပြီးဖြစ်ပါတယ်။ သို့သော် နှစ်သန်းသာ  ရရှိသေးပါတယ်။ သူတို့နိုင်ငံရဲ့ လက်ရှိအခြေအနေမှာ ကိုဗစ်ရောဂါ ဖြစ်ပွားမှုတွေက များနေတယ်။ ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံထဲမှာပါတယ်။ ဖြစ်ပွား သေဆုံးမှုတွေကလည်း  ရှိနေတဲ့အတွက်ကြောင့် သူတို့နိုင်ငံရဲ့ ‌ရောဂါ ဖြစ်ပွားမှုကို အမြန်ဆုံးထိန်းချုပ်နိုင်ဖို့အတွက် ဆောင်ရွက်နေရတဲ့အတွက် ကြောင့် ကာကွယ်ဆေးဝယ်ယူထားတဲ့ တခြားနိုင်ငံကိုပေးပို့ဖို့ အခက် အခဲရှိတဲ့အတွက်ကြောင့် ယာယီပိတ်ပင်ထားပေမယ့် သူတို့နိုင်ငံရဲ့ ဖြစ်ပွားမှုနဲ့သေဆုံးမှုက မေလနဲ့ နှိုင်းစာရင် အများကြီးကျဆင်းလာတယ် လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိအမှတ်ပြုထားပါတယ်။ မကြာမီ အိန္ဒိယနိုင်ငံက ထိန်းချုပ်နိုင်တာနဲ့ တစ်ပြိုင်နက် ကာကွယ်ဆေးရောင်းချ ထားတဲ့နိုင်ငံတွေကို  ကာကွယ်ဆေးတွေ  တင်ပို့ဖို့ကိစ္စတွေ   သူတို့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ အဲဒီအခါမှာ မြန်မာနိုင်ငံကလည်း ဦးစားပေး နိုင်ငံထဲမှာ ပါဝင်တဲ့အတွက် ကာကွယ်ဆေးတွေ မကြာမီ ရရှိနိုင်ဖွယ်ရှိပါ တယ်။ 


ဒါ့အပြင်   ဒီကာကွယ်ဆေးတွေကို   အကြောင်းကြောင်းကြောင့် နောက်ကျရခြင်း မရှိရအောင်၊ ကိုယ့်နိုင်ငံသားတွေကို ကာကွယ်ဆေး အမြန်ဆုံးထိုးနှံနိုင်ဖို့အတွက် နောက်ထပ်အစီအစဉ်အနေနဲ့ တရုတ် နိုင်ငံကနေ ကာကွယ်ဆေးဝယ်ယူတာတွေ ရှိပါတယ်။  ရုရှားနိုင်ငံက လည်း   ကာကွယ်ဆေးဝယ်ယူတာတွေ   ရှိပါတယ်။   တရုတ်နိုင်ငံက ကာကွယ်ဆေး  ၄ သန်း  ဝယ်ယူထားပါတယ်။ sinovac ၂ သန်းနဲ့ sinopharm ၂ သန်း ဖြစ်ပါတယ်။ 


ဒါ့အပြင် တရုတ်နိုင်ငံက အိမ်နီးချင်းနိုင်ငံ ချစ်ခင်ရင်းနှီးမှုရဲ့ ပြယုဂ် အဖြစ် နောက်ထပ် sinopharm  ၂ သန်း လှူဒါန်းဖို့ရှိပါတယ်။ ဒါဆိုရင် တရုတ်နိုင်ငံက sinovac ကာကွယ်ဆေး ၂ သန်းနဲ့ sinopharm ကာကွယ် ဆေး ၄ သန်း မကြာမီ ရလာဖွယ်ရှိပါတယ်။  


ဒီလစတုတ္ထပတ်ထဲမှာ   sinovac   ကာကွယ်ဆေး  ၁ သန်းရောက်ရှိ ဖွယ်ရှိပြီး ဩဂုတ်လ  ၆ ရက်၊  ၇ ရက်  ပထမပတ်ထဲမှာ နောက်ထပ် ကာကွယ်ဆေး ၃ သန်း  ရောက်ရှိဖွယ်ရှိပါတယ်။ ဒါ့အပြင် ဩဂုတ်လ မကုန်ခင်မှာ နောက်ထပ် ကာကွယ်ဆေး ၂ သန်းရရှိဖွယ်ရှိတဲ့အတွက် ဒီလနဲ့   ရှေ့လအတွင်းမှာ  ကာကွယ်ဆေး ၆ သန်း ရောက်ရှိနိုင်ဖွယ် ရှိတဲ့အတွက် ရရှိပြီဆိုတာနဲ့ ဦးစားပေးထိုးနှံရမယ့် လူအုပ်စုတွေကို အမြန်ဆုံးထိုးနှံဖို့လည်း အစီအစဉ်တွေ ရေးဆွဲထားပြီးဖြစ်ပါတယ်။ 


ဒါ့အပြင် ရုရှားနိုင်ငံကနေ Sputnik V နဲ့ Sputnik Light ကာကွယ် ဆေးတွေကို   ဝယ်ယူထားတာရှိပါတယ်။   ရုရှားနိုင်ငံကလည်း   အခု လောလောဆယ်မှာ   သူတို့နိုင်ငံမှာလည်း     ရောဂါဖြစ်ပွားမှုတွေကို ထိန်းချုပ်နေရတဲ့အတွက် ကာကွယ်ဆေးတွေကို သူတို့အနေနဲ့အမြန်ဆုံး ပေးပို့နိုင်ဖို့   ဆောင်ရွက်မယ်လို့   ယုံကြည်ပါတယ်။    မကြာမီအချိန် အတွင်းမှာ   ရရှိနိုင်ဖွယ်ရှိပါတယ်။   Sputnik V က အခုလက်ရှိမှာ နိုင်ငံပေါင်း ၆၀ ကျော်မှာ အသုံးပြုနေပါတယ်။ လက်ရှိမှာလည်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အရေးပေါ်အသုံးပြုနိုင်တဲ့ ကာကွယ်ဆေး စာရင်းထဲမှာပါဝင်ဖို့ ကိစ္စရပ်တွေ ဆောင်ရွက်နေပါတယ်။ 


Sputnik Light က တစ်ကြိမ်ပဲ ထိုးရတဲ့ကာကွယ်ဆေး  ဖြစ်ပါ တယ်။ တစ်ကြိမ်တည်း  ထိုးရပေမယ့်  ကာကွယ်ဆေးရဲ့ အာနိသင်က ၉၂ ရာခိုင်နှုန်းလောက်ရှိတယ်။ သို့သော် Clinical Trials Phase တွေ ပြီးဆုံးအောင်  ဆောင်ရွက်နေဆဲကာလဖြစ်တဲ့အတွက်ကြောင့်  ရုရှား အနေနဲ့ Approved ဖြစ်ပြီးပြီဆိုရင် ဒါကိုတခြားနိုင်ငံတွေကို ရောင်းချ နိုင်ဖွယ် ရှိပါတယ်။ 


၂၀၂၁   ခုနှစ်မကုန်ခင်မှာ   ကာကွယ်ဆေးထိုးနှံဖို့  အကျုံးဝင်တဲ့ အသက်   ၁၈ နှစ်အထက် လူဦးရေ ၃၈ ဒသမ ၃ သန်းရဲ့ ထက်ဝက် ၅၀ ရာခိုင်နှုန်း သန်း ၂၀ လောက်ကို ကျွန်မတို့ ကာကွယ်ဆေးထိုး ပေးဖို့ ရည်မှန်းထားတာဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရက ပြည်သူ လူထုကို ကာကွယ်ဆေးတွေ အခမဲ့ထိုးနှံပေးဖို့ စီစဉ်တာနဲ့ တစ်ပြိုင်နက် တည်းမှာ   ပုဂ္ဂလိက  ကဏ္ဍကလည်း  ကာကွယ်ဆေးတွေကို  ဝယ်ယူ တင်သွင်းဖြန့်ချိပြီး‌     ငွေကြေးအသင့်အတင့်      တတ်နိုင်တဲ့သူတွေ  (ကာကွယ်ဆေးက ထိုးထားချင်တယ်၊ သို့သော် ဦးစားပေးအုပ်စုထဲမှာ  မပါသေးဘူး။ စောင့်နေရမှာစိုးတဲ့အတွက် လောလောဆယ် ကာကွယ်  ဆေးထိုးထားချင်တယ်၊ ကာကွယ်ချင်တယ်ဆိုရင်) ပုဂ္ဂလိကကဏ္ဍက  တင်သွင်းဖြန့်ချိတဲ့ ကာကွယ်ဆေးတွေကို ထိုးနှံဖို့အတွက် မတ်လထဲက ပုဂ္ဂလိက ကဏ္ဍ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်ဖို့ ကာကွယ် ဆေးတွေကို တင်သွင်းဖြန့်ချိခွင့်ပြုဖို့ ကိစ္စတွေကိုလည်း ခွင့်ပြုထားပြီး ဖြစ်ပါတယ်။ တချို့ကုမ္ပဏီတွေလည်း ခွင့်ပြုချက်ရရှိပြီး ကာကွယ်ဆေး တွေ ထိုးနှံဖို့အတွက် Pre Order မှာတဲ့ ကိစ္စတွေကိုလည်း ဆောင်ရွက် နေတာ တွေ့ရှိရပါတယ်။ 


ဒါ့အပြင်    အခုကျွန်မတို့   ဝယ်ယူထားတဲ့     ကာကွယ်ဆေးတွေ၊ ပုဂ္ဂလိက ကဏ္ဍတွေအပြင်   Covax Facility ကလည်း ကာကွယ်ဆေးတွေ ရရှိဖို့အတွက် ဆောင်ရွက်နေပါတယ်။ Covax Facility ဆိုတာက WHO  ကနေ    ကာကွယ်ဆေးနဲ့ပတ်သက်ပြီး     အားလုံးတန်းတူညီတူရရှိဖို့ ဆောင်ရွက်ထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ Covax Facility ကနေ Global Alliance  for  Vaccine   နဲ့ပူးပေါင်းပြီး    ကာကွယ်ဆေးတွေ   ရရှိဖို့ ဆောင်ရွက်လျက် ရှိပါတယ်။ 


ဒီလိုဆောင်ရွက်ရာမှာ အခုဆိုရင် ကမ္ဘာ့နိုင်ငံ ၁၉၀ ကို ကာကွယ်ဆေး တွေ ပေးပို့ဖို့ရှိပါတယ်။ လက်ရှိ အနေအထားအရ ၁၃၄ နိုင်ငံကို ပေးပို့ ထားပြီးဖြစ်ပါတယ်။ ဇူလိုင်လ ၂ ရက်မှာ Covax Facility အဖွဲ့အစည်းရဲ့  ထုတ်ပြန်ချက်အရ ပြောရခြင်းဖြစ်ပါတယ်။ ၁၃၄ နိုင်ငံကို ကာကွယ်ဆေး  ၉၅ သန်း ဖြန့်ဖြူးထားပြီး ဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံလည်း မကြာမီ အချိန်အတောအတွင်းမှာ Covax Facility ကနေ ကာကွယ်ဆေးတွေ ရောက်ရှိနိုင်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ 


ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ဇူလိုင်လ ၇ ရက် မီဒီယာတွေ့ဆုံပွဲမှာ ပြောကြားသွားတာရှိပါတယ်။ လက်ရှိအနေအထားအရ စက်တင်ဘာလ အကုန်မှာ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံအားလုံးရဲ့ လူဦးရေ ၁၀ ရာခိုင်နှုန်းကို  ကာကွယ်ဆေးထိုးနှံဖို့ လိုအပ်နေပါတယ်။ ဒါကြောင့် အရေးကြီးပါတယ်။  ၂၀၂၁ ခုနှစ် နှစ်ကုန်မှာဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတွေရဲ့ လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်း ကာကွယ်ဆေးထိုးပြီးဖို့ လိုအပ်ပါတယ်။ ၂၀၂၂ ခုနှစ် နှစ်လယ်မှာ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်း ကာကွယ်ဆေးထိုးထားခြင်းဖြင့် ကျွန်မတို့သည်   ကိုဗစ်-၁၉  ကို  ကြောက်စရာမလိုဘဲ ပုံမှန်အတိုင်း လည်ပတ်နိုင်တဲ့  အခြေအနေမျိုးကို  ရောက်ရှိဖို့  လိုအပ်ပါတယ်လို့ ပြောထားတာ ရှိပါတယ်။ 
အခု ဒီလပိုင်း၊ ဒီတစ်ပတ်အတွင်းမှာ ကိုဗစ်-၁၉ ရောဂါတွေ ဖြစ်ပွား မှုတွေက တိုးတက်နေပါတယ်။ ဘာကြောင့်လဲဆိုတာနဲ့ ပတ်သက်ပြီး WHO က တွေ့ရှိချက် ၄ ချက်ကို ထုတ်ပြန်ထားပါတယ်။ နံပါတ် ၁ က  Variants တွေဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါကို ဖြစ်စေတဲ့ SARS- CoV-2 ဗိုင်းရပ်စ်က မျိုးကွဲတွေ ဖြစ်ပေါ်လာတဲ့အတွက်ကြောင့် ကမ္ဘာ ပေါ်မှာ  ရောဂါကူးစက်မှုတွေက  ပြန်ပြီးမြင့်တက်လာခြင်းဖြစ်သလို အချို့နေရာတွေမှာဆိုရင် အတော့်ကို အရှိန်အဟုန်နဲ့ ရောဂါဖြစ်ပွားမှုတွေ သေဆုံးမှုတွေ များလာရခြင်းဖြစ်ပါတယ်။ Variants က အခုရောဂါ  ဖြစ်ပွားမှုမြင့်တက်နေရခြင်းရဲ့ ပထမဦးဆုံးအရင်းခံ  အကြောင်းရင်း ဖြစ်ပါတယ်။ 
နံပါတ် (၂) အချက်က အခုဆိုရင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားတာ တစ်နှစ်ခွဲလောက်ရှိပါပြီ။ လူတွေက ငြီးငွေ့လာကြပြီ။ ဒါနဲ့ပတ်သက်ရင် လူတွေက လွတ်လွတ်လပ်လပ် မနေရဘူး။ စိတ်သောကနဲ့နေရတဲ့အခါ လူတွေက အပြင်ထွက်လာချင်တယ်။ တစ်ယောက်နဲ့ တစ်ယောက်က ထိတွေ့မှုတွေ များလာတယ်။ အဲဒီအခါ လူတစ်ယောက်က ပိုးရှိရင် သူနဲ့ထိတွေ့တဲ့ Contact Person က များလာပါတယ်။ ဒီ Contact Person က သူတို့ရဲ့ မိသားစုဝင်တွေနဲ့ ထပ်ပြီးထိတွေ့မှုတွေ ဖြစ်ပြီး ကူးစက်မှုတွေက များလာရခြင်းဖြစ်ပါတယ်။ ဒါကြောင့် လူမှုရေးအရ ထိတွေ့မှုတွေ များလာတာကလည်း အခုကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှုရဲ့ ဒုတိယလက်သည်ဖြစ်ပါတယ်။ 


တတိယလက်သည်က လူတွေကကြာလာတော့ ကိုဗစ် - ၁၉ ကို ယဉ်ပါးသလိုဖြစ်လာပြီး သူ့ရဲ့ ဘေးဥပဒ်ဖြစ်နိုင်မှု၊ အန္တရာယ်ပေးနိုင်မှုကို လျှော့တွက်လာကြပါတယ်။ ကိုဗစ် - ၁၉ရဲ့ စည်းကမ်းချက်တွေဖြစ်တဲ့ ပါးစပ်နှာခေါင်းစည်းတပ်တာ၊   လက်ဆေးတာ၊     လူအုပ်စုတွေကို ရှောင်တာ၊ ချောင်းဆိုး၊ နှာချေရင် အုပ်ပြီးချောင်းဆိုး၊ နှာချေလုပ်ရမယ် ဆိုတာတွေကို မလိုက်နာတာ၊ လေကောင်းလေသန့် ရတဲ့နေရာတွေမှာ  မနေဘဲ အခန်းကျဉ်းတွေ အလုံပိတ်တဲ့နေရာမှာ စုဝေးကြတာ၊ ကာကွယ် ဆေးထိုးဖို့အတွက်   အခွင့်အရေးရပေမယ့်  အချို့ဆိုရင်   အယူအဆ မှားတွေ၊ အတွေးအခေါ်မှားတွေ၊ သတင်းအမှားတွေကြောင့် ကာကွယ် ဆေးထိုးနှံဖို့    ပျက်ကွက်တာတွေ   ရှိပါတယ်။   အဲဒီအခါ   ကိုဗစ်-၁၉ စည်းကမ်းချက်တွေကို လိုက်နာဖို့ပျက်ကွက်တဲ့အခါ ရောဂါဖြစ်ပွား မှုတွေက မြင့်တက်လာတာရှိပါတယ်။ ဒါကတတိယအချက်ဖြစ်ပါတယ်။


စတုတ္ထအချက်နဲ့ အရေးအကြီးဆုံးက ကာကွယ်ဆေးရရှိမှု မညီမျှ မှုပဲ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ချမ်းသာတဲ့နိုင်ငံတွေက သူ့နိုင်ငံလူဦးရေရဲ့ နှစ်ဆလောက်ပိုလျှံအောင်   ကာကွယ်ဆေးတွေ   ဝယ်ယူထားနိုင်တဲ့ အခြေအနေမှာ ဖွံ့ဖြိုးဖို့လိုအပ်တဲ့၊ ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ တိုင်းပြည် တွေက ကာကွယ်ဆေးရရှိမှုမှာ အခက်အခဲရှိပါတယ်။ ကာကွယ်ဆေးရဲ့  ထုတ်လုပ်နိုင်စွမ်းနဲ့ ကာကွယ်ဆေးရဲ့ လိုအပ်ချက်၊ ဝယ်လိုအားက မမျှတပါဘူး။ ထုတ်နိုင်စွမ်းက နည်းပါတယ်။ 


အဲဒီအခါ ချမ်းသာတဲ့နိုင်ငံတွေက အလုအယက်နဲ့ ကာကွယ်ဆေးကို  လိုတာထက်ပိုပြီး အမျိုးအစား အများကြီးဝယ်ယူထားတဲ့အချိန်မှာ  ဖွံ့ဖြိုးဆဲနိုင်ငံ၊   ဖွံ့ဖြိုးဖို့လိုအပ်တဲ့  နိုင်ငံတွေက ကာကွယ်ဆေးရဖို့မှာ အတားအဆီးဖြစ်ပါတယ်။ လက်ရှိအနေအထားအရ ဖွံ့ဖြိုးမှုလိုအပ်တဲ့ နိုင်ငံတွေမှာ တစ်ရာခိုင်နှုန်းတောင် ကာကွယ်ဆေးရရှိနိုင်မှု မရှိပါဘူး။ တစ်ရာခိုင်နှုန်းဆိုတာ ကာကွယ်ဆေး တစ်ကြိမ်ကို ပြောခြင်းဖြစ်ပါတယ်။ ကာကွယ်ဆေးအပြည့်အဝကို ပြောခြင်းမဟုတ်ပါဘူး။ 
ဒီလောက်တောင်မှ   ရရှိမှုအားနည်းနေတဲ့အချိန်မှာ    ဖွံ့ဖြိုးဆဲ နိုင်ငံတွေ၊ ဖွံ့ဖြိုးမှုလိုအပ်တဲ့ နိုင်ငံတွေမှာ ကိုဗစ်-၁၉ ကြောင့် ရောဂါ ဖြစ်ပွားမှု၊   ဒီလိုဖြစ်ပွားတဲ့အခါမှာ  အသက်ကြီးတဲ့သူတွေ၊   ရောဂါ နောက်ခံရှိတဲ့သူတွေမှာ ရောဂါပိုးကူးစက်ခံရပြီဆိုရင် သေဆုံးမှုကပါ နောက်ကတစ်ပါတည်း  လိုက်ပါတယ်ဆိုတာကို  သိစေချင်ပါတယ်။ ဒါဆိုရင်    ကာကွယ်ဆေးဟာ   ဘယ်လောက်အထိ   အရေးပါတယ်။ ကိုဗစ်-၁၉  နဲ့ပတ်သက်တဲ့   စည်းကမ်းချက်တွေကို   လိုက်နာဖို့ဟာ ဘယ်လောက်အထိ အရေးကြီးတယ်ဆိုတာကို သတိပြုမိမယ် ထင်ပါ တယ်။


ကျွန်မတို့   နိုင်ငံအနေနဲ့လည်း  ရှိတဲ့စွမ်းပကားနဲ့   ကိုယ့်ပြည်သူ ပြည်သားတွေကို ကာကွယ်ဆေးတွေ အလျင်အမြန်ရရှိနိုင်ဖို့၊ စိတ်ချရတဲ့  အရည်အသွေးမြင့်တဲ့ ကာကွယ်ဆေးတွေကို ထိုးနှံပေးနိုင်ဖို့အတွက်  အဘက်ဘက်က ကြိုးစားလုပ်ဆောင်နေတဲ့အတွက် ကာကွယ်ဆေးတွေ မကြာမီ ရရှိလာရင် ထိုးနှံဖို့အခွင့်အရေးရရှိမယ်ဆိုရင် အမြန်ဆုံးထိုးနှံဖို့ လိုအပ်ပါတယ်။ စောင့်ရတဲ့လူတွေ အနေနဲ့လည်း စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပြီး    ကာကွယ်ဆေးရဲ့   အာနိသင်ကိုလည်း   မကြာမတင် ရရှိမယ်။ ကာကွယ်ဆေး မရခင်ကာလမှာလည်း ကိုဗစ်-၁၉ စည်းကမ်း ချက်တွေကို  လိုက်နာမယ်ဆိုရင်  ကိုဗစ်-၁၉ ကြောင့်  ရောဂါဖြစ်ပွားမှု၊ သေဆုံးမှုကနေ    အများကြီးကာကွယ်နိုင်မယ်ဆိုတာကို     ပြောကြား လိုပါတယ်။ ကျေးဇူးတင်ပါတယ်။