နိုင်ငံ့အကျိုးပြုသုတေသနများ ထိရောက်အောင်ဆောင်ရွက်ရင်း ပြည်သူ့အကျိုးအတွက် နည်းပညာရှင်ကောင်းများဖြစ်စေရေးဆောင်ရွက်

 

နေပြည်တော်   ဒီဇင်ဘာ   ၉


နည်းပညာ၊   သက်မွေးပညာနှင့် လေ့ကျင့်ရေး  ဆရာအတတ်သင် ကောလိပ်၊    TVET    Teacher Training    Colleague  ၊    TTTC (ဘယ်လင်း)  စတုတ္ထအကြိမ်မြောက် ဆရာ  ဆရာမများ၏   လက်တွေ့ ကျွမ်းကျင်မှုနှင့် တီထွင်ဆန်းသစ်မှု စွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်း အနားကို ဒီဇင်ဘာ ၆ ရက်တွင် ကျင်းပရာ ဒုတိယဝန်ကြီးဒေါက်တာ အောင်ဇေယျ     တက်ရောက်၍  နိုင်ငံ့ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို  အကောင်   အထည်ဖော်ရာတွင် လိုအပ်သည့် ကျွမ်းကျင်နည်းပညာ ရှင်များကို အရည်အသွေးပြည့်မီစွာ   မွေးထုတ်နိုင်ရန် ဆရာ ဆရာမများ ၏ စွမ်းရည်ကို အစဉ်မြှင့်တင်ရေး      ဆောင်ရွက်ကြရန်     အဖွင့်အမှာ စကား ပြောကြားသည်။
ထို့နောက် TTTC(ဘယ်လင်း) ကျောင်းအုပ်ကြီးက ပြိုင်ပွဲဆိုင်ရာ များကို        ရှင်းလင်းတင်ပြခဲ့ပြီး ဆုရရှိသူများကိုယ်စား      ဆရာ တစ်ဦးက    ကျေးဇူးတင်စကား ပြောကြားသည်။ 
ယင်းနောက် ဒုတိယဝန်ကြီး နှင့် တာဝန်ရှိသူများသည် ဂုဏ်ပြု လွှာနှင့်   ဆုများပေးအပ်ချီးမြှင့်ခဲ့ ကြပြီး ဆရာ    ဆရာမ များကို    ရင်းရင်းနှီးနှီး    နှုတ်ဆက် အားပေး၍  တီထွင်မှုပြခန်းများကို ကြည့်ရှုသည်။
ဒီဇင်ဘာ ၇ ရက် နံနက်ပိုင်း တွင် ဒုတိယဝန်ကြီးသည် အစိုးရ နည်းပညာ အထက်တန်းကျောင်း (ကျောက်ဆည်) သို့ရောက်ရှိခဲ့ပြီး အင်ဂျင်နီယာဌာနများရှိ အလုပ်ရုံ များကို        ကြည့်ရှုစစ်ဆေးကာ ပြည်သူများ၏ ဘဝရပ်တည်ချက်  ခိုင်မာစေပြီး ဒေသလိုအပ်ချက်နှင့် အညီ ကျွမ်းကျင်နည်းပညာရှင်များ ကို   သတ်မှတ်စံနှုန်းများအတိုင်း မွေးထုတ်ရန်၊ ကျောင်းဆင်းများ၏ ဘဝအဆင့်အတန်းမြင့်မားလာမှုများကို     ကျောင်းသားသစ်များ အားကျအတုယူနိုင်ရေး စစ်တမ်း/ မှတ်တမ်းများဖြင့်     စနစ်တကျ ဆောင်ရွက်ရန်မှာကြားသည်။
ထို့နောက်   ဒုတိယဝန်ကြီး သည် ကျောက်ဆည်မြို့ရှိ ဇီဝနည်း ပညာ    သုတေသနဦးစီးဌာနသို့ ရောက်ရှိခဲ့ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံပွဲ၌ အမျိုးသားရေးရည်မှန်း ချက်များဖြစ်သည့်     တိုင်းပြည် သာယာဝပြောရေးနှင့်     စားရေ ရိက္ခာဖူလုံရေးတို့ကို   အောင်မြင် အောင်       ဆောင်ရွက်ရာတွင် တစ်တပ်တစ်အား    ဖြစ်စေမည့် သုတေသနများကို   ဆက်စပ် ဌာနများနှင့် ပူးပေါင်းဆောင်ရွက် ရန်  မှာကြားကာ ဝန်ထမ်းများ၏ လိုအပ်ချက်များကို    ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ 
ယင်းနောက်   ဒုတိယဝန်ကြီး သည်    Black Rice နှင့်   အခြား အရည်အသွေးမြင့် စပါးမျိုးသစ် များဆိုင်ရာ သုတေသနရလဒ်များ၊ ဇီဝမှိုသတ်ဆေးထုတ်လုပ်မှု၊ နိုင်ငံ တကာ အဏုမြူစွမ်းအင်အေဂျင်စီ နှင့်    ပူးပေါင်းဆောင်ရွက်လျက် ရှိသည့် သီးထိုးယင် ထိန်းချုပ်ခြင်း သုတေသနရလဒ်၊  တိုင်းရင်းဆေး ဘက်ဆိုင်ရာ သုတေသန၊ သဘာဝ မြေဩဇာများ      စမ်းသပ်မှုများ၊    စွန့်ပစ်ပစ္စည်း    ပြန်လည်အသုံးပြု သော အိမ်ခြံဝင်း သီးနှံစိုက်ပျိုးခင်း များကို      ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို    မှာကြား သည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး သည် အစိုးရနည်းပညာ အထက် တန်းကျောင်း   (မိတ္ထီလာ)     နှင့် ကွန်ပျူတာတက္ကသိုလ်(မိတ္ထီလာ)တို့ကို ကြည့်ရှုစစ်ဆေးကာ ထူးချွန် ထက်မြက်ပြီး စိတ်ဓာတ်ကောင်း မွန်သော      တိုင်းကျိုးပြည်ပြု အိုင်တီနည်းပညာရှင်ကောင်းများ ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက် ကြရန်၊    ဘာသာရပ်အကျိုးပြု စာတမ်းများ           ဖတ်ရှုကြရန်၊ အားလပ်ချိန်များကို   အကျိုးရှိရှိ အသုံးချကြရန် တိုက်တွန်းမှာကြား ကာ  လိုအပ်ချက်များကို ဖြည့် ဆည်းပေးသည်။ 
သတင်းစဉ်