
နေပြည်တော် အောက်တိုဘာ ၁၉
မိဘပြည်သူများ ဇာတ်သဘင် ဖျော်ဖြေတင်ဆက်မှုဖြင့် စိတ်အပန်းပြေ စေရန်၊ လူငယ်လူရွယ်များ ဗုဒ္ဓဝင်ဇာတ်နိပါတ်တော်များအကြောင်း သိရှိနားလည်ပြီး အသိပညာဗဟုသုတ ရရှိနိုင်ရန်နှင့် သဘင်ပညာရှင် များ၏ အနုပညာရသ စွမ်းရည်များ ဖော်ထုတ်ပြသနိုင်ရန် ရည်ရွယ်ချက် များဖြင့် “နိပါတ်တော်လာ ဇာတ်သဘင်မဟာအစီအစဉ်” ဆန်းသစ် တင်ဆက်မှုကို အောက်တိုဘာ ၂၂ ရက်မှစတင်၍ အပတ်စဉ် စနေနေ့ ညတိုင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့်ပြသမည်ဖြစ်သည်။
အဆိုပါ “ဥမ္မာဒန္တီ” ဇာတ်တော် (အပိုင်း-၁) ကို သဘင်ပညာရှင် ပတ္တမြားကေခိုင် စီစဉ်ပြီး Art Director ဆန်းမင်း၏ အနုပညာဖန်တီးမှု၊ ရွာစားဝါးခယ်မ စိန်မုန့်လုံး၏ တီးခတ်မှုနှင့်အတူ တင်မောင်ဆန်းမင်းဝင်း၊ ဘွန်း၊ ရေကြည်ချမ်းမြ၊ ထက်ကို၊ ဆန်းနေအောင်တို့နှင့်အတူ သဘင် ပညာရှင်များ၊ အနုပညာရှင်များက ပါဝင်တင်ဆက်ကြမည်ဖြစ်သည်။
ထိုသို့တင်ဆက်မှုကို အောက်တိုဘာ ၂၂ ရက် (စနေနေ့) ည ၈ နာရီ သတင်းအပြီး ည ၉ နာရီခန့်တွင် ပြသမည်ဖြစ်ပြီး အဆိုပါ အစီအစဉ်ကို အောက်တိုဘာ ၂၆ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၆ နာရီသတင်းအပြီး ညနေ ၆ နာရီ ၁၅ မိနစ်ခန့်တို့တွင် ပြန်လည်ပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်