“ငါးပါဒအက္ခရာ” ဇာတ်တော်ကြီး ရုပ်စုံသဘင်ပြိုင်ပွဲနှင့် “ရာမာယဏ” ဇာတ်တော်ကြီးပြိုင်ပွဲများ ကပြယှဉ်ပြိုင်

 

 

နေပြည်တော်   အောက်တိုဘာ   ၁၃


(၂၃)ကြိမ်မြောက်  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (ဗဟို အဆင့်) တတိယနေ့ကို  ယနေ့နံနက်ပိုင်း တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ရှိ သတ်မှတ်နေရာအသီးသီးတွင် စည်ကား သိုက်မြိုက်စွာ    ဆက်လက်ကျင်းပသည်။

 


ယခုနှစ်ကျင်းပသည့်  အဆို၊  အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွင်  အကဲဖြတ် ပညာရှင်များ၊ ပြိုင်ပွဲဝင်များ၊  နည်းပြများ၊ အုပ်ချုပ်သူများ    စိတ်အေးချမ်းသာစွာ တည်းခိုနေထိုင်   လေ့ကျင့်ယှဉ်ပြိုင်နိုင်ရန် လုံခြုံရေး၊      ပို့ဆောင်ဆက်သွယ်ရေး၊ ကြိုဆိုနေရာချထားရေး၊   တည်းခိုနေထိုင် ရေး၊   ဧည့်ခံကျွေးမွေးရေး၊   ကျန်းမာရေး စသည့်ကိစ္စရပ်များကို   ပြည့်စုံစွာ  စီမံ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ပြိုင်ပွဲ ကာလအတွင်း တည်းခိုနေထိုင်ရာမှ ပြိုင်ပွဲ ကျင်းပမည့်နေရာသို့  အချိန်မီပို့ဆောင်ပေး ခြင်း၊ ကျန်းမာရေးဆိုင်ရာ  သတ်မှတ်ချက် များနှင့်အညီ နေထိုင်သွားလာစားသောက် နိုင်ရန်နှင့်   နေ့စဉ်ဧည့်ခံကျွေးမွေးသည့် အစားအစာများတွင်   အာဟာရပြည့်စုံပြီး ကျန်းမာရေးနှင့်ညီညွတ်မှုရှိစေရန် စီစဉ် ပေးခြင်း၊ ဆရာဝန်၊ ဆရာမများ၊ တိုင်းရင်း ဆေးပညာရှင်များ၏        ကျန်းမာရေး စောင့်ရှောက်မှုခံယူနိုင်ရန်  စီစဉ်ပေးခြင်း၊ ယာယီဆက်သွယ်ရေးစခန်းများ၊ သက်သာ ချောင်ချိရေး စားသောက်ဆိုင်များ ဖွင့်လှစ် ၍ လူသုံးကုန်ပစ္စည်းများနှင့် ကျန်းမာရေး နှင့် ညီညွတ်သော  အဆာပြေအစားအစာ များ ဝယ်ယူစားသုံးနိုင်ရန်   စီမံပေးခြင်း တို့ကို     ဆောင်ရွက်ထားကြောင်းနှင့် လာရောက်       ကြည့်ရှုအားပေးကြမည့် ဧည့်ပရိသတ်များအတွက်ပါ လိုအပ်သည့် ကျန်းမာရေးဆိုင်ရာ   ကြိုတင်ကာကွယ်မှု များကို ပြင်ဆင်ထားကြောင်း သိရသည်။

 


“မဟာဂီတ” တေးသီချင်း
အဆိုပြိုင်ပွဲ


ယနေ့တွင်  “မဟာဂီတ”  တေးသီချင်း အဆိုပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)   Banquet Hall ၌ ကျင်းပရာ ဝါသနာရှင်အဆင့် (ဒုတိယ တန်း)    အမျိုးသမီးပြိုင်ပွဲတွင်   ရခိုင် ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “စိန်ကြယ်ညီးလင်း”   (မွန်) ဖြင့်  လည်း ကောင်း၊     စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ    ပြိုင်ပွဲဝင် များက  “ဇမ္ဗူကျွန်းလုံး”  (သီချင်းခံ) ဖြင့် လည်းကောင်း၊  မန္တလေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့မှ    ပြိုင်ပွဲဝင်များက “စက်လဲဘုံဘွေ”    (ပတ်ပျိုး)  ဖြင့် လည်း ကောင်း၊   ရှမ်းပြည်နယ်မှ    ပြိုင်ပွဲဝင်က “နှင်းယွန်းဂိမှာန်”(မွန်) ဖြင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးနှင့်  ဧရာဝတီတိုင်း ဒေသကြီးတို့မှ  ပြိုင်ပွဲဝင်များက “ပန်းမြိုင် လယ်”   (ယိုးဒယား)   ဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့်   (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း)   အမျိုးသားပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးမှ        ပြိုင်ပွဲဝင်က “အာကာတစ်ခို”   (ပတ်ပျိုး)   ဖြင့်လည်း ကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊   ရှမ်း ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက  “သည်ဆောင်းဟေမာန်” (ဘွဲ့) ဖြင့်လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီးနှင့် ကရင်ပြည်နယ်တို့မှ ပြိုင်ပွဲ ဝင်များက “ရွှေပစ္စုန်”  (ယိုးဒယား) ဖြင့် လည်းကောင်း၊  တနင်္သာရီတိုင်းဒေသကြီး မှ ပြိုင်ပွဲဝင်က “ရွှန်းရွှန်းမြ” (သီချင်းခံ) ဖြင့်လည်းကောင်း   သာယာငြိမ့်ညောင်း သည့် မြန်မာ့ဂီတရသကို ဖော်ကျူးသီဆို ယှဉ်ပြိုင်ကြသည်။

 


“ကာလပေါ် ” တေးသီချင်းအဆိုပြိုင်ပွဲ


“ကာလပေါ်”   တေးသီချင်းအဆို ပြိုင်ပွဲကို     မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) Signing Room ၌ ကျင်းပရာ ဝါသနာရှင်အဆင့် (ပထမ တန်း) အမျိုးသမီးပြိုင်ပွဲတွင် မွန်ပြည်နယ် နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ  ပြိုင်ပွဲဝင် များက   “ဂီတရေစီးကြောင်း”   သီချင်းဖြင့် လည်းကောင်း၊ ရခိုင်ပြည်နယ်မှ ပြိုင်ပွဲဝင် က “နီးအောင်ပင်လှမ်း” သီချင်းဖြင့်လည်း ကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ပြိုင်ပွဲ ဝင်က “သုံးရွှေ့လယ်”   သီချင်းဖြင့်လည်း ကောင်း၊     တနင်္သာရီတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က   “ဂီတအခြေခံ”   သီချင်းဖြင့် လည်းကောင်း၊    ပဲခူးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က   “ချစ်မိုးကြီး”    သီချင်းဖြင့် လည်းကောင်း၊   မကွေးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က   “သံယောဇဉ်”   သီချင်းဖြင့် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ   ပြိုင်ပွဲဝင် များက   “ဆယ့်နှစ်လရာသီ”   သီချင်းဖြင့် လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသားပြိုင်ပွဲတွင်  ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီး၊  ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ    ပြိုင်ပွဲဝင် များက “မျိုးချစ်စိတ်” သီချင်းဖြင့်  လည်း ကောင်း၊ ကရင်ပြည်နယ်နှင့် မကွေးတိုင်း ဒေသကြီးတို့မှ   ပြိုင်ပွဲဝင်များက    “မိုးကြို တေးအလှ နယုန်လ”    သီချင်းဖြင့်လည်း ကောင်း၊   ရခိုင်ပြည်နယ်၊   ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ မှ ပြိုင်ပွဲဝင်များက “အမှတ်မထင်” သီချင်း ဖြင့်လည်းကောင်း၊   စစ်ကိုင်းတိုင်းဒေသ ကြီးမှ    ပြိုင်ပွဲဝင်က   “အမတမျိုးစေ့” သီချင်းဖြင့်လည်းကောင်း၊   အခြေခံပညာ အဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင်  ကချင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့မှ   ပြိုင်ပွဲဝင်များ က   “သူရကန်အရောင်မှိတ်သော်လည်း” သီချင်းဖြင့်လည်းကောင်း၊        ကယား ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက   “လမြတ် တန်ဆောင်” သီချင်းဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်၊   ရခိုင်ပြည်နယ်၊    ရှမ်း ပြည်နယ်၊     စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့်   မန္တလေးတိုင်း ဒေသကြီးတို့မှ  ပြိုင်ပွဲဝင်များက  “ကိုယ့် အမျိုးကို ကိုယ်ချစ်”    သီချင်းဖြင့်လည်း ကောင်း၊     တနင်္သာရီတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ   ပြိုင်ပွဲဝင် များက   “မြပုဏ္ဏမာ”   သီချင်းဖြင့်လည်း ကောင်း       ဖော်ကျူးသီဆိုယှဉ်ပြိုင်ကြ သည်။ 

 


အကပြိုင်ပွဲ


အကပြိုင်ပွဲကို     သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ   ယဉ်ကျေးမှု ရတနာခန်းမ    လေ့ကျင့်ရေးဇာတ်ရုံနှင့် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂) Plenary Hall တို့၌ ကျင်းပရာ “ငါးပါဒအက္ခရာ”   ဇာတ်တော်ကြီး ရုပ်စုံ သဘင်အဖွဲ့လိုက်    ဝါသနာရှင်အဆင့် (ပထမတန်း) ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်း ဒေသကြီး ကိုယ်စားပြု  ဇေယျာသီရိရုပ်စုံ သဘင်အဖွဲ့ကလည်းကောင်း၊   “ရာမာ ယဏ” ဇာတ်တော်ကြီး  ဝါသနာရှင်အဆင့် (ပထမတန်း) ပြိုင်ပွဲတွင် မကွေးတိုင်းဒေသ ကြီး  ကိုယ်စားပြုသဘင်အဖွဲ့က  လည်း ကောင်း၊  ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသား      အကပြိုင်ပွဲတွင်     ကရင် ပြည်နယ်၊  မွန်ပြည်နယ်၊  စစ်ကိုင်းတိုင်း ဒေသကြီး၊    တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊   မကွေးတိုင်းဒေသ ကြီး၊   မန္တလေးတိုင်းဒေသကြီး၊   ရန်ကုန် တိုင်းဒေသကြီး၊  ဧရာဝတီတိုင်းဒေသကြီး နှင့် ချင်းပြည်နယ်တို့မှ  ပြိုင်ပွဲဝင်များက မြန်မာ့ရိုးရာ  ယဉ်ကျေးမှုအမွေအနှစ်များ ကိုဖော်ကျူးသည့်  စကားပြောများ၊  အက အလှများဖြင့်လည်းကောင်း၊   ဝါသနာရှင် အဆင့် (ဒုတိယတန်း)  အမျိုးသမီး  အက ပြိုင်ပွဲတွင်      ကချင်ပြည်နယ်၊    ကရင် ပြည်နယ်၊   ချင်းပြည်နယ်၊   မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊  စစ်ကိုင်း တိုင်းဒေသကြီး၊  တနင်္သာရီတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊   မကွေးတိုင်းဒေသ ကြီး၊   မန္တလေးတိုင်းဒေသကြီး၊   ရန်ကုန် တိုင်းဒေသကြီးနှင့်  ဧရာဝတီတိုင်းဒေသ ကြီးတို့မှ ပြိုင်ပွဲဝင်များက ခေါင်း၊ ခါး၊ ခြေ၊ လက် အချိုးအဆစ်များ     အသုံးပြု၍   ငြိမ့်ညောင်းသည့်     ကကွက်များဖြင့်လည်း ကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း)   အမျိုးသမီး အကပြိုင်ပွဲတွင် ကချင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊   ရှမ်းပြည်နယ်၊   စစ်ကိုင်း တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊   မကွေးတိုင်းဒေသ ကြီး၊  မန္တလေးတိုင်းဒေသကြီး၊   ရန်ကုန် တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသ ကြီးတို့မှ ပြိုင်ပွဲဝင်များက ခေါင်း၊ ခါး၊ ခြေ၊ လက် အချိုးအဆစ်  ညီညာစွာအသုံးပြု၍ ကကြိုးကကွက်စုံလင်စွာဖြင့် လည်းကောင်း ယှဉ်ပြိုင်ကြသည်။ 

 


အရေးပြိုင်ပွဲ


အရေးပြိုင်ပွဲ၏        သီချင်းသံစဉ် ကိုက်ညှိလေ့ကျင့်ခြင်းကို   သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ယဉ်ကျေးမှု ရတနာခန်းမ၌   ကျင်းပရာ   အဆင့်မြင့် ပညာအဆင့်ပြိုင်ပွဲတွင်   မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊  စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊  ပဲခူးတိုင်းဒေသ ကြီး၊  မန္တလေးတိုင်းဒေသကြီး၊  ရန်ကုန် တိုင်းဒေသကြီး၊   ဧရာဝတီတိုင်းဒေသ ကြီးနှင့်  ကယားပြည်နယ်တို့မှ ပြိုင်ပွဲဝင် များက   “အားမာန်သစ်တည်  ရှေ့သို့ချီ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊  ဝါသနာရှင် အဆင့် (ပထမတန်း)  ပြိုင်ပွဲတွင်  ရခိုင် ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသ ကြီး၊ မကွေးတိုင်းဒေသကြီး၊  မန္တလေး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့်   ကယား ပြည်နယ်တို့မှ        ပြိုင်ပွဲဝင်များက “ထိန်းသိမ်းစို့လေ ရိုးရာအမွေ”   ခေါင်းစဉ် ဖြင့်လည်းကောင်း  ရသစုံလင်စွာ  သံစဉ် ထည့်သွင်းလေ့ကျင့်သီဆိုကြသည်။

 


ဆိုင်းအဖွဲ့အလိုက် အတီးပြိုင်ပွဲကို အမျိုးသားစာကြည့်တိုက် (နေပြည်တော်)ရှိ   ဝန်ဇင်းမင်းရာဇာခန်းမ၌   ကျင်းပရာ အခြေခံပညာအဆင့်    (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း)   အမျိုးသမီးပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်အဖွဲ့ ကလည်းကောင်း၊     ဝါသနာရှင်အဆင့် (ပထမတန်း)    အမျိုးသမီးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်အဖွဲ့က လည်းကောင်း၊        ဝါသနာရှင်အဆင့် (ပထမတန်း)   အမျိုးသားပြိုင်ပွဲတွင် ချင်းပြည်နယ်၊   စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသ ကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့မှ  ပြိုင်ပွဲဝင်အဖွဲ့များ ကလည်းကောင်း       မြိုင်မြိုင်ဆိုင်ဆိုင် တီးခတ်ယှဉ်ပြိုင်ကြသည်။ 

 


ဆိုင်းတစ်ဦးချင်းအတီးပြိုင်ပွဲ


ဆိုင်းတစ်ဦးချင်း    အတီးပြိုင်ပွဲကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရှိ (လေ့ကျင့်ရေးဇာတ်ရုံ) ၌  ကျင်းပရာ ဝါသနာရှင်အဆင့်       (ဒုတိယတန်း) အမျိုးသမီးပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီး နှင့်ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင် များက “ရှစ်စုံရွက်ကြာ” (ပတ်ပျိုး) ဖြင့် လည်းကောင်း၊ ဧရာ ဝတီတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က    “တောနှင့်တောင်စွယ်” (ယိုးဒယား) ဖြင့်လည်းကောင်း၊   အခြေခံ ပညာအဆင့်   (အသက် ၁၀ နှစ်မှ ၁၅ နှစ် အတွင်း) အမျိုးသမီးပြိုင်ပွဲတွင်  ဧရာဝတီ တိုင်းဒေသကြီးနှင့်    မွန်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “ဇေယျာမြို့” (ကြိုး)ဖြင့် လည်းကောင်း၊  ကချင်ပြည်နယ်မှ ပြိုင်ပွဲ ဝင်က “လာချေပြီ”  (ကြိုး)  ဖြင့်လည်း ကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီးနှင့်  ရန်ကုန်တိုင်းဒေသ ကြီးတို့မှ    ပြိုင်ပွဲဝင်များက   “မြမန်း ဂီရိ”  (ယိုးဒယား)  ဖြင့်လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသမီးပြိုင်ပွဲ တွင် မန္တလေးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင် က         “ခေါ်ပါယောင်ဝတ်တော်ရုံ” (ဝတ်တော်ရုံဘွဲ့)    ဖြင့်  လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ   ပြိုင်ပွဲဝင်က “ဆန်းနွေဦး” (ယိုးဒယား)   ဖြင့်  လည်း ကောင်း၊      အဆင့်မြင့်ပညာအဆင့် အမျိုးသားပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသ ကြီးနှင့်     မကွေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက  “သီလာမြေယံ”  (ကြိုး) ဖြင့်လည်းကောင်း၊  မန္တလေးတိုင်းဒေသ ကြီး၊  ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီးနှင့်  ပဲခူးတိုင်းဒေသကြီး တို့မှ   ပြိုင်ပွဲဝင်များက   “ခေါ်ပါယောင် ဝတ်တော်ရုံ”(ဝတ်တော်ရုံဘွဲ့)  ဖြင့်လည်း ကောင်း တီးခတ်ယှဉ်ပြိုင်ကြသည်။

 


ပတ္တလားအတီးပြိုင်ပွဲ


ပတ္တလားအတီးပြိုင်ပွဲကို နေပြည်တော် ရှိ  အမျိုးသားပြတိုက် Mini Theatre ၌ ဝါသနာရှင်အဆင့်(ပထမတန်း) အမျိုးသား ပြိုင်ပွဲတွင်  ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့်  မန္တလေးတိုင်းဒေသ ကြီးမှ   ပြိုင်ပွဲဝင်များက   “ချစ်သမျှကို” (ပတ်ပျိုး) ဖြင့်လည်းကောင်း၊ မကွေးတိုင်း ဒေသကြီးမှ ပြိုင်ပွဲဝင်က “ဇမ္ဗူကျွန်းလုံး” (သီချင်းခံ) ဖြင့်လည်းကောင်း၊     ချင်း ပြည်နယ်နှင့်      ရန်ကုန်တိုင်းဒေသကြီး မှ     ပြိုင်ပွဲဝင်များက         “ထောင်ရောင် နေကသာ” (သီချင်းခံ) ဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်မှ   ပြိုင်ပွဲဝင်က “ဖော်ကွာ ဝေး”   (ယိုးဒယား)   ဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသမီး ပြိုင်ပွဲတွင်   မန္တလေးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က  “သိင်္ဂါရွှေရောင်”  (ပတ်ပျိုး) ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး မှ ပြိုင်ပွဲဝင်က  “ချစ်သမျှကို” (ပတ်ပျိုး) ဖြင့်လည်းကောင်း၊  အခြေခံပညာအဆင့် (အသက်   ၁၀  နှစ်မှ    ၁၅  နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် ရခိုင်ပြည်နယ်၊ ချင်း ပြည်နယ်၊  ရှမ်းပြည်နယ်၊  မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကရင် ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက  “အတိုင်းမသိမင်္ဂလာ” (ဘွဲ့) ဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသ ကြီး၊    တနင်္သာရီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ    ပြိုင်ပွဲဝင် များက  “ပြောင်ပြောင်နာဂိန်”   (ကြိုး) ဖြင့်လည်းကောင်း၊   မန္တလေးတိုင်းဒေသ ကြီးမှ ပြိုင်ပွဲဝင်က  “လူမနော”(ပတ်ပျိုး) ဖြင့်လည်းကောင်း၊   အဆင့်မြင့်ပညာ အဆင့်   အမျိုးသားပြိုင်ပွဲတွင်   မန္တလေး တိုင်းဒေသကြီး၊   ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များ က “စိမ်းလဲ့လဲ့ညိုပြာ”(ကြိုး)  ဖြင့်လည်း ကောင်း၊     မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်များက “ဖြေလျှော့ဖွေ”   (ပတ်ပျိုး)   ဖြင့်လည်း ကောင်း၊           အဆင့်မြင့်ပညာအဆင့် အမျိုးသမီးပြိုင်ပွဲတွင်  မန္တလေးတိုင်းဒေသ ကြီးနှင့် ကယားပြည်နယ်တို့မှ ပြိုင်ပွဲဝင် များက “စိမ်းလဲ့လဲ့ညိုပြာ”(ကြိုး) ဖြင့် လည်းကောင်း၊  ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က   “တောနှင့်တောင်စွယ်” (ယိုးဒယား) ဖြင့်လည်းကောင်း ငြိမ့်ညောင်း သာယာစွာ တီးခတ်ယှဉ်ပြိုင်ကြသည်။

 


မယ်ဒလင် အတီးပြိုင်ပွဲကို  မြန်မာ အပြည်ပြည်ဆိုင်ရာ    ကွန်ဗင်းရှင်းဗဟို ဌာန(၂) News Briefing Room ၌ ကျင်းပ ရာ     ဝါသနာရှင်အဆင့်  (ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင်    မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဇမ္ဗူရောင်ကွန့်” (ဘွဲ့)ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊   ဧရာဝတီတိုင်း ဒေသကြီးနှင့်  မကွေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက       “သုံးရောင်ခြယ်” (ကာလပေါ်) ဖြင့်လည်းကောင်း၊ မန္တလေး တိုင်းဒေသကြီးမှ   ပြိုင်ပွဲဝင်က “မြူဝန်း လို့ခို”    (ပတ်ပျိုး)   ဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့်       (ဒုတိယတန်း) အမျိုးသမီးပြိုင်ပွဲတွင် ချင်းပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များ က “ဇမ္ဗူရောင်ကွန့်”  (ဘွဲ့)   ဖြင့်လည်း ကောင်း၊     ဧရာဝတီတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “သုံးရောင်ခြယ်”(ကာလပေါ်) ဖြင့်လည်းကောင်း၊    အဆင့်မြင့်ပညာ အဆင့်  အမျိုးသားပြိုင်ပွဲတွင်   ဧရာဝတီ တိုင်းဒေသကြီးမှ  ပြိုင်ပွဲဝင်က  “မှိုင်းရိပ် ကယ်တည့်ဝေမှောင်” (ကြိုး) ဖြင့်လည်း ကောင်း၊ အခြေခံပညာအဆင့်  (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသား ပြိုင်ပွဲတွင်    ဧရာဝတီတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “သီရိရတနာ”(ကာလပေါ်) ဖြင့်လည်းကောင်း၊  အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ  ၂၀  နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင်  ရန်ကုန်တိုင်းဒေသ ကြီးမှ ပြိုင်ပွဲဝင်က    “ကုဏ္ဍလာအိုင်”   (ယိုးဒယား)  ဖြင့်လည်းကောင်း   ယှဉ်ပြိုင် ကြသည်။ 

 


ယနေ့ပြိုင်ပွဲများ   ကျင်းပရာ နေရာ အသီးသီးသို့  ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ် များ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ  တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ လူမှုရေးဝန်ကြီးများ၊ ဥပဒေ ချုပ်များနှင့် တာဝန်ရှိသူများ လာရောက် ကြည့်ရှုအားပေးကြသည်။

 


(၂၃)  ကြိမ်မြောက်     မြန်မာ့ရိုးရာ ယဉ်ကျေးမှု  အဆို၊  အက၊  အရေး၊  အတီး ပြိုင်ပွဲကြီး၏   အရေးပြိုင်ပွဲတွင်  အခြေခံ ပညာဆင့်   (အသက် ၁၅ နှစ်မှ ၂၀ နှစ် အတွင်း)၊ ဝါသနာရှင်အဆင့်(ပထမတန်း)၊ ဝါသနာရှင်အဆင့်   (ဒုတိယတန်း)  နှင့် အဆင့်မြင့်ပညာအဆင့်        အမျိုးသား/ အမျိုးသမီးပြိုင်ပွဲများ၌     ပြိုင်ပွဲဝင်များ သည်  ပြိုင်ပွဲဝင်ချိန်တွင်  မဲနှိုက်ကြရပြီး မဲကျသည့်    သတ်မှတ်ခေါင်းစဉ်အတိုင်း ရေးသားယှဉ်ပြိုင်လျက်ရှိသည်။

 


အတီးပြိုင်ပွဲများတွင်    အမျိုးသား၊ အမျိုးသမီး တစ်ဦးချင်းအနေဖြင့်  စောင်း၊ စန္ဒရား၊  ပတ္တလား၊  တယော၊  မယ်ဒလင်၊ ဂီတာ၊ ဒုံမင်း၊ နှဲ၊ ပလွေ၊ ဆိုင်းတို့ကို မဲကျရာ သီချင်းများနှင့်  တီးမှုတ်ယှဉ်ပြိုင်ကြရပြီး အိုးစည်၊   ဒိုးပတ်နှင့်   ဆိုင်းဝိုင်းကြီးအဖွဲ့ လိုက်  ပြိုင်ပွဲများတွင်  သတ်မှတ်အချိန် အတိုင်းအတာအတွင်း    ယှဉ်ပြိုင်ကြရ ကြောင်း၊  အိုးစည်၊  ဒိုးပတ်ပြိုင်ပွဲများကို ဝါသနာရှင်အဆင့် (ပထမတန်း)၊ ဝါသနာရှင် အဆင့်(ဒုတိယတန်း)၊   အဆင့်မြင့်ပညာ အဆင့်နှင့် အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း)အဆင့်တို့သာ ယှဉ်ပြိုင်ကြရပြီး ကျန်အတီးပြိုင်ပွဲများကို အဆင့်အားလုံး   ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရကြောင်း သိရသည်။       
     

သတင်းစဉ်