ငြိမ်းချမ်းလှပပါစေ ကျိန်းတောင်ခြေ ရာမောင်မြစ်ကမ်းမှ မင်းပြားမြေ

Type
7

 

သိင်္ဃသူ

l    မြန်မာနိုင်ငံသူ      မြန်မာနိုင်ငံသား အားလုံး မည်သူတစ်ဦးတစ်ယောက် မျှ ကျန်ရှိမှုမရှိစေရေး ကူညီဆောင် ရွက်ပေးသွားရန်။
အလွန့်အလွန်   အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း    (Extremely Severe Cyclonic Strom)   “မိုခါ”  က ဘင်္ဂလားပင်လယ်အော်   အရှေ့တောင် ပိုင်း၊ ယင်းနှင့်ဆက်စပ်နေသည့် ကပ္ပလီ ပင်လယ်ပြင်တို့မှနေ၍ မကြုံစဖူး ကြီးမား ပြင်းထန်လှသောအင်အားဖြင့်  မြန်မာ နိုင်ငံကို ခြိမ်းခြောက်နေချိန်။ ၂၀၂၃ ခုနှစ် မေလ ၁၄ ရက် နံနက်ပိုင်းတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ     နိုင်ငံ တော်ဝန်ကြီးချုပ်       ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   ဦးဆောင်၍   သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ     စီမံခန့်ခွဲရေး အရေးပေါ်အစည်းအဝေးကို     နေပြည် တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး စုဝေး ခန်းမ၌  ကျင်းပခဲ့သည်။ မုန်တိုင်းမကျ ရောက်မီနှင့် ကျရောက်ပြီးချိန်များတွင် လိုအပ်သည့်  အရေးပေါ်စီမံခန့်ခွဲခြင်း၊ တုံ့ပြန်ခြင်း၊  ကယ်ဆယ်ရေးနှင့်  ပူးပေါင်း ဆောင်ရွက်ခြင်း၊ အသင့်ပြင်ဆင်စုဖွဲ့ထားရှိခြင်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိုယ်စီလုပ်ငန်းတာဝန်များ ပြုလုပ်ခြင်း တို့ကို    ဆောင်ရွက်ပေးနိုင်ရေးအတွက် ကျင်းပပြုလုပ်သည့်  အဆိုပါအရေးပေါ် အစည်းအဝေးတွင်   နိုင်ငံတော်အကြီး အကဲက ဤဆောင်းပါးအစတွင် ဖော်ပြခဲ့ သည့်အတိုင်း    အမှာအကြားပြုခဲ့သည့် အပြင် “ထိခိုက်မှုအနည်းဆုံးဖြင့် မုန်တိုင်း အန္တရာယ်ကို အောင်မြင်စွာ ကျော်လွှားနိုင် ရေး     မိမိကိုယ်တိုင်    မျက်ခြည်မပြတ် စောင့်ကြည့်ပြီး   အချိန်နှင့်တစ်ပြေးညီ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင် ရေး  ဆောင်ရွက်လျက်ရှိကြောင်း” ကို လည်း ပြောကြားခဲ့သည်။
ရာစုနှစ်များအတွင်း အကြီးမားဆုံး ဖြစ်နိုင်သည့် သဘာဝဘေးအန္တရာယ်ကြီး ကျရောက်လာနိုင်သည့် အခြေအနေတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုများကလည်း    အချိန်နှင့် တစ်ပြေးညီ   လုပ်ငန်းပမာဏ   ကြီးကြီး မားမား     ကျယ်ကျယ်ပြန့်ပြန့်     ထိထိ ရောက်ရောက်ရှိခဲ့ရာ ဤမျှဆောင်ရွက် မှုမျိုး ယခင်ကာလတစ်လျှောက် မရှိဖူး ခဲ့။ မုန်တိုင်းအန္တရာယ် အသိပေးနှိုးဆော် ခြင်း၊    ပြည်သူလူထုကို   ပညာပေးခြင်း၊ ဘေးအန္တရာယ်ကျရောက်နိုင်သည့် ဒေသ များမှ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေး ခြင်း၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ အတွက် လိုအပ်သည့်ပစ္စည်း ကိရိယာ များ၊ စားရေရိက္ခာများ အသင့်စုဖွဲ့ထားရှိ ခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်း စသည် တို့ကို မုန်တိုင်းမဝင်မီ ရက်သတ္တတစ်ပတ် ကျော်ကာလကပင် ဒေသအလိုက်၊ ကဏ္ဍ အလိုက်   ဆောင်ရွက်ခဲ့ကြရာ   နိုင်ငံပိုင် မီဒီယာများတွင်   အဆိုပါ   သတင်းများ ကသာ နေရာများစွာယူထားခဲ့ကြသည်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဗဟိုဌာန   (Disaster  Manage-ment Centre – DMC) ကို    ၂၀၂၃ ခုနှစ် မေ ၈ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး တိုင်း ဒေသကြီးနှင့် ပြည်နယ်များတွင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲမှုအဖွဲ့ များဖွဲ့စည်း၍      မုန်တိုင်းမဝင်မီကာလ ရှေ့ပြေးကူညီကယ်ဆယ်ရေး    လုပ်ငန်း များအဖြစ် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တို့ တွင်  ကယ်ဆယ်ရေးပစ္စည်းများ၊ ပြန်လည် ထူထောင်ရေးပစ္စည်းများ၊   ဆေးဝါးနှင့် စားရေရိက္ခာများ ကြိုတင်ပို့ဆောင်ထား နှင့်ခဲ့ပြီးဖြစ်သည်။ 
l    ရခိုင်ပြည်နယ်အား       ပြန်လည် ထူထောင်ရေးလုပ်ငန်းများ    ဆောင် ရွက်ရာတွင် မူလအခြေအနေထက် ပိုမိုကောင်းမွန်အောင်   ဆောင်ရွက် သွားရန်။
မိုခါသည် အလွန့်အလွန်အားကောင်း သော   ဆိုင်ကလုန်းမုန်တိုင်းကြီးအဖြစ် နှင့် ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်တွင် ရခိုင် ကမ်းရိုးတန်းကို      ပြည်နယ်၏မြို့တော် ဖြစ်သော    စစ်တွေအနီးမှ   ဖြတ်ကျော် ဝင်ရောက်ရာတွင် လေတိုက်နှုန်းတစ်နာရီ လျှင် ၁၃၅ မိုင်နှုန်းအထိ အင်အားကြီးမား ခဲ့သည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ များတွင် အဓိကအားဖြင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရာ       မုန်တိုင်း ဝင်ရောက်ပြီး နောက်တစ်နေ့တွင် နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီက  ရခိုင် ပြည်နယ်ရှိ       မြို့နယ်   ၁၇  မြို့နယ်ကို သဘာဝဘေး အန္တရာယ်ကျရောက်သော ဒေသများအဖြစ်  ကြေညာလိုက်သည်။ မုန်တိုင်းပြီးစ   ထိုနေ့တွင်ပင်   မုန်တိုင်း ဒဏ်ကို အဓိကခံရပြီး ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်သည့် စစ်တွေမြို့သို့ နိုင်ငံ တော်   စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့ဝင်များ ရောက်ရှိ ပြီး အရေးပေါ်စီမံခန့်ခွဲခြင်း၊ တုံ့ပြန်ခြင်း၊ ကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင်ရွက် နိုင်ရေး၊ ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိုယ်စီလုပ်ငန်းတာဝန်များ ပေးအပ်နိုင် ရေးအတွက် နိုင်ငံတော်အကြီးအကဲက လမ်းညွှန်မှာကြားရာတွင် ရခိုင်ပြည်နယ် အား   ပြန်လည်ထူထောင်ရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင် မူလအခြေအနေ ထက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း      ထည့်သွင်း ပြောကြားခဲ့သည်။
မိုခါမုန်တိုင်း၏       ကြီးမားသော အင်အားကြောင့်    ပျက်စီးဆုံးရှုံးမှုနှင့် ထိခိုက်သေဆုံးမှုတို့ လွန်စွာများပြားမည် ဖြစ်ကြောင်း    နိုင်ငံတကာက   ခန့်မှန်း သုံးသပ်မှုများရှိခဲ့ရာ ပြည်တွင်း၌ ကြိုတင် ပြင်ဆင်မှုများ     ကောင်းမွန်မှုကြောင့် မုန်တိုင်း၏ပမာဏနှင့်     နှိုင်းယှဉ်ပါက ထိခိုက်ဆုံးရှုံးမှု များစွာနည်းပါးခဲ့သည်။ မုန်တိုင်းကြောင့်  လူဦးရေ  ၂ ဒသမ ၉ သန်းခန့်  ဘေးသင့်ခဲ့ရာတွင်  ၁၅၆ ဦး အသက်ဆုံးရှုံးခဲ့သည့်အနက်     ရခိုင် ပြည်နယ်မှ ၁၄၈ ဦးဖြင့် အများဆုံးဖြစ် သည်။ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှု တွင်လည်း ရခိုင်ပြည်နယ်က ၉၇ ဒသမ ၇၃  ရာခိုင်နှုန်းဖြင့်   ပမာဏအများဆုံး ဖြစ်ပြီး တန်ဖိုးအားဖြင့် ကျပ် ၅၂၂ ဒသမ ၀၀၂ ဘီလီယံ ဖြစ်သည်။
မုန်တိုင်းအပြီး ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ချင်းပြည်နယ်ရှိ   မြို့နယ်လေးမြို့နယ်၊ ရခိုင်ပြည်နယ်ရှိ   မြို့နယ် ၁၄ မြို့နယ် တို့တွင်  တစ်မြို့နယ်လျှင်  တပ်မတော် အရာရှိကြီး တစ်ဦးကျစီ တာဝန်ပေးအပ်ခဲ့ ပြီး အဆိုပါအရာရှိကြီးများ၏ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်မှု များကို အနီးကပ်ကြီးကြပ်ရန် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယ ဝန်ကြီးချုပ်နှင့်        ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်း နောင်တို့အား တာဝန်ပေးအပ်ခဲ့သည်။
ရခိုင်ပြည်နယ်တွင် မုန်တိုင်းဒဏ်သင့် မြို့နယ်များအလိုက်   ပျက်စီးဆုံးရှုံးမှု အခြေအနေများကိုလေ့လာပါက ပြည်နယ် မြောက်ပိုင်းမြို့နယ်များဖြစ်သည့် စစ်တွေ၊   ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော နှင့်   ကျောက်တော်တို့မှာ ပျက်စီးဆုံးရှုံးမှု များပြားကြသည်။     မုန်တိုင်းစတင် ဝင်ရောက်ခဲ့သည့်    စစ်တွေမြို့သည် ပျက်စီးဆုံးရှုံးမှု အများဆုံး၊ တန်ဖိုးအား ဖြင့် ကျပ် ၂၂၃ ဘီလီယံခန့် ဆုံးရှုံးခဲ့ရာ ပြည်နယ်တစ်ခုလုံး     ပျက်စီးဆုံးရှုံးမှု ပမာဏ၏ ၄၃ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ ဒုတိယအများဆုံးမှာ   ရသေ့တောင်မြို့ ဖြစ်ပြီး    တန်ဖိုးအားဖြင့်     ကျပ် ၁၇၀ ဘီလီယံခန့်    ရာခိုင်နှုန်းအားဖြင့်    ၃၃ ရာခိုင်နှုန်းခန့်၊    တတိယအများဆုံးမှာ ပုဏ္ဏားကျွန်းမြို့နယ်ဖြစ်ပြီး တန်ဖိုးအား ဖြင့် ၆၁ ဘီလီယံခန့် ရာခိုင်နှုန်းအားဖြင့် ၁၂ ရာခိုင်နှုန်းခန့် ပျက်စီးဆုံးရှုံးခဲ့သည်။ ရခိုင်ပြည်နယ် တောင်ပိုင်းမြို့နယ်များမှာ ပျက်စီးဆုံးရှုံးမှုနည်းပါးခဲ့ပြီး ဂွ၊ တောင် ကုတ်၊ မာန်အောင်၊ အမ်း၊ ရမ်းဗြဲ၊ သံတွဲ မြို့နယ်များတွင် ပျက်စီးဆုံးရှုံးမှု တန်ဖိုး မှာ ကျပ်သန်း ၂၀၀ ကျော်နှင့် အောက်တွင် သာရှိခဲ့သည်။ 
ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ် ကြောင့် ပျက်စီးမှုများကို မြို့နယ်အလိုက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ဝိုင်းဝန်းကြီးကြပ် ကူညီဆောင်ရွက်ကြ မည့်    တပ်မတော်အရာရှိကြီးများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ၂၀၂၃ ခုနှစ် မေ ၁၉ ရက်၌ တွေ့ဆုံမှာကြား ရာတွင်      တပ်မတော်အရာရှိကြီးများ တာဝန်ကျရာ မြို့နယ်များသို့ ရောက်ရှိ ပါက မုန်တိုင်းဒဏ်ကြောင့် ပျက်စီးမှုများ ဦးစားပေးရှင်းလင်းပြီး လျှပ်စစ်မီးရရှိရေး၊ ဆက်သွယ်မှုကောင်းမွန်ရေး၊ သောက်ရေ သန့်ရရှိရေး၊ အခြေခံပညာကျောင်းများ ကို ကျောင်းဖွင့်ချိန်အမီ ပြုပြင်ပေးနိုင်ရေး၊ ဆေးရုံများ၊ ဘုန်းတော်ကြီးကျောင်းများ ကို ဦးစားပေးပြုပြင်နိုင်ရေး၊ နိုင်ငံတော်မှ ပေးပို့နေသည့် ရိက္ခာ၊ ဆေးဝါးနှင့် ဆေး ပစ္စည်းများ၊ ဆောက်လုပ်ရေးပစ္စည်းများ ကို မုန်တိုင်းဒဏ်ခံခဲ့ရသော ပြည်သူများ ထံသို့ စနစ်တကျနှင့် မြန်မြန်ဆန်ဆန် ဖြန့်ဝေထောက်ပံ့ရေး၊ စာရင်းဇယားများ မှန်ကန်မှုရှိစေရေး ကြီးကြပ်ဆောင်ရွက် ပေးရန်နှင့် အခြားအရေးတကြီး ဆောင် ရွက်ပေးရန်များ ရှိပါကလည်း အချိန်နှင့် တစ်ပြေးညီ    တင်ပြကြရန်   မှာကြားခဲ့ သည်။ အဆိုပါ တပ်မတော်အရာရှိကြီး များမှာ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်း ကာ    ပြန်လည်ထူထောင်ရေး၊    စားရေ ရိက္ခာထောက်ပံ့ရေးများကို    ဝိုင်းဝန်း ပူးပေါင်း     ဆောင်ရွက်ပေးကြရမည် ဖြစ်သည်။
ပျက်စီးဆုံးရှုံးမှုတန်ဖိုး 
အဆင့် (၈) တွင်ရှိသော မြို့
ရခိုင်ပြည်နယ် မြောက်ဦးခရိုင်တွင် ပါဝင်သော မင်းပြားမြို့သည် စစ်တွေမြို့ ၏ အရှေ့မြောက်ဘက် ၃၈ မိုင်အကွာတွင် တည်ရှိပြီး မြို့နယ်တစ်ခုလုံး၏ အကျယ် အဝန်းမှာ ၁၆၂၃ စတုရန်းမိုင် ကျယ်ဝန်း၍ ကျေးရွာပေါင်း  ၁၃၆  ရွာ   ပါဝင်သည်။ မြေဩဇာကောင်းမွန်    ထက်သန်ခြင်း ကြောင့် လယ်ယာစိုက်ပျိုးရေး ဖြစ်ထွန်း ပြီး       မွေးမြူရေးလုပ်ငန်းများလည်း လုပ်ကိုင်ကြရာ လယ်ယာသားငါးသည် ဒေသ၏    အဓိကစီးပွားရေးဖြစ်သည်။ ချင်းပြည်နယ် မတူပီမြို့နယ်ရှိ နာမည် ကျော်     ဘုံတလာရေတံခွန်မှ      စတင် မြစ်ဖျားခံသည့် လေးမြို့မြစ်ခေါ် ရာမောင် မြစ်သည်     မင်းပြားမြို့    အရှေ့ဘက်မှ ဖြတ်သန်းကာ ကုလားတန်မြစ်အတွင်းသို့ စီးဝင်သွားသည်။ မြို့၏ အနောက်ဘက် တွင်   ရိုးမတောင်စွယ်ဖြစ်သည့်   ကျိန်း တောင်တည်ရှိနေရာ တည်နေရာအနေ အထားအရ လေကွယ်ရာတွင် ကျရောက် နေသဖြင့်  မုန်တိုင်းဒဏ်မှ  အတန်ငယ် သက်သာရာရခဲ့သည်ဟု      ဆိုနိုင်သည်။ ရခိုင်ပြည်နယ်၏   မြို့နယ်များအလိုက် ပျက်စီးဆုံးရှုံးမှု အခြေအနေပြ ဇယားတွင် မင်းပြားသည်    ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်သန်း ၃၉၆၈ ဒသမ ၂၁၀ ဖြင့် အဆင့် (၈) တွင် ရှိနေခဲ့သည်ကို တွေ့ရသည်။
စာရင်းဇယားများအရ    မင်းပြား မြို့နယ်တွင်    မုန်တိုင်းဘေးသင့်    အိမ် ထောင်စုပေါင်း  ၄၇၅၃၁  စုမှ    လူဦးရေ ၂၃၉၅၂၇   ဦးရှိရာ     ဘေးလွတ်ရာသို့ ၁၄၅၄၄ ဦးကို ပြောင်းရွှေ့ပေးခဲ့ရသည်။ စာသင်ကျောင်း ၁၄၇ ကျောင်း ပျက်စီးခဲ့ ပြီး ကျေးလက်ကျန်းမာရေးနှင့် ဆေးရုံ ဆေးခန်း စုစုပေါင်း ၁၆ ခု ပျက်စီးဆုံးရှုံးခဲ့ သည်။ လူသေဆုံးမှုမရှိခဲ့ဘဲ မွေးမြူရေး တိရစ္ဆာန်များဖြစ်သည့်  ကျွဲ၊  နွား၊  ဝက်၊ ကြက်၊ ဘဲ သေဆုံးမှု စုစုပေါင်း ၃၇၃၅ ကောင်ရှိခဲ့ရာ  ၃၀၀၀ ကျော်မှာ ကြက်များ ဖြစ်သည်။      လူနေအဆောက်အအုံ ၁၀၁၃၈ တစ်စိတ် တစ်ပိုင်း ပျက်စီးခဲ့ပြီး ၂၅၇၃ မှာ  လုံးဝ ပျက်စီးခဲ့သည်။ တဲအိမ်ပေါင်း ၅၉၉၈၊ ဌာနဆိုင်ရာရုံး ၁၆ ရုံးတို့လည်း ပျက်စီးခဲ့ သည်။   ဘုန်းတော်ကြီးကျောင်း   ၁၅၈  ကျောင်း၊     သာသနိကအဆောက်အအုံ လေးခု၊     ရေအရင်းအမြစ်     အခြေခံ အဆောက်အအုံဖြစ်သည့်      တာတမံ ၂၀၅၂၅   ပေနှင့်      ရေကန်  ၃၃  ကန်၊ ဆက်သွယ်ရေးနှင့်   လျှပ်စစ်ဓာတ်တိုင် ၉၂ တိုင်၊ စက်လှေတစ်စင်း၊ ပုစွန်ကန်ဧက ၄၆၃၇ ဒသမ ၈၉ ဧကတို့ အပါအဝင် စုစု ပေါင်း ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်သန်း ပေါင်း ၃၉၆၈ ဒသမ ၂၁ ရှိခဲ့သည်။
မင်းပြားတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲ ကူညီ ဆောင်ရွက်ပေးရန် တာဝန်ပေးအပ်ခံရသူ မှာ    ဗိုလ်မှူးချုပ်    ခင်ဇော်ဖြစ်သည်။ မာန်အောင်ကျွန်းဇာတိ ရခိုင်လူမျိုးဖြစ်ပြီး မင်းပြားအနီး နယ်မြေခံတပ်တွင် တာဝန် ထမ်းဆောင်ခဲ့ဖူးသူဖြစ်ရာ ဒေသခံများ နှင့် မစိမ်းသူလည်းဖြစ်သည်။ မုန်တိုင်း ဒဏ်ခံရသည့်    မင်းပြားမြို့     သန့်ရှင်း သာယာလှပရေးအတွက်       အလဲလဲ အပြိုပြိုဖြစ်နေသည့် သစ်ပင်သစ်ကိုင်း များကို ခုတ်ထွင်ရှင်းလင်းခြင်း၊ အပျက် အစီးများ၊ အမှိုက်များ၊ လမ်းများ၊ ခြံစည်း ရိုးများ၊   ရေမြောင်းများ   ရှင်းလင်းခြင်း တို့ကို   နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးဝန်ထမ်းများ၊    ကြက်ခြေနီ တပ်ဖွဲ့ဝင်များက စုပေါင်းဆောင်ရွက်ကြ ရာသို့     သွားရောက်ကြည့်ရှုအားပေး စကားပြောကြားခြင်း၊     အထက - ၂ ကျောင်း     ခေါင်မိုးပျက်စီးမှု    ကြည့်ရှု စစ်ဆေးခြင်းတို့ကို  မေ  ၂၀  ရက်တွင် ဆောင်ရွက်ခဲ့သည်။ 
“မုန်တိုင်းတိုက်ပြီး နှစ်ရက်သုံးရက် လောက်ကြာတော့   မင်းပြားကိုရောက် တယ်။ မင်းပြားက စစ်တွေ၊ ရသေ့တောင် လောက်တော့ မပျက်စီးဘူး။ မြို့ထဲက ရာမောင်ခန်းမတို့၊ အထက (၁)၊ (၂)၊ (၃) တို့ ပျက်တယ်။ ဘုန်းကြီးကျောင်းတွေ ပျက်တယ်။ မြို့ပေါ်က အိမ်ခြေတအား ကြီး   ပျက်စီးတာတော့  မရှိဘူး။   ဒါက ကျွန်တော်တို့ရောက်စ     မြင်ရတဲ့အနေ အထားပေါ့”  ဟု    ဗိုလ်မှူးချုပ်ခင်ဇော် (ငြိမ်း)က ပြန်လည်ပြောပြသည်။ သဘာဝ ဘေးအန္တရာယ်ကျရောက်ရာ ဒေသများ အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်း များမှာ တစ်ချိန်တည်း တစ်ပြိုင်တည်း တွင်    လုပ်စရာကိုင်စရာများ    ကဏ္ဍ အလိုက်  ကြီးမားကျယ်ပြန့်စွာ ဆောင် ရွက်နေကြရခြင်းဖြစ်သည်။ သောက်သုံး ရေ အခက်အခဲဖြစ်ပေါ်နေသည့် ပြည်သူ များအတွက်    ကျေးလက်ဒေသ   ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက   ရေသန့်စင် ကားဖြင့် သန့်ရှင်းသော သောက်သုံးရေ ရရှိရေး ဆောင်ရွက်ပေးရသလို အရေး ပေါ်  တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့များကလည်း ရေကန်များတွင် ရေသန့်ဆေးခပ်၊ ကလိုရင်း    ခပ်ကြရသည်။     သွေးလွန် တုပ်ကွေးဖြစ်ပွားသည့် ဥက္ကာပျံရပ်ကွက် အတွင်း    ရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကိုလည်း လုပ်ကြရသည်။
၂၀၂၃ ခုနှစ်     မေလ  ၂၃ ရက်တွင် ရန်ကုန်ဆေးတက္ကသိုလ်(၂) မှ အထူးကု ဆရာဝန်ကြီးများ ပါဝင်သော နယ်လှည့် အထူးကုဆေးအဖွဲ့က မင်းပြားမြို့တွင် အခြေပြုကာ   ဆေးကုသမှုများ  ဆောင် ရွက်ပေးခဲ့ရာ ခွဲစိတ်လူနာ ၁၈ ဦး၊ အထွေ ထွေရောဂါလူနာ ၂၇ ဦး၊ အရိုးရောဂါလူနာ ၂၂ ဦး၊   ကလေးလူနာ ငါးဦး   စုစုပေါင်း ၇၂ ဦးတို့ကို လိုအပ်သော ဆေးဝါးကုသမှု များ ပြုလုပ်ပေးနိုင်ခဲ့သည်။ မေလ ၂၄ ရက်တွင် ဦးဥတ္တမပန်းခြံနှင့် အထက ၂ တို့ကို   မြို့နယ်ရှိ  ကူညီကယ်ဆယ်ရေး အဖွဲ့များက        စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြပြီး    ဇေယျသုခပရိယတ္တိ စာသင်တိုက်အတွင်း     နယ်လှည့်ဆေး ကုသရေးအဖွဲ့က ဆေးကုသမှုများ ပြုလုပ် ပေးကြသည်။      ကျေးရွာအချို့တွင် မြေသားရေစုကန်များမှ ကန်ရေကို သုံးစွဲ နေကြရခြင်းကြောင့်      သန့်ရှင်းသော သောက်သုံးရေရရှိရန်   သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး    ဝန်ကြီးဌာနက ဆိုလာစနစ်သုံး ရွေ့လျားရေသန့်စက်များ ဖြင့် သန့်စင်ဖြန့်ဝေပေးခဲ့ရပြီး Life Straw ခေါ်   ရေနောက်မှ  ရေကြည်ရအောင် သန့်စင်ပေးသော   စက်များကိုလည်း ဖြန့်ဝေပေးခဲ့သည်။ 
မင်းပြားမြို့ပေါ်ရှိ         အမျိုးသမီး အိမ်တွင်းမှု     သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၊ နယ်စပ်ဒေသ တိုင်း ရင်းသားလူငယ်များ  ဖွံ့ဖြိုးရေးသင်တန်း ကျောင်း၊      အမှတ် (၂)    အခြေခံပညာ အထက်တန်းကျောင်းတို့တွင် မြို့နယ်ရှိ ကူညီကယ်ဆယ်ရေးအဖွဲ့များက စုပေါင်း သန့်ရှင်းရေးနှင့် ပြန်လည်ထူထောင်ရေး ဆောင်ရွက်ခြင်း၊ ပြည်နယ်အစိုးရအဖွဲ့က ပေးပို့သော ဆန်နှင့် စားသောက်ဖွယ်ရာ များ သယ်ဆောင်လာသည့် ကုလားတန် ၆ ရေယာဉ်မှ ပစ္စည်းများကို နယ်မြေခံ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက သယ်ယူခြင်း တို့ကို မေ ၂၅ ရက်တွင် ဆောင်ရွက်ကြ သည်။  


“တပ်၊   ရဲရှိတဲ့    အင်အားနဲ့ပဲ  ကယ်ဆယ် ရေးပစ္စည်းတွေကို    သယ်ယူကြတယ်။  တစ်ခါတစ်ခါသယ်ရင်    ဆန်အိတ်က ထောင်ချီပြီး နေ့တိုင်းဆိုတော့ မနိုင်တော့ ဘူး။    လူငှားလုပ်ရတယ်။  မင်းပြားမှာ ထူးခြားတာက  ရေမြောင်းတွေပိတ်ပြီး ရေလျှံတာ။ အထက်တန်းကျောင်းတွေ မှာ    မိုးရွာရင်    ခြေသလုံးလောက်အထိ   ကျောင်းဝင်းထဲ     ရေဝင်တယ်။   စည်ပင် ရေမြောင်းတွေမှာ အမှိုက်တွေ ပိတ်ဆို့ တာ၊   ဆိုင်တွေ    အဆောက်အအုံတွေ ကို     မြောင်းပေါ်မှာ   တင်ဆောက်လို့    ရေစီးရေလာ      ပိတ်ဆို့တာတွေ      ဖြစ် တယ်။   ချောင်ကြိုချောင်ကြားထဲအထိ ကျွန်တော်ကိုယ်တိုင် လိုက်ကြည့်စစ်ဆေး ပြီး မြို့ရေစီးရေလာကောင်းအောင် မြို့မိ မြို့ဖတွေနဲ့ပေါင်းပြီး       လုပ်ခဲ့ရတယ်။ တပ်က ဘတ်ဟိုးအသေးလေးတစ်စီးနဲ့ တစ်လလောက်ကြာအောင်     ရှင်းလိုက် တာ    တော်တော်လေး    အဆင်ပြေသွား တယ်” ဟု    ဗိုလ်မှူးချုပ်  ခင်ဇော်(ငြိမ်း) က ပြန်လည်ပြောပြသည်။ 
မင်းပြားမြို့ ပြန်လည်ထူထောင်ရေး တွင် ကျောင်းဖွင့်ချိန်အမီ ကျောင်းများ ဖွင့်လှစ်နိုင်ရေးကလည်း     အရေးကြီး သည်။ သင်ကြားရန် အခက်အခဲရှိနေသည့် အမကကျောင်း ငါးကျောင်း၊ အမက(ခွဲ) တစ်ကျောင်း၊ မူလတန်း(လွန်) ကျောင်း တစ်ကျောင်း စုစုပေါင်း ခုနစ်ကျောင်းတို့ အတွက်   လိုအပ်သည့်   ယာယီစာသင် ဆောင်များ ဆောက်လုပ်သင်ကြားနိုင် ရေး၊ ဆောက်လုပ်ရေးအဖွဲ့များအား မူလ စာသင်ကျောင်းနေရာတွင် အခက်အခဲ ဖြစ်နေသည့်     စာသင်ကျောင်းများကို ဦးစားပေးပြုပြင်ဆောက်လုပ်ရေး ညှိနှိုင်း ဆောင်ရွက်ပေးခြင်း၊      ဒေသခံပြည်သူ များထံ    နိုင်ငံတော်က   ထောက်ပံ့သည့် ဆန်ရိက္ခာနှင့် စားသောက်ဖွယ်ရာများ၊ သောက်ရေသန့်စက်များ၊     သောက်ရေ သန့်များ၊ တာပေါ်လင်၊ သွပ်နှင့် ဆေးစိမ် ခြင်ထောင်များ ကွင်းဆင်းထောက်ပံ့ခြင်း တို့ကို တစ်ရက်ပြီးတစ်ရက် ဆောင်ရွက် ခဲ့သည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ မြို့ များ ဓာတ်အားအမြန်ဆုံးရရှိရေး ဆောင် ရွက်ရာတွင်    မင်းပြားမြို့နယ်အတွင်း ရပ်ကွက်ကိုးခုနှင့် ကျေးရွာ ၃၉ ရွာတွင် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၄၇ ဒသမ ၉၅ မိုင်  ရှိသည့်အနက်  ၃၀ ရာခိုင်နှုန်းခန့်၊ ၄၀၀ ဗို့ ဓာတ်အားလိုင်း  ၅၉ ဒသမ ၇၅ မိုင်   ရှိသည့်အနက်   ၃၅ ရာခိုင်နှုန်းခန့် ပျက်စီးခဲ့ပြီး ဓာတ်အားခွဲရုံ အဆောက် အအုံ၊    ရုံးအဆောက်အအုံနှင့်   ဝန်ထမ်း အိမ်ရာများ ၅၂ ရာခိုင်နှုန်းခန့် ပျက်စီးခဲ့ရာ ထိုနှစ် ဇွန်လပထမပတ်အတွင်း ပြန်လည် ပြင်ဆင်ရေးလုပ်ငန်းများနှင့်   ပစ္စည်း အစားထိုး   တည်ဆောက်ခြင်းလုပ်ငန်း များ ၇၁ ရာခိုင်နှုန်းခန့်၊ မြို့ပေါ်ဖြန့်ဖြူးရေး လိုင်းများပြင်ဆင်ခြင်း   ရာခိုင်နှုန်းပြည့် ပြီးစီးခဲ့ပြီး ဇွန်လ ၃၀ ရက်တွင် မင်းပြား မြို့ပေါ်၌    ဓာတ်အားပြန်လည်ဖြန့်ဖြူး ပေးနိုင်ခဲ့သည်။
မိုခါသည်      အလွန့်အလွန်အင်အား ကြီးမားသည့် ဆိုင်ကလုန်းမုန်တိုင်းဖြစ် သော်လည်း   နိုင်ငံတော်၏   ကောင်းမွန် သော ကြိုတင်ပြင်ဆင်မှုနှင့် ပြည်သူတို့၏ ပူးပေါင်းပါဝင်မှုတို့ဖြင့်    ကောင်းမွန်စွာ ရင်ဆိုင်ဖြတ်ကျော်နိုင်ခဲ့သည်။ နိုင်ငံတော် ၏ ဘတ်ဂျက်၊ နိုင်ငံတကာနှင့် ပြည်တွင်း အလှူရှင်များ၏ အလှူငွေများဖြင့် ပထမ ဦးစားပေးအနေဖြင့်     ပြည်သူအားလုံး အမိုးအကာအောက်   လုံခြုံစွာ  ရောက်ရှိ နေထိုင်နိုင်စေရန်    စီမံခဲ့ပြီး    ဒုတိယ ဦးစားပေးအနေဖြင့်      မုန်တိုင်းမတိုင်မီ ကြိုတင်ကြေညာထားသည့် ဇွန် ၁ ရက် နေ့ ကျောင်းဖွင့်နိုင်ရေးအတွက် အထက် တန်းကျောင်းများကို ဦးစားပေး ပြင်ဆင် ခဲ့ကာ သတ်မှတ်ရက်တွင် ကျောင်းသား ကျောင်းသူများကို အမိုးအကာအောက် လုံခြုံစွာဖြင့် ကျောင်းဖွင့်လှစ်နိုင်ခဲ့သည်။ ပြင်ဆင်ဆဲ ကျောင်းများအတွက်လည်း ယာယီအဆောက်အအုံများဖြင့်    အမိုး အကာအောက်တွင်      သင်ကြားနိုင်ရေး ပြုလုပ်ပေးနိုင်ခဲ့သည်။         တတိယ ဦးစားပေးအနေဖြင့်        ကျန်းမာရေးကဏ္ဍ တွင်  ဆေးရုံဆေးခန်းများ    ပြင်ဆင်ပေး ခဲ့ပြီး      မုန်တိုင်းအပြီး     ရက်သတ္တပတ် အနည်းငယ်အကြာတွင်    ကျန်းမာရေး စောင့်ရှောက်မှုများ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိခဲ့သည်။
မိုခါမုန်တိုင်းအလွန်ကာလ   ၂၀၂၃ ခုနှစ် ဇွန်လ ၂ ရက်အထိ ရခိုင်ပြည်နယ် ၁၇ မြို့နယ်၌     ကျောင်းအပ်နှံပြီးစီးမှု အခြေအနေမှာ အထက်တန်း ၄၇၇၈၃ ဦး၊ အလယ်တန်း ၉၄၉၇၄ ဦး၊    မူလတန်း ၂၉၄၄၉၆ ဦး စုစုပေါင်း ၄၃၇၂၅၃ ဦး ရှိခဲ့ သည်။ ၁-၉-၂၀၂၃ ရက်တွင် ထုတ်ပြန် သော စာရင်းအရ ရခိုင်ပြည်နယ်အတွင်း အစိုးရကျောင်းများ၊  ပုဂ္ဂလိကကျောင်း များနှင့် ဘုန်းတော်ကြီးသင်ကျောင်းများ တွင် ကျောင်းအပ်နှံမှု စုစုပေါင်း ၅၇၃၄၅၂ ဦး ရှိခဲ့ပြီး တက်ရောက်သူ ၅၆၉၇၀၂ ဦး ရှိခဲ့ရာ တက်ရောက်ရာခိုင်နှုန်း ၉၉ ဒသမ ၃ ရာခိုင်နှုန်း    ရှိခဲ့သည်။     ပြန်လည် ထူထောင်မှုလုပ်ငန်းများတွင်    ကြီးကြပ် ကွပ်ကဲပါဝင်ရန်    ဗိုလ်မှူးချုပ်  ခင်ဇော် တာဝန်ကျခဲ့သည့် မင်းပြားမြို့နယ်တွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်း စုစုပေါင်း  ကျောင်းအပ်နှံမှု  ၄၄၃၁၂ ဦး ရှိခဲ့ပြီး  ပျက်ကွက်သူမရှိ    ရာခိုင်နှုန်း ပြည့် ကျောင်းတက်ရောက်ခဲ့ကြကြောင်း တွေ့ရသည်။
ကြီးမားလှသည့်     သဘာဝဘေး အန္တရာယ်ကြီးကို     ကြိုတင်ပြင်ဆင်၍ ရင်ဆိုင်ကျော်လွှားခဲ့ကြခြင်း၊ ဘေးဒဏ် သင့်     ထိခိုက်ပျက်စီးဆုံးရှုံးသွားသမျှ အရာအားလုံးကို ပြန်လည်ရှင်းလင်းခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ အသစ်တည်ဆောက် ခြင်း၊ မူလအခြေအနေထက် ပိုမိုကောင်း မွန်အောင် ဆောင်ရွက်ခြင်းလုပ်ငန်းများ မှာ   ကဏ္ဍများစွာတွင်   လူပုဂ္ဂိုလ်၊   အဖွဲ့ အစည်းများစွာတို့က     တာဝန်ကိုယ်စီ၊ အချိန်နှင့်တစ်ပြေးညီ လုပ်ကိုင်နေကြ ခြင်းဖြစ်ရာ     ဆောင်းပါးတစ်ပုဒ်မျှဖြင့် ဖော်ပြရန်မလွယ်။     မုန်တိုင်းဒဏ်သင့် မင်းပြားကို ပြန်လည်တည်ဆောက်ရာ တွင်   တာဝန်ခံ  တပ်မတော်အရာရှိကြီး အနေဖြင့်    မြို့မိမြို့ဖများနှင့်   တိုင်ပင် ကာ     အမြင်မတင့်တယ်သည်များကို လည်း ပြန်လည်ပြင်ဆင်ပေးခဲ့ကြောင်း၊ မူကြို၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အဆောက်အအုံ၊    သီလရှင်ကျောင်း စသည်တို့ကိုလည်း ငွေကြေး၊ ပစ္စည်းများ သုံးစွဲ၍    ပြန်လည်ပြုပြင်ပေးခဲ့သည်ဟု သိရှိရသည်။ 
“မင်းပြားမြို့ရဲ့     ဆိပ်ခံတံတားက ကမ်းကို  ရေတိုက်စားတော့  ပျက်စီးနေ တယ်။ ဒုတိယဝန်ကြီးချုပ်လာတုန်းက မြို့ရဲ့လိုအပ်ချက်ကို        တင်ပြတော့ သွားကြည့်ပြီး  ပြင်ပေးဖို့  အစီအစဉ်ရှိခဲ့ တယ်။    ကျွန်တော်က   မင်းပြားနားက တပ်မှာ   တာဝန်ကျခဲ့ဖူးတော့   ဒီမြို့မှာ တော်တော်များများက    သိကြတယ်။ အခုလို ကိုယ့်ကိုတာဝန်ပေးလို့ လုပ်လာ ရတဲ့အခါ    ဒေသပိုကောင်းလာအောင် စိတ်ရောကိုယ်ပါနှစ်ပြီး    လုပ်ကိုင်ခဲ့ပါ တယ်။ တကယ်ဒုက္ခရောက်နေသူတွေဆီ လိုအပ်တာတွေ မှန်မှန်ကန်ကန် ရောက် အောင်လည်း လုပ်ပေးခဲ့တယ်။ ကျွန်တော် တာဝန်ထမ်းဆောင်ခဲ့တာနဲ့   ပတ်သက် ပြီး ခြုံငုံပြောရရင် ပညာရေး၊ ကျန်းမာ ရေး၊   ဘာသာရေး၊   လူမှုရေးအားလုံး ချောချောမောမော   အေးအေးချမ်းချမ်း      စိတ်ချမ်းချမ်းသာသာ အထစ်အငေါ့မရှိ  ပြီးမြောက်ခဲ့ပါတယ်” ဟု     ဗိုလ်မှူးချုပ် ခင်ဇော်(ငြိမ်း)က ပြောကြားခဲ့သည်။
မိုခါအလွန်တွင် အားအင်အသစ်ဖြင့် ပြန်လည်နိုးထလာနိုင်ရန် နိုင်ငံတော်နှင့် ပြည်သူတို့၏ တွဲလက်များဖြင့် ကြိုးပမ်း ဆောင်ရွက်ခဲ့သည့်   ကျိန်းတောင်ခြေ ရာမောင်မြစ်ကမ်းမှ မြို့ကလေး၊ ပညာ လိုလားသည့်    ကလေးငယ်များ   ရာနှုန်း ပြည့် ပညာသင်ယူခဲ့ကြရာ ဒေသ၊ မြေဆီ ဩဇာ ထက်သန်မှုကြောင့် စပါးဆန်ရေ ကြွယ်ဝသည့်      မင်းပြားမြေ    အမြန်ဆုံး ငြိမ်းချမ်းလှပပါစေကြောင်း။              ။