
နေပြည်တော် မတ် ၁၆
ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန် အားသစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား မှ ဖျော်ဖြေရေးအစီအစဉ်များ ကို တိုးမြှင့်တင်ဆက်လျက်ရှိရာ “နွေဦးကံ့ကော်” တေးဂီတ ဖျော်ဖြေပွဲကို မတ် ၁၈ ရက် (သောကြာနေ့) ည ၈ နာရီသတင်း အပြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင် သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့်ပြသမည် ဖြစ် သည်။
ယင်းအစီအစဉ်ကို The Ensemble တေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ တေးသံရှင် များ ဖြစ်ကြသည့် စိုးအောင် (ကောင်းကင်ပြာ)၊ ဈာန်ထူး၊ သက်မှူးခင်၊ ချမ်းဟိန်းဝင်းထွန်း၊ ပန်တသျှန်ဧကရီ၊ ဇွဲထက်မြတ်၊ ချိုမီမီဇော်၊ စောဒန်နီရယ်နှင့် မြတ်နိုးစံတို့က ဖျော်ဖြေတင်ဆက် ကြမည်ဖြစ်သည်။
ထိုသို့ တင်ဆက်မှုကို မတ် ၂၀ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲတွင် ဒုတိယအကြိမ် ထပ်မံထုတ်လွှင့်ပြသမည် ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်