
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)
နေ့သင်တန်းများဖွင့်လှစ်ကြောင်းကြေညာခြင်း
၁။ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပထမနှစ် (၂၀၂၃ အောင်)(ပထမနှစ်ဝက်) သင်တန်းနှင့် ဒုတိယနှစ်(ပထမနှစ်ဝက်)သင်တန်းများကို ၁၆-၁၁-၂၀၂၃ ရက်နေ့မှစတင်၍ (စနေနှင့်တနင်္ဂနွေနေ့များအပါအဝင်) နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ကျောင်းအပ်လက်ခံပြီး ၂၃-၁၁-၂၀၂၃ ရက်နေ့မှ စတင်၍ ဖွင့်လှစ် သွားမည်ဖြစ်ကြောင်းနှင့် ဒုတိယနှစ် ၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ဘွဲ့လွန်ဒီပလိုမာနှင့် မဟာဘွဲ့သင်တန်းများ၏ ဒုတိယနှစ်ဝက်သင်တန်းများကို ၂၃-၁၁-၂၀၂၃ ရက်နေ့မှ စတင်၍ ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
၂။ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ပထမနှစ် (ပထမနှစ်ဝက်) သင်တန်းသို့ ဝင်ခွင့်ရရှိသည့် ကျောင်းသား၊ ကျောင်းသူများစာရင်းအား ၉-၁၁-၂၁၀၂၃ ရက်နေ့၌ ဝန်ကြီးဌာန၏ Website ဖြစ်သည့် https://mcrd.gov.mm၊ ဤတက္ကသိုလ်၏ Website ဖြစ်သည့် https://ucms.edu.mm နှင့် Facebook Page; University of Co-operative and Management, Sagaing တို့တွင် ထည့်သွင်း ဖော်ပြထားပြီးဖြစ်ကြောင်း ကြေညာအပ်ပါသည်။
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန