နွေရာသီရေပြတ်လပ်မှုမရှိစေရေး ဆောင်ရွက်ပေးနိုင်မည့်အခြေအနေများနှင့်စပ်လျဉ်း၍ အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

 

နေပြည်တော် ဒီဇင်ဘာ ၂၈

 

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ၂၀၂၁ ခုနှစ် လာမည့်နွေရာသီကာလ ရေပြတ်လပ် မှုမရှိစေရေး ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ အစီအစဉ်များ ရေးဆွဲနိုင်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးများနှင့် အကြိုလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီ က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပ သည်။

ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးခန့်ဇော်က အစည်းအဝေး ကို ၂၀၂၁ ခုနှစ် လာမည့်နွေရာသီ ကာလတွင် ရေပြတ်လပ်မှုမရှိစေရေး ဆောင်ရွက်ပေးနိုင်မည့် အခြေအနေ များနှင့်ပတ်သက်၍ အစီအစဉ်များ ရေးဆွဲနိုင်ရေး၊ ယခင်နှစ်များအတွင်း တိုင်းဒေသကြီး၊ ပြည်နယ်များမှ ရေ ရှားပါးသည့် ကျေးရွာများကို သောက်သုံးရေရရှိရေး ဆောင်ရွက် ပေးခဲ့သည့် အခြေအနေများ၊ ယခု ဘဏ္ဍာနှစ် ကျေးလက်ရေရရှိရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ rwsmis.com Website တွင် ကျေးလက် သောက်သုံးရေရရှိမှု အချက်အလက် များ ကောက်ယူဖြည့်သွင်းပြီးစီးမှုများ၊ အဆိုပါ အချက်အလက်များအပေါ် အခြေခံ၍ ကျေးလက်ရေရရှိရေး ၁၀ နှစ်စီမံကိန်း ရေးဆွဲဆောင်ရွက်မည့် အစီအစဉ်များ ရေးဆွဲနိုင်ရေးအတွက် ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြား သည်။

ယင်းနောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) ညွှန်ကြားရေးမှူး ဦးလှခိုင်က ယခင်နှစ် နွေရာသီရေရှားပါး ကျေးရွာများတွင် ရေရှည်ရေရရှိရေး ဆောင်ရွက်ပေးနိုင် ခဲ့မှုနှင့် rwsmis.com Website တွင် ကျေးလက်သောက်သုံးရေရရှိမှု အချက် အလက်များ ကောက်ယူဖြည့်သွင်း ပြီးစီးမှု၊ အဆိုပါအချက်အလက်များ အပေါ်အခြေခံ၍ ကျေးလက်ရေရရှိ ရေး ၁၀ နှစ် စီမံကိန်း ရေးဆွဲဆောင် ရွက်မည့်အစီအစဉ်များကို ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး၊ ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူးများက ရေရှားပါးကျေးရွာများကို ဆောင် ရွက်ပေးခဲ့မှု၊ ရေရရှိရေးအချက်အလက် များ ကောက်ယူပြီးစီးမှု၊ ယခု ဘဏ္ဍာ နှစ် ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ လာမည့်နွေရာသီ ကာလ ရေရှားပါးပြတ်လပ်နိုင်သည့် ခန့်မှန်းကျေးရွာ အခြေအနေများ၊ ကျေးလက်ရေရရှိရေး ၁၀ နှစ် စီမံ ကိန်း ရေးဆွဲမည့် အစီအစဉ်များ ဆွေးနွေးတင်ပြကြရာ ညွှန်ကြားရေး မှူးချုပ်က လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနအနေဖြင့် ၂၀၁၆ ခုနှစ် တွင် ကျေးရွာပေါင်း ၈၆၀ ရေဂါလန် ပေါင်း ၇ ဒသမ ၀၃ သန်း၊ ၂၀၁၇ ခုနှစ် တွင် ကျေးရွာပေါင်း ၅၂၇ ရွာ ရေဂါလန် ပေါင်း ၁၅ ဒသမ ၇၂ သန်း၊ ၂၀၁၈ ခုနှစ်တွင် ကျေးရွာပေါင်း ၁၁၃ ရွာ ရေဂါလန်ပေါင်း ၀ ဒသမ ၇၇ သန်း၊ ၂၀၁၉ ခုနှစ်တွင် ကျေးရွာပေါင်း ၃၈၉ ရွာ ရေဂါလန်ပေါင်း ၂ ဒသမ ၉၂ သန်း၊ ၂၀၂၀ ပြည့်နှစ်တွင် ကျေးရွာပေါင်း ၃၄၇ ရွာ ရေဂါလန်ပေါင်း ၃ ဒသမ ၅၇ သန်းအထိ ဦးစီးဌာနပိုင် ရေသန့်စင် ကား ၁၀ စီး၊ ရေသယ်ယာဉ် အစီး ၂၀ ဖြင့် သောက်သုံးရေဖြန့်ဝေပေးနိုင် ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်အထိ ရေ ဖြန့်ဝေပေးရသည့် ကျေးရွာပေါင်းမှာ ၂၂၃၆ ရွာရှိပြီး အဆိုပါ ကျေးရွာများ အနက် ကျေးရွာပေါင်း ၈၈၉ ရွာကို ၂၀၁၆−၂၀၁၇ မှ ၂၀၂၀−၂၀၂၁ ဘဏ္ဍာ ရေးနှစ်အထိ ရေရှည်ရေရရှိရေး နည်းလမ်းများဖြင့် ဆောင်ရွက်ပေးနိုင် ကြောင်း၊ ရေအရင်းအမြစ် (မြေပေါ် ရေ၊ မြေအောက်ရေ) မရှိသော ကျေးရွာ များ၊ ရေအရည်အသွေးမကောင်းသော ကျေးရွာများအတွက် အခြားရေရရှိရေး နည်းလမ်းများဖြင့် ရေရရှိရေး ဆောင် ရွက်ပေးမည်ဖြစ်ကြောင်း၊ လာမည့် နွေရာသီကာလတွင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် မြို့နယ် ၈၆ မြို့နယ်ရှိ ကျေးရွာ ၃၄၇ ရွာတွင် ကြိုတင်ခန့်မှန်းချက်များအရ ရေပြတ် လပ်မှု ဖြစ်ပေါ်နိုင်ကြောင်း ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးလက်ရေရရှိရေးဌာန တာဝန်ခံ ညွှန်ကြားရေးမှူး ဦးလှခိုင်ထံမှ သိရ သည်။ သတင်းစဉ်