နွေရာသီအားကစားသင်တန်းနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ(ရန်ကုန်) ဖွင့်ပွဲကျင်းပ

 

ရန်ကုန်    မေ   ၁    


နွေရာသီအားကစားသင်တန်းနှင့်       လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ (ရန်ကုန်)  ဖွင့်ပွဲအခမ်း အနားကို ယနေ့  မွန်းလွဲ   ၁ နာရီက   ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပသည်။

 


အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးစိုးသိန်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊    တိုင်းဒေသကြီး ဝန်ကြီးများ၊  အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာနမှ   တာဝန်ရှိသူများ၊    မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

 


ရှေးဦးစွာ     တိုင်းဒေသကြီး  ဝန်ကြီးချုပ်က ကျောင်းသား ကျောင်းသူ  လူငယ်မောင်မယ်များ အနေဖြင့် နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း   အချိန်ကိုအကျိုးရှိစွာအသုံးချပြီး  အားကစားပြုလုပ် သည်ကို ပျော်ရွှင်ခြင်းမှတစ်ဆင့်     ဝါသနာပါရာ အားကစားနည်းကို   အခြေခံမှစကာ   စနစ်တကျ သင်ကြားခွင့်ရရှိမည် ဖြစ်ပါကြောင်း၊   ယခုနှစ်တွင် အားကစားနည်း  ၂၀ နည်းကိုအခြေခံမှစ သင်ကြား လေ့ကျင့်ပေးမည်ဖြစ်ပါကြောင်း         တိုက်တွန်း ပြောကြားသည်။

 


ဆက်လက်၍     အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးက သင်တန်းဖွင့်အမှာ စကားပြောကြားရာတွင်  နွေရာသီကျောင်းပိတ်ရက် များတွင်  လူငယ်လူရွယ်များ    အချိန်ကိုအကျိုးရှိရှိ  အသုံးချတတ်စေရန်    အခြေခံအားကစားနည်း တစ်ရပ်ရပ်ကို လေ့ကျင့်လိုက်စားခြင်းဖြင့်   ကျန်းမာ ကြံ့ခိုင်ပြီး အရည်အချင်းမြင့်မားသည့်        အားကစား သမားကောင်းများပေါ်ထွက်လာစေရေး၊ တစ်မျိုးသား လုံး ကျန်းမာကြံ့ခိုင်ရေး၊ လူငယ်များ  မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေးနှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးရေးစသည့် ရည်ရွယ်ချက် ကောင်းများနှင့်  ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် Mass Sports လို့ ခေါ်သည့် လူထုအားကစားလှုပ်ရှားမှုများကို  တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံးအတိုင်းအတာဖြင့်   ကျယ်ကျယ် ပြန့်ပြန့် လှုပ်ရှားဆောင်ရွက်လာစေရန်    စည်းရုံး ဆောင်ရွက်ရေးနှင့် Excellent Sports  ဆိုသည့် ထူးချွန်ထက်မြက်သည့်   နိုင်ငံ့ဂုဏ်ဆောင်အားကစား သမားများ မွေးထုတ်ပေးရေး၊   အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲများတွင် အဆင့်မြင့်မားစွာ ပါဝင် ယှဉ်ပြိုင်ရေးနှင့် အရှေ့တောင်အာရှမှသည်  အာရှ၊  အာရှအဆင့်မှသည် ကမ္ဘာ့အဆင့်အထိ    တက်လှမ်း နိုင်အောင်  ကြိုးပမ်းဆောင်ရွက်ရေး ပြောကြားသည်။

 


ထို့နောက် နွေရာသီအားကစားသင်တန်းသားသင်တန်းသူများက     အားကစားသစ္စာအဓိဋ္ဌာန် လေးချက်ရွတ်ဆိုပြီး   ကွင်းအတွင်းမှ    ပြန်လည် ထွက်ခွာသွားကာ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ ချုပ်၊ မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်တို့မှ အားကစား သမားများက သရုပ်ပြသခဲ့ကြောင်း သိရသည်။


အာကာလင်း
ဓာတ်ပုံ-တင်စိုး