
စစ်ကိုင်း ဖေဖော်ဝါရီ ၁၃
နေပြည်တော် ဒက္ခိဏသီရိ မြို့နယ် ရန်အောင်မြင်ပရိယတ္တိသာသနာလင်္ကာရအသင်း စာမေး ပွဲအတွက် ဖြေဆိုကြမည့် စစ်ကိုင်းတောင်ရိုးရှိ သံဃာတော် များအား ကိုဗစ်-၁၉ ရောဂါ ရှိ မရှိ ကျန်းမာရေး စစ်ဆေးပေးခြင်း ကို ဖေဖော်ဝါရီ ၁၂ ရက် နံနက် ပိုင်းက စစ်ကိုင်းတောင်ရိုး မဟာ သုဗောဓာရုံကျောင်းတိုက်အတွင်း သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများက စုရပ်သတ်မှတ် ၍ ဆောင်ရွက်ပေးခဲ့သည်။
နေပြည်တော်သို့ စာမေးပွဲ ဖြေဆိုရန် ကြွရောက်တော်မူ ကြမည့် သံဃာတော်များ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးပေးရာသို့ စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းစိန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုကြည်ညိုခဲ့ကြပြီး လိုအပ် သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
နိုင်ငံတော်၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးစီမံချက် များနှင့်အညီ စစ်ကိုင်းတိုင်း ဒေသကြီး၌ ကိုဗစ်-၁၉ ကာကွယ် ဆေးများကို စဉ်ဆက်မပြတ်ထိုးနှံ ပေးလျက်ရှိရာ ခရီးသွားလာကြ မည့် ရဟန်း၊ သံဃာများနှင့် ပြည်သူများကိုလည်း ကျန်းမာ ရေး စစ်ဆေးပေးလျက်ရှိကြောင်း သက်ဆိုင်ရာ ကျန်းမာရေးဦးစီး ဌာနမှ သိရသည်။
ဇော်မြင့်နိုင်