နေပြည်တော်သည် မြန်မာနိုင်ငံ၏ အလယ်ဗဟို၌ တည်ရှိနေသည့်အတွက် ခရီးစဉ်ဒေသများသို့ သွားရောက်ရာတွင် အချိန်တိုတိုဖြင့် ရောက်ရှိနိုင် ဟိုတယ်နှင့်တည်းခိုရိပ်သာများ ကျန်းမာရေးနှင့်ဘေးအန္တရာယ်ကင်းရှင်းသော ဝန်ဆောင်မှုကောင်းများပေးစွမ်းနိုင်ရေးအတွက် ဂရုပြုဆောင်ရွက်

 

နေပြည်တော်   ဒီဇင်ဘာ   ၃၀
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းက မင်္ဂလာသီရိဟိုတယ်၌ ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်းရှင်များ၊ တာဝန်ခံများ၊ အထွေထွေမန်နေဂျာများနှင့် ခရီးသွားအသင်းအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံသည်။ 
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နေပြည် တော်သည် မြန်မာနိုင်ငံ၏ ဗဟိုချက်မမြို့တော်ဖြစ်ကာ မြို့တည်ဆောက်ခဲ့စဉ်က မြို့ပြစီမံကိန်းများနှင့်အညီ စနစ်တကျ     အကွက်ချတည်ဆောက်ထားခဲ့ပါ ကြောင်း၊ ယင်းအပြင် ဟိုတယ်နှင့် ခရီးသွားကဏ္ဍ တွင်လည်း ဟိုတယ်ဇုန်များ၊ ခရီးသွားဆွဲဆောင်ရာ နေရာများနှင့် အပန်းဖြေအနားယူနိုင်မည့်နေရာများကို   စနစ်တကျ သတ်မှတ်အကောင်အထည်ဖော် ထားရှိခဲ့ပါကြောင်း၊ နေပြည်တော်သို့ လာရောက်မည့် နိုင်ငံတကာမှ  အကြီးအကဲများ၊  သံတမန်များနှင့် ခရီးသွားဧည့်သည်များအား ဝန်ဆောင်မှုပေးစွမ်းနိုင် ရန် ဟိုတယ်အနည်းငယ်ဖြင့်သာ စတင်ခဲ့ရာမှ ယနေ့ အချိန်တွင်   ဟိုတယ်နှင့်  တည်းခိုရိပ်သာ ၉၉လုံးနှင့် အခန်းပေါင်း ခြောက်ထောင်ကျော်ရှိလာခဲ့ပြီဖြစ်ပါကြောင်း၊  နေပြည်တော်၌   နိုင်ငံတကာအခမ်းအနား များ၊ အစည်းအဝေးများ လက်ခံကျင်းပခြင်းသာမက နိုင်ငံတော်အဆင့် အခမ်းအနားများကိုလည်း   နိုင်ငံ တကာအဖွဲ့အစည်းများနှင့်  နိုင်ငံခြားသံတမန်များကို ဖိတ်ကြားကာ အဆင့်အတန်းမီစွာ ကျင်းပဆောင်ရွက် လျက်ရှိပါကြောင်း။
 ထို့အတွက် ဟိုတယ်များအနေဖြင့် နိုင်ငံတကာအဆင့်မီဟိုတယ်များဖြစ်နေရန်      အရေးကြီးပါ ကြောင်း၊ ပထဝီဝင်အနေအထားအရ နေပြည်တော် သည် မြန်မာနိုင်ငံ၏ အလယ်ဗဟို၌ တည်ရှိနေသည့် အတွက်   ခရီးသွားဧည့်သည်များအနေဖြင့်   အခြား ခရီးစဉ်ဒေသများသို့ သွားရောက်ရာတွင် အချိန်တိုတို ဖြင့် ရောက်ရှိနိုင်သော အားသာချက်များရှိပါကြောင်း၊ ထို့ပြင်  နိုင်ငံတကာအဆင့်မီ  အပြည်ပြည်ဆိုင်ရာ လေဆိပ်  တည်ရှိနေသည့်အတွက်  ပြည်ပခရီးသွား ဧည့်သည်များ   ပိုမိုဝင်ရောက်လာနိုင်သော  အလား အလာများရှိသည့်အတွက်   ဟိုတယ်နှင့်  တည်းခို ရိပ်သာများအနေဖြင့် ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းသော ဝန်ဆောင်မှုကောင်းများ ပေးစွမ်းနိုင် ရေးအတွက်   ဂရုပြုဆောင်ရွက်ကြရန်  လိုအပ်ပါ ကြောင်း။
နေပြည်တော်ရှိ ဟိုတယ်အချို့သည် လာရောက် တည်းခိုမည့်  ဧည့်သည်များကို   ကိုယ်တိုင်ကိုယ်ကျ ကျွေးမွေးဧည့်ခံနိုင်ရန်  ဟိုတယ်တွင်း၌  အော်ဂဲနစ် စိုက်ခင်းများ၊  စိုက်ပျိုးရေးခြံများ  တစ်နိုင်တစ်ပိုင်ဆောင်ရွက်ထားရှိသည့်အတွက်   ကျန်ဟိုတယ်များ အနေဖြင့်လည်း လိုက်ပါဆောင်ရွက်နိုင်ရေး ကြိုးစား သွားကြစေလိုပါကြောင်း၊     ဟိုတယ်များအနေနှင့် ဧည့်သည်များ နေထိုင်ချင်စဖွယ်၊ လည်ပတ်ချင်စဖွယ် ဖြစ်အောင်   သန့်ရှင်းသာယာလှပရေး၊  ဝတ်စား ဆင်ယင်မှု၊  ဝန်ဆောင်မှုတို့ကို  ကောင်းမွန်အောင် ပြင်ဆင်သွားကြရန် လိုအပ်ပါကြောင်း၊ သန့်ရှင်း သာယာလှပရေး ဆောင်ရွက်ရာတွင် အတွင်းအပြင် ပရိဝဏ်များသာမက  မြေထိန်းနံရံများ  ယိုယွင်း ပျက်စီးနေမှုများကိုပါ     ဆောင်ရွက်သွားကြစေလို ပါကြောင်း၊ နေပြည်တော်ရှိ ဟိုတယ်များ မြို့အင်္ဂါရပ် နှင့်အညီ သန့်ရှင်းသာယာလှပမှု ရှိနေစေရေးအတွက် Campaign  ပုံစံ  ချမှတ်လုပ်ဆောင်ကြရန်  လိုအပ် သဖြင့် အားလုံးဝိုင်းဝန်း ဆောင်ရွက်ပေးကြစေလိုပါ ကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ချုပ်များက   ဟိုတယ်များအလိုက်  သန့်ရှင်းသပ်ရပ် သာယာလှပရေး၊ အပင်များအလင်းဖွင့်ထားရေးနှင့် ချုံနွယ်များ      ရှင်းလင်းဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် ညအချိန်ရောင်စုံမီးလုံး များ ထွန်းလင်းထားရှိရေးနှင့် ဝန်ကြီးဌာနမှ ပူးပေါင်း ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များကို ရှင်းလင်း တင်ပြပြီး ပြည်ထောင်စုဝန်ကြီး က လိုအပ်သည်များ ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မင်္ဂလာသီရိဟိုတယ်၌ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားရှိ သော အော်ဂဲနစ်စိုက်ခင်းသို့ သွားရောက်ကြည့်ရှုခဲ့ ကြောင်း သိရသည်။
သတင်းစဉ်