နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်၌ တပ်မတော်သတင်းစာရှင်းလင်းပွဲပြုလုပ်

 
 
 
နေပြည်တော် မတ် ၂၂
 
 
တပ်မတော်သတင်းစာ ရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ရှိ တပ်မတော်စစ်သမိုင်းပြတိုက်၌ ပြုလုပ်သည်။
 
 
အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် စိုးနိုင်ဦး၊ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီ၊ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ ပြည်တွင်း၊ ပြည်ပ သတင်းဌာနများမှ သတင်းမီဒီယာ သမားများ တက်ရောက်ကြ ပြီး သတင်းစာရှင်းလင်းပွဲ မစတင်မီ တက်ရောက်လာကြသူများ အား COVID-19 ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိ သူများက စမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်ပေးသည်။
 
 
သတင်းစာ ရှင်းလင်းပွဲတွင် ဗိုလ်ချုပ် စိုးနိုင်ဦးက ကွတ်ခိုင်မြို့နယ် လွယ်ခမ်ကျေးရွာနှင့် အနီးတစ်ဝိုက် တို့၌ ဖေဖော်ဝါရီ ၂၈ ရက်မှ မတ် ၁၆ ရက်အထိ လက်နက်၊ ခဲယမ်း များနှင့် ဆက်စပ်ပစ္စည်းများ၊ ငွေကျပ် ၃၁၅ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ် ဆေးဝါးများ၊ မူးယစ်ဆေးဝါး ချက်လုပ် ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း များ သိမ်းဆည်းရရှိမှု၊ ဖမ်းဆီးရမိသူ များနှင့် ထွက်ပြေးတိမ်းရှောင် နေသူများအား တရားဥပဒေအရ ဆောင်ရွက်နေမှု၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နေမှု၊ ၂၀၂၀ ပြည့်နှစ်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း ပြောကြားသည်။
 
 
ထို့နောက် ဗိုလ်ချုပ် ထွန်းထွန်း ညီက AA အဖွဲ့ ရက်ပေါင်း ၄၀ ကျော်ကြာ ဝိုင်းပတ်ပိတ်ဆို့ထားသည့် မီး၀စခန်းကို စစ်ကူပေးနိုင် ရေး တပ်မတော်စစ်ကြောင်းများက ထိုးဖောက်တိုက်ခိုက်မှုနှင့် AA အဖွဲ့၏ ရခိုင်ပြည်နယ်အတွင်း လှုပ်ရှား ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
 
 
ယင်းနောက် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက Coronavirus Disease 2019 (COVID-19) ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် လိုက်နာဆောင်ရွက်ရမည့် အချက် များကို တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့များအား ညွှန်ကြားထားရှိသည့် အခြေအနေ၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၌ ဖြစ်ပွားနေသည့် ကိုရိုနာ ဗိုင်းရပ်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်း စဉ်များ အောင်မြင်စေရန်အတွက် မြန်မာ့တပ်မတော်မှ ဆေးဘက် ဆိုင်ရာပစ္စည်းများ သွားရောက်ပေးပို့ လှူဒါန်းခဲ့သည့် အခြေအနေ၊ COVID-19 ရောဂါဖြစ်ပွားမှု ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစီမံချက်များ ရေးဆွဲထားရှိမှုနှင့် ရောဂါပြန့်ပွား ကူးစက်လာပါက တပ်မတော်နှင့် အရပ်ဘက် ကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေ အနေ၊ COVID-19 ရောဂါကုသရာ တွင် အထောက်အကူပြုသည့် Chloroquine ဆေးများကို နယ်စပ်ဒေသမြို့များရှိ ဆေးရုံများသို့ တပ်မတော်မှလှူဒါန်းခဲ့မှုနှင့် မြို့နယ် အသီးသီးရှိဆေးရုံ၊ ဆေးခန်းများတွင် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှု အခြေအနေများ နှင့် ပတ်သက်၍ ရှင်းလင်းပြောကြား သည်။
ယင်းနောက် တက်ရောက်လာကြ သည့် သတင်းမီဒီယာများ၏ မေးမြန်းမှုအပေါ် တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
 
သတင်းစဉ်