နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမတွင်  ကိုဗစ်−၁၉ အတည်ပြုလူနာများ ထားရှိရန် ခုတင် ၁၅၀၀ ပြင်ဆင်လျက်ရှိ


 

နေပြည်တော် ဇူလိုင် ၁၉


နေပြည်တော်ရှိ     မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကိုဗစ်−၁၉ အတည်ပြု   လူနာများထားရှိရန် ခုတင် ၁၅၀၀ ပြင်ဆင်လျက်ရှိပြီး ခန်းမအပေါ်ထပ်တွင် ခုတင် ၁၇၅ လုံး၊   မြေညီထပ်တွင်  ခုတင် ၂၉၇ လုံး၊    မြေအောက်အထပ်တွင် ခုတင်  ၁၄၄ လုံးနှင့်    ခန်းမဘေးရှိ ကျောက်စိမ်းပြခန်းဆောင် ၉ ခု တွင် ခုတင် ၈၈၄လုံး   ပြင်ဆင် လျက်ရှိကြောင်း သိရှိရသည်။ 
“အခုနောက်ပိုင်းမှာ  နေ့စဉ် လူနာက ၂၀၀ ကျော်ကနေ ၃၀၀ ကျော်   များပြားလာတဲ့အတွက် Positive Center ထပ်မံ ရှာဖွေ ဖော်ထုတ်တဲ့အခါမှာ မဏိရတနာ ကျောက်စိမ်းခန်းမကို သယံဇာတ နှင့်    သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့  ခွင့် ပြုချက်နဲ့ အသုံးပြုခွင့်ရခဲ့ပါတယ်။ ကုသရေး     ဆေးအဖွဲ့အနေနဲ့ တပ်မတော်ဆေးအဖွဲ့က   ဆောင် ရွက်မှာဖြစ်ပြီးတော့   ကျန်းမာရေး နှင့်   အားကစားဝန်ကြီးဌာနက လိုအပ်တဲ့  ပစ္စည်း၊  စက်ပစ္စည်း ကိရိယာတွေ၊ ဆေးဝါးပစ္စည်းတွေ ထောက်ပံ့ဆောင်ရွက်မှာ  ဖြစ်ပါ တယ်” ဟု  နေပြည်တော်  ပြည်သူ့ ကျန်းမာရေး/  ကုသရေးဦးစီးဌာန မှူး  ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီရိနွယ်က  ပြောကြား သည်။
ကိုဗစ်−၁၉     အတည်ပြု လူနာများအတွက်         မဏိရတနာကျောက်စိမ်းခန်းမကို  Positive Center အဖြစ် အသုံးပြုရန် စီစဉ် နေမှုနှင့်  စပ်လျဉ်း၍ “ကိုဗစ်−၁၉  အတည်ပြုလူနာတွေကို   ပထမ တော့    ဆေးရုံတွေမှာ   ကုသပေး တယ်။    နောက်ပိုင်း  များပြားလာ တဲ့အခါမှာ    ဆေးရုံတွေအပြင် Center တွေအနေနဲ့ စည်ပင်ဧည့် ရိပ်သာ(၂)မှာ  လက်ခံပေးတယ်၊ ဝင်ဆံ့အင်အား (၈၀၀) ရှိပါတယ်။ အဲဒီနောက်ပိုင်းမှာ ထပ်မံများပြား လာတဲ့အတွက်  စည်ပင်ဧည့်ရိပ် သာ(၁)ကို Positive Center အဖြစ်သုံးစွဲတယ်၊  ဝင်ဆံ့ အင်အား (၉၀၀) ဖြစ်ပါတယ်။ အခုလူနာများ ပြားလာတဲ့အတွက်  နေပြည်တော် ကောင်စီကြီးကြပ်မှုနဲ့   ပြင်ဆင်နေ ပါတယ်”ဟု   ၎င်းက   ဆက်လက် ပြောကြားသည်။
အဆိုပါ  ကျောက်စိမ်းခန်းမ တွင်   တပ်မတော်မှ    အထူးကု သမားတော်ကြီးများ ဦးဆောင်၍ တပ်မတော်ဆရာဝန်၊ သူနာပြု ၂၄ ဦးက   အဖွဲ့ ၂ ဖွဲ့ခွဲကာ  နေပြည် တော်    ပြည်ထောင်စုနယ်မြေရှိ ကိုဗစ်−၁၉ လူနာများကို  စောင့် ရှောက်  ကုသမှုပေးသွားမည်ဖြစ် ကြောင်း သိရသည်။ 
သန်းမင်းအောင်(သတင်းစဉ်)