နေပြည်တော်ရှိ ခရစ်ယာန်ဘုရားကျောင်းနှင့် အသင်းတော်များ၌ ဝတ်ပြုဆုတောင်းခြင်း၊ မိတ်ဆုံစားခြင်းနှင့်ပျော်ပွဲရွှင်ပွဲများ ပျော်ရွှင်စွာဆင်နွှဲ

 

နေပြည်တော် ဒီဇင်ဘာ ၂၅
ယနေ့သည် ယေရှုခရစ်တော်ဖွားမြင်တော်မူသည့်နေ့ကို   အထိမ်း အမှတ်ပြုသည့် ခရစ္စမတ်နေ့ဖြစ် သည့်အတွက်  မြန်မာနိုင်ငံတစ်ဝန်း လုံးရှိ ခရစ်ယာန်ဘာသာဝင်များ သည်   သက်ဆိုင်ရာခရစ်ယာန် ဘုရားကျောင်းများအလိုက် ဝတ်ပြု ဆုတောင်းခြင်းနှင့်   ကျေးဇူးတော် ချီးမွမ်းခြင်းတို့ကို ဆောင်ရွက်ကြ ပြီး ညပိုင်းတွင် ရောင်စုံလျှပ်စစ် မီးများဖြင့်   အလှဆင်   ထွန်းညှိ ကြသည်။ 
ယနေ့   နံနက်ပိုင်းမှစတင်၍ နေပြည်တော်  ကောင်စီနယ်မြေ အတွင်းရှိ      စိန့်မိုင်ကယ်ကက် သလစ်ဘုရားကျောင်း၊ မြန်မာနှစ် ခြင်း ခရစ်ယာန်အသင်းတော်နှင့် အခြား ခရစ်ယာန်ဘုရားကျောင်း များ၌ ခရစ်ယာန်ဘာသာဝင်များ သည်    ခရစ္စမတ်နေ့  အခါသမယ အခမ်းအနားကို  အဖွင့်မေတ္တာပို့ ဆုတောင်း၍ ဖွင့်လှစ်ပေးကာ ဓမ္မ သီချင်းများကို     စုပေါင်းသီဆို ချီးမွမ်းကြသည်။ 
ထို့နောက်  ခရစ်ယာန်ဘုန်း တော်ကြီးများ၊   သိက္ခာတော်ရ ဆရာတော်များနှင့်အတူ ခရစ်ယာန် ဘာသာဝင်များသည် သမ္မာကျမ်း စာဖတ်ကြားပြီး     မေတ္တာပို့ ဆုတောင်းခြင်းများ   ဆောင်ရွက် ကြကာ ကျေးဇူးတော်ချီးမွမ်းခြင်း အထိမ်းအမှတ် မိတ်ဆုံစားခြင်းနှင့် ပျော်ပွဲ ရွှင်ပွဲများကို  စိတ်အေးချမ်း သာစွာ ဆောင်ရွက်ကြသည်။
ထို့ပြင်       ခရစ်ယာန်ဘုရား ကျောင်းများ၌        ခရစ္စမတ်နေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ အဖြစ် ဓမ္မတေးသီဆိုမှုများ၊ အပြန်အလှန် လက်ဆောင်ပေးခြင်း   အစီအစဉ် များ ဆောင်ရွက်ကြပြီး ညပိုင်းတွင် ဘုရားကျောင်းများ၌   ရောင်စုံ လျှပ်စစ်မီးများ  အလှဆင်ထွန်းညှိ ၍ ခရစ်တော်မွေးနေ့ကို ပျော်ရွှင် စွာဖြင့်  ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။ 
အောင်ရဲသွင်
ဓာတ်ပုံ - ကိုကိုအေး