နေပြည်တော်၌ (၃၁) ကြိမ်မြောက် အမျိုးသားအဆင့် မုတ်သုံဖိုရမ်ကျင်းပ

 

နေပြည်တော်  နိုဝင်ဘာ  ၂
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဦးစီး၍ (၃၁)ကြိမ်မြောက် အမျိုးသားအဆင့် မုတ်သုံဖိုရမ်ဆွေးနွေးပွဲ အခမ်းအနားကို  မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန    ဘက်စုံသဘာဝ ဘေး  ကြိုတင်သတိပေးဗဟိုဌာန (Multi-Hazard    Early   Warning    Center) အစည်းအဝေးခန်းမ၌  နိုဝင်ဘာ ၁ ရက် က ကျင်းပသည်။
ဖိုရမ်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာကျော်မိုးဦးက အမှာစကား ပြောကြားပြီး   ဖိုရမ်သို့      သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲရေး ဆောင်ရွက်နေ သော  ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ စိုက်ပျိုးရေး        ဆောင်ရွက်နေသော ဌာနများ၊    အခြားဆက်စပ်ဌာနများမှ ဌာနဆိုင်ရာ     ကိုယ်စားလှယ်များနှင့် မိုးလေဝသနှင့်    ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ  စုစုပေါင်း ၅၀ ခန့် တက်ရောက်သည်။ 
ဖိုရမ်တွင်  ယခုနှစ်   နိုဝင်ဘာလမှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအထိ မိုးလေဝသ နှင့်ဇလဗေဒဆိုင်ရာ ခန့်မှန်းချက်များကို တင်ပြဆွေးနွေးခြင်း၊    စိုက်ပျိုးရေး မိုးလေဝသ အခြေအနေနှင့်   လာမည့် ဆောင်းရာသီကာလအတွင်း    ဖြစ်ပေါ် နိုင်မည့်  အယ်လ်နီညိုအခြေအနေနှင့် ခန့်မှန်းချက်များကို တင်ပြခြင်း၊  ရာသီ အလိုက် ခန့်မှန်းချက်များကို အသုံးပြု သည့် သက်ဆိုင်ရာ   ကဏ္ဍအသီးသီးမှ ပြီးခဲ့သည့်     မိုးရာသီကာလအတွင်း ကြုံတွေ့ခဲ့ရသည့်      ရာသီဥတုနှင့် မိုးလေဝသဆိုင်ရာ အတွေ့အကြုံများနှင့် သင်ခန်းစာများကို       ဆွေးနွေးခြင်း၊ လာမည့်   ဆောင်းရာသီကာလအတွက် ခန့်မှန်းချက်များကို အသုံးပြု၍ ကဏ္ဍ အလိုက် ကြိုတင်ပြင်ဆင်မှု အခြေအနေ များကို တင်ပြဆွေးနွေးခြင်း၊ လိုအပ် ချက်များနှင့် အကြံပြုချက်များကို အသေး စိတ်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြ သည်။                                   
သတင်းစဉ်