နေပြည်‌တော်မြို့တော်ဝန်မဟာသင်္ကြန် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ၏ ဒုတိယအကြိမ် အစည်းအဝေးကျင်းပ


 

 

နေပြည်တော်  ဧပြီ  ၄
၁၃၈၃ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုအတာသင်္ကြန်ပွဲတော်၊ နေပြည်တော်မြို့တော်ဝန်  မဟာသင်္ကြန် မဏ္ဍပ်  အောင်မြင်စွာ  ကျင်းပပြုလုပ်နိုင်ရေးဦးစီး ကော်မတီနှင့်  ဆပ်ကော်မတီများ၏   ဒုတိယအကြိမ် အစည်းအဝေးကို    ယနေ့မွန်းလွဲ   ၂    နာရီက နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ အစည်း အဝေးခန်းမ၌ ကျင်းပသည်။ 
အစည်းအဝေးသို့ မဟာသင်္ကြန်ကျင်းပရေး ဦးစီး ကော်မတီ  ဥက္ကဋ္ဌ၊   နေပြည်တော်ကောင်စီ   ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမောင်မောင်နိုင်၊  မဟာသင်္ကြန် ကျင်းပရေး   ဦးစီးကော်မတီဝင်များ     ဖြစ်ကြသည့်  နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊   နေပြည်တော် စည်ပင်သာယာရေးကော်မတီ   ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနကြီးမှူးများ၊ ဌာနမှူး များ၊  သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော် ဝန်ဒေါက်တာ မောင်မောင်နိုင်က   အတာသင်္ကြန် ပွဲတော်ကာလအတွင်း              အများပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ပျော်ရွှင်ချမ်းမြေ့စွာဖြင့် စိတ်အပန်းဖြေနိုင်စေရန်အတွက်              စည်ကား သိုက်မြိုက်စွာဖြင့် အောင်အောင်မြင်မြင် ကျင်းပနိုင် ရေး ပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် လုံခြုံရေး လစ်ဟင်းမှု မရှိစေရေး အလေးထားဆောင်ရွက်ကြရန်၊ ကော်မတီအသီးသီးမှ     ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် လုံခြုံရေးဆပ်ကော်မတီ၊ အခမ်းအနား ပြင်ဆင်ရေး၊   ရေရရှိရေးနှင့်   ရေပက်ကစားရေး ဆပ်ကော်မတီ၊       ဖျော်ဖြေရေးနှင့်ပြန်ကြားရေး ဆပ်ကော်မတီ၊        ကျန်းမာရေးနှင့်      သန့်ရှင်းရေး ဆပ်ကော်မတီ၊   ဖိတ်ကြားရေးနှင့်    ကြိုဆိုနေရာ ချထားရေး   ဆပ်ကော်မတီ၊   သယ်ယူပို့ဆောင်ရေး ဆပ်ကော်မတီ၊    ဘဏ္ဍာရေး   ဆပ်ကော်မတီနှင့်  ဧည့်ခံကျွေးမွေးရေး  ဆပ်ကော်မတီတို့မှ  ဥက္ကဋ္ဌနှင့်  အတွင်းရေးမှူးတို့က ယခင်နှစ်      အတာသင်္ကြန်ပွဲတော်    ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ခဲ့မှု  အ​ခြေအ​နေ၊   ယခုနှစ်တွင်   ဆောင်ရွက်မည့်   အစီအစဉ်များနှင့် လက်ရှိဆောင်ရွက်ထားရှိမှုကို     ရှင်းလင်းတင်ပြကြ သည်။
ယင်းနောက်   မဟာသင်္ကြန်   ကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌ၊   နေပြည်တော်ကောင်စီ   ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမောင်မောင်နိုင်က နိဂုံးချုပ် အမှာစကား ပြောကြားသည်။
ထို့နောက်    နေပြည်တော်ကောင်စီ   ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည်  နေပြည်တော်   တပ်ကုန်းမြို့နယ် ထန်းတောကြီးကျေးရွာအုပ်စု         ထန်းတောကြီး ကျေးရွာ  အုပ်ချုပ်‌ရေးမှူး နေအိမ်အနီးတွင် မတ် ၃၁ ရက် နံနက် ၇ နာရီခွဲခန့်၌  လက်လုပ်မိုင်းဟု    ယူဆရသော ပစ္စည်းတစ်ခုတွေ့ရှိခဲ့၍ လုံခြုံရေးအဖွဲ့ များက လက်လုပ်မိုင်း ရှင်းလင်းခဲ့ရာ နံနက် ၉ နာရီ တွင်   ပေါက်ကွဲမှုဖြစ်ပွား၍   အဆိုပါပေါက်ကွဲမှု ဖြစ်စဉ်ကြောင့်       ယာဘက်ရင်ညွန့် ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ယာဝမ်းဗိုက် ဖောက်ဝင်ဒဏ်ရာတစ်ချက် (မစိုးရိမ်ရ)တို့ဖြင့်   နေပြည်တော်   ခုတင်   ၁၀၀၀ ပြည်သူ့ဆေးရုံတွင်     ဆေးကုသမှုခံယူနေသည့် ထန်းတောကြီးကျေးရွာအုပ်စု    အုပ်ချုပ်ရေးမှူး  ဦးတိုင်းချစ်အား     သွားရောက်ကြည့်ရှုအားပေး စကားပြောကြားကာ  အာဟာရဖြည့်  အစားအစာ များနှင့်   ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း    သိရ သည်။                                            
   သတင်းစဉ်