နေပြည်တော်မြို့မဈေး၌ ဖျော်ဖြေရေးယာဉ်များဖြင့် လူထုအတွင်း မီးဘေးလုံခြုံရေးအသိပညာပေး

 

နေပြည်တော်    ဧပြီ   ၂၉


နေပြည်တော်  ကောင်စီနယ်မြေ မြို့မဈေးရှေ့ကွင်းပြင်၌     မီးဘေး လုံခြုံရေး             အသိပညာပေး ဟောပြောသရုပ်ပြမှုကို   ပြည်သူ များ        စိတ်ဝင်စားမှုရှိစေရန်  ရှေးဟောင်း     မီးသတ်ယာဉ်များ အပါအဝင်      ခေတ်မီအဆင့်မြင့် မီးသတ်ယာဉ်များ၊   ဖျော်ဖြေရေး ယာဉ်များဖြင့် ယနေ့ညနေပိုင်းက  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 


အဆိုပါ      မီးဘေးလုံခြုံရေး  အသိပညာပေး     ဖျော်ဖြေမှုများ ကို     မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊   ပြည်တော်အေးငြိမ်း မင်္ဂလာဆိုင်း နှင့်     ခေတ်ပေါ်တေးဂီတအဖွဲ့များ ဖြင့်     မီးသတိပေးသီချင်းများ  ထည့်သွင်းဖျော်ဖြေခဲ့ပြီး     မီးဘေး လုံခြုံရေးဆိုင်ရာ      တစ်ခန်းရပ် ပြဇာတ်များ၊ သရုပ်ပြကွက်များကို တင်ဆက်ခဲ့ရာ  ဈေးသားများနှင့် ဈေးဝယ်များက ကြည့်ရှုအားပေး ကြသည်။

 


အဆိုပါ မီးဘေးလုံခြုံရေးအသိ ပညာပေး    ဖျော်ဖြေရေးအစီအစဉ် များကို     ပြည်ထဲရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာန၏     (၇၇)   နှစ် မြောက်    မြန်မာနိုင်ငံ   မီးသတ် တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဧပြီ ၃၀ ရက်တွင်   သပြေကုန်းဈေး၌ လည်းကောင်း၊   မေ ၂  ရက်တွင် ပျဉ်းမနားမြို့၌လည်းကောင်း၊   မေ ၃ ရက်တွင် ဓာတုဇယဓာတ်ပေါင်း စေတီတော်၌           လည်းကောင်း  ဆက်လက်ဖျော်ဖြေ    တင်ဆက် သွားမည်ဖြစ်သည်။ 

 


၂၀၂၃  ခုနှစ်  မေ  ၅ ရက်တွင် ကျရောက်မည့်   (၇၇) နှစ်မြောက်  မြန်မာနိုင်ငံ     မီးသတ်တပ်ဖွဲ့နေ့ ကို     မြန်မာအပြည်ပြည်ဆိုင်ရာ  ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ မေ ၅    ရက်နှင့် ၆ ရက်တွင် ရှေးဟောင်း မီးသတ်ယာဉ်များ၊ ခေတ်မီမီးသတ် ယာဉ်များ၊   မီးသတ်သမားများ၏ လုပ်ငန်းခွင်သုံး(ရှေးဟောင်းနှင့် ခေတ်မီ) စက်ပစ္စည်းကိရိယာများ၊ မှတ်တမ်းဓာတ်ပုံများ၊  မီးဘေး လုံခြုံရေးဆိုင်ရာ ပစ္စည်းကိရိယာ များနှင့် မီးဘေးလုံခြုံရေးဖျော်ဖြေတင်ဆက်မှုများကို   ပြည်သူများ အနေဖြင့်  လာရောက်လေ့လာ ကြည့်ရှုနိုင်ပြီး ဗလာမပါကံစမ်းမဲ လက်မှတ်များ၊    အသိပညာပေး လက်ကမ်းစာစောင်များ     ဖြန့်ဝေ ပေးမည်ဖြစ်ကြောင်း မီးသတ်ဦးစီး ဌာန  ညွှန်ကြားရေးမှူး  ဦးသိန်း ထွန်းဦးထံမှ သိရသည်။  

 

 ဇော်ဘီ