နေပြည်တော်ကို ပညာရေးမြို့တော်ဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ရာ ကျောင်းသားကျောင်းသူများကို နိုင်ငံတော်က အားထားရသည့် အရည်အသွေးပြည့်ဝသော ပညာတတ်များဖြစ်အောင် ပြုစုပျိုးထောင်ပေး

 

နေပြည်တော်   နိုဝင်ဘာ   ၁၆


တက္ကသိုလ်ကျောင်းအပ်လက်ခံမှုများကို ယခင်က နိုဝင်ဘာ ၁၈ ရက် နောက်ဆုံးထားအပ်နှံရန် သတ်မှတ်ခဲ့ သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နောက်ကျနေသည့် ကျောင်းသား ကျောင်းသူများ ကျောင်းအပ်နှံ နိုင်ရေးအတွက် နိုဝင်ဘာလကုန်အထိ စနေ၊ တနင်္ဂနွေရက်များ အပါအဝင် ကျောင်းအပ်လက်ခံ ဆောင်ရွက် ပေးကြရမည်ဖြစ်ပါကြောင်း၊ နိုဝင်ဘာလ နောက်ပိုင်းတွင် ကျောင်းအပ်လက်ခံမည်မဟုတ်ပါကြောင်း ယနေ့ နံနက်  ၉  နာရီခွဲတွင်   နေပြည်တော်  ပညာရေးဝန်ကြီးဌာနရှိ   ရုံးအမှတ်  (၁၃)  အစည်းအဝေးခန်းမ၌ ကျင်းပသည့်  ပညာရေးဝန်ကြီးဌာန၏  တက္ကသိုလ်၊  ဒီဂရီကောလိပ်များရှိ ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေက ပြောကြားသည်။ 

 


ပိုမိုထူးချွန်ထက်မြက်လာအောင်ပြုစု


ဆက်လက်၍   ပြည်ထောင်စုဝန်ကြီးက  နိုင်ငံ တစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်      သင်ကြား သင်ယူရေးသည် အရေးကြီးပါကြောင်း၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကို သင်ကြားသင်ယူမှုအောင်မြင်အောင်  ဆရာ ဆရာမ များအနေဖြင့်   စိတ်သစ်၊   ကိုယ်သစ်ဖြင့်    ဝိုင်းဝန်း လက်တွဲကြိုးပမ်း ဆောင်ရွက်ကြစေလိုပါကြောင်း၊  တက္ကသိုလ်အသီးသီးရှိ ကွန်ပျူတာဌာနများက မိမိတို့ ကျောင်းရှိ  အရာထမ်း၊ အမှုထမ်းများ၏  ကိုယ်ရေး အချက်အလက်များကို လစဉ်  update ဖြည့်သွင်း ဆောင်ရွက်ထားကြရမည်ဖြစ်ပါကြောင်း၊    ဆရာ ဆရာမများအနေဖြင့်   ညံ့သူကို    တော်လာအောင်၊ တော်သူကို  ပိုမိုထူးချွန်ထက်မြက်လာအောင် ပြုစု ပျိုးထောင်သင်ကြားပေးစေလိုပါကြောင်း၊  ပါမောက္ခ ချုပ်များ၊ ဒုတိယပါမောက္ခချုပ်များအနေဖြင့် စာသင် ခန်းများတွင် သင်ကြားသင်ယူနေမှုများကို ကွင်းဆင်း ကြည့်ရှုစစ်ဆေး၍ သင်ကြားသင်ယူမှုဖွံ့ဖြိုးတိုးတက် ရေး     ကြီးကြပ်ဆောင်ရွက်ကြရမည်         ဖြစ်ပါ ကြောင်း၊ တက္ကသိုလ်များအတွက် ခွဲဝေရရှိထားသည့် သင်ထောက်ကူပစ္စည်းများကို    အကျိုးရှိထိရောက် အောင် သုံးစွဲဆောင်ရွက်ကြစေလိုပါကြောင်း၊ သုံးစွဲမှု မှတ်တမ်းများကိုလည်း စနစ်တကျ ထားရှိကြရမည် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ တက္ကသိုလ်ပညာသင်နှစ် အစမှစတင်၍    ကျောင်းသား     ကျောင်းသူများကို စေတနာအပြည့်ဖြင့်     အမှန်တကယ်တတ်အောင် သင်ကြားပေးကြစေလိုပါကြောင်း ပြောကြားသည်။

 


ပါရဂူတန်းဖွင့်လှစ်ရေး


ဆက်လက်၍    ဒုတိယဝန်ကြီး      ဒေါက်တာ ဇော်မြင့်က စိန်ရတုလွတ်လပ်ရေးနေ့ ပြခန်းများတွင် တက္ကသိုလ်များ၏ သိပ္ပံပြခန်းများ ထိရောက်စွာ ပြသ ရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွား ရေးလုပ်ငန်းများ (MSME) ကို အထောက်အကူပြုမည့် အသုံးချဘာသာရပ်များ   တိုးချဲ့ဖွင့်လှစ်ရေး၊    တိုင်း ဒေသကြီး၊ ပြည်နယ်တစ်ခုလျှင် အနည်းဆုံးတက္ကသိုလ် တစ်ခုတွင် ပါရဂူတန်းဖွင့်လှစ်ရေး၊ အသုံးချသုတေ သန  ဆောင်ရွက်ရေး  အစီအစဉ်များကို  ရှင်းလင်း ပြောကြားသည်။

 


ယင်းနောက် အမြဲတမ်းအတွင်းဝန်  ဒေါက်တာ စိုးဝင်းနှင့် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာဝင်းထွန်းတို့က တက္ကသိုလ်ကျောင်း များ ပြန်လည်ဖွင့်လှစ်စဉ် ဆောင်ရွက်ရမည့် လုပ်ငန်း စဉ်များကို ရှင်းလင်းပြောကြားသည်။

 


ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည်  Naypyitaw  State  Academy  သို့  သွားရောက်၍  ကျောင်းသား  ကျောင်းသူများ၏  လက်တွေ့ခန်းတွင် လေ့ကျင့်သင်ယူနေမှုများနှင့်      ဘာသာရပ်ဌာန အသီးသီးတွင်   သင်ကြား၊     သင်ယူနေမှုများကို လှည့်လည်ကြည့်ရှုကာ ကျောင်းသား  ကျောင်းသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံပြီး မိမိသင်ယူ လေ့လာသော ပညာရပ်များကို ရှင်းလင်းစွာ နားလည် တတ်မြောက်အောင်  တက်ကြွစွာ  သင်ယူလေ့လာ ကြရန်   မှာကြားကာ  အားပေးစကား   ပြောကြား သည်။ 

 


ဆက်လက်၍      ပြည်ထောင်စုဝန်ကြီးသည် တက္ကသိုလ်အစည်းအဝေးခန်းမတွင်  ဒုတိယပါမောက္ခ ချုပ်များ၊  ပါမောက္ခများ၊  တွဲဖက်ပါမောက္ခများနှင့် တွေ့ဆုံ၍ Naypyitaw State Academy ကို ရန်ကုန် တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်တို့ကဲ့သို့ ထိပ်တန်း တက္ကသိုလ်ဖြစ်အောင် ဆောင်ရွက်မည်ဖြစ်ရာ ဆရာ ဆရာမ  အရည်အသွေး၊  ကျောင်းသားကျောင်းသူ အရည်အသွေးတိုးတက်ရေး ပိုမိုကြိုးစားဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူ များ၏  သွားလာရေးမှစ၍ လိုအပ်သည်များ ဖြည့် ဆည်း  ဆောင်ရွက်ပေးသွားမည်   ဖြစ်ပါကြောင်း၊ နေပြည်တော်ကို      ပညာရေးမြို့တော်ဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ရာ ဆရာ ဆရာများအနေ ဖြင့် ကျောင်းသား ကျောင်းသူများကို နိုင်ငံတော်က အားထားရသည့် အရည်အသွေးပြည့်ဝသော ပညာ တတ်များဖြစ်အောင်     ပြုစုပျိုးထောင်သင်ကြား ပေးကြစေလိုပါကြောင်းမှာကြားကာ လိုအပ်သည် များကို      ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်းစဉ်