နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင် ဦးစီးသည့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့ ပျဉ်းမနားမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက်ကွင်းဆင်းဆောင်ရွက်

 

နေပြည်တော်   စက်တင်ဘာ   ၁၄


နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊   လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက် ရန် သစ်တွန်ကျေးရွာအုပ်စု မရမ်းတောင်(အောက်)ကျေးရွာ၌ ရောက်ရှိနေသည့် နေပြည်တော်ကောင်စီ ဝင် ဗိုလ်မှူးကြီးမင်းနောင် ဦးစီးသည့် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် သီရိမင်္ဂလာကျောင်းတိုက်၌ သစ်တွန်ကျေးရွာအုပ်စု (ကျေးရွာ-၁၁) ရွာအတွင်းရှိ ဘုန်းတော်ကြီးကျောင်း များမှ ဆရာတော်သံဃာတော်များအား ဝါဆိုသင်္ကန်း များ၊ ဆန်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။ 
အခမ်းအနားတွင်       သစ်တွန်ကျေးရွာအုပ်စု မရမ်းတောင်(အောက်)  ရွှေဘုန်းပွင့်ကျောင်းတိုက် ပဓာနနာယကဆရာတော် အုပ်စုသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ    ဘဒ္ဒန္တအဂ္ဂဝံသထံမှ    ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး  ဆရာတော် သံဃာတော်များအား ဝါဆိုသင်္ကန်း၊ ဆန်၊ ဆီ၊ လှူဖွယ် ဝတ္ထုပစ္စည်းများနှင့် ဆိုလာမီးအိမ်များကို ဆက်ကပ် လှူဒါန်းကြသည်။ 
ထို့နောက် သစ်တွန်ကျေးရွာအုပ်စုရှိ အိမ်ထောင်စု များအတွက်   ပန်းပေါင်းစုံ    ဗုဒ္ဓရုပ်ပွားတော်များ လှူဒါန်းကြကာ     ဆရာတော်ဘဒ္ဒန္တအဂ္ဂဝံသထံမှ အနုမောဒနာတရားနာကြား၍       လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင်နှင့်အဖွဲ့ သည် သီရိမင်္ဂလာကျောင်းတိုက်၌ သစ်တွန်ကျေးရွာ အုပ်စု(ကျေးရွာ-၁၁)ရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူး များ၊ ကျေးရွာခွဲတာဝန်ခံများ၊ ဌာနဆိုင်ရာဝန်ထမ်း များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသား ပြည်သူလူထုများနှင့် တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ်  နေပြည်တော်ကောင်စီဝင်က ဒေသတစ်ခု    ဖွံ့ဖြိုးတိုးတက်ရေးအတွက်   အဓိက အချက်မှာ  ပညာရေး၊  ကျန်းမာရေးနှင့်  လမ်းပန်း ဆက်သွယ်ရေးဖြစ်ကြောင်း၊  သို့သော်   နယ်မြေ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးရှိမှ သာ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ် ရေးတို့ကို    ဖွံ့ဖြိုးတိုးတက်အောင်   ရာနှုန်းပြည့် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊  မိမိဦးဆောင် သည့်    ဌာနဆိုင်ရာအဖွဲ့သည်    ဒေသဖွံ့ဖြိုးရေးများ ဖြစ်သော   ပညာရေး၊  ကျန်းမာရေး၊   လမ်းပန်း ဆက်သွယ်ရေး၊ သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီး ရရှိရေး၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးတို့ကို ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြို့ပြနှင့် ကျေးလက် ဒေသ   ကွာဟမှုမဖြစ်စေရေးနှင့်    တစ်ပြေးညီဖွံ့ဖြိုး တိုးတက်ရေးအတွက်   ယခုကဲ့သို့   ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို    လာရောက်ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက် ရာတွင် နယ်မြေဒေသတည်ငြိမ်အေးချမ်းလုံခြုံရေး သည်လည်း    အရေးကြီးသည့်အတွက်      အစိုးရ၊ တပ်မတော်နှင့်  ပြည်သူလူထု တစ်သားတည်းရှိရန် နှင့်   ပူးပေါင်းဆောင်ရွက်ပေးရန်   လိုအပ်ကြောင်း၊ သစ်တွန်ကျေးရွာအုပ်စုရှိ ကျေးရွာများသည် နေပြည် တော်နှင့်အနီးဆုံး    တိုင်းရင်းသား   တိုင်းရင်းသူများ နေထိုင်သည့် တောင်ပေါ်ကျေးရွာများဖြစ်ပြီး သာယာ လှပသည့်အတွက် ပြည်တွင်းခရီးသွားများသာမက ပြည်ပခရီးသွားများစိတ်ဝင်စားပြီး   လာရောက် လည်ပတ်နိုင်ရေးနှင့် လူထုဗဟိုပြုခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း ပြောကြားသည်။ 
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးစီးသည့် ဌာနဆိုင်ရာများပါဝင်သော      ပူးပေါင်းအဖွဲ့သည် သစ်တွန်ကျေးရွာအုပ်စုမှ    ဒေသခံတိုင်းရင်းသား ပြည်သူများ၊ ကျောင်းသား ကျောင်းသူများအတွက် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ကျောင်းသုံးစာရေးကိရိယာများ၊  သုတရသစာအုပ် များ၊ ကလေးကစားစရာအရုပ်များ၊ ကလေးအနွေး ဘောင်းဘီများ၊ ဆေးစိမ်ခြင်ထောင်များ၊ ဆေးဝါးများ၊ မျိုးစေ့များ၊ ဆိုလာပြားများ၊ ကိုယ်ဝန်ဆောင်မိခင်များ အတွက် ထောက်ပံ့ငွေများနှင့် ပန်းခင်းစီမံချက်(၂) ဖြင့်  ဆောင်ရွက်ပေးသည့်   အိမ်ထောင်စုလူဦးရေ စာရင်းနှင့်     နိုင်ငံသားစိစစ်ရေးကတ်ပြားတို့ကို ပေးအပ်ရာ  သက်ဆိုင်ရာကျေးရွာများမှ  ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာခွဲတာဝန်ခံများ၊ ပြည်သူ့ စစ်တပ်ဖွဲ့ဝင်များနှင့် ကျောင်းအုပ်ဆရာကြီးများနှင့် တာဝန်ရှိသူတို့က လက်ခံရယူကြသည်။
ယင်းနောက် ဒေသခံတိုင်းရင်းသားပြည်သူများက ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးစေလိုသည့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးတို့ကို ဆွေးနွေးတင်ပြကြရာ ဌာန ဆိုင်ရာ     တာဝန်ရှိသူများက     သက်ဆိုင်ရာကဏ္ဍ အလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးမည့်  အစီအမံ များနှင့်စပ်လျဉ်း၍  ပြန်လည်ရှင်းလင်းဆွေးနွေးကြပြီး သစ်တွန်ကျေးရွာအုပ်စုရှိ   ဒေသခံတိုင်းရင်းသား ပြည်သူလူထုကိုယ်စား ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူး ဦးဝင်းဗိုလ်က  ကျေးဇူးတင်စကား ပြောကြား ကာ   နေပြည်တော်ကောင်စီဝင်က   နိဂုံးချုပ်အမှာ စကား ပြောကြားသည်။
လိုအပ်ချက်များကို ဖြည့်ဆည်း
  ညနေပိုင်းတွင် နေပြည်တော်ကောင်စီဝင်နှင့်  ဌာနဆိုင်ရာအဖွဲ့သည် သစ်တွန်ကျေးရွာအုပ်စု မရမ်း တောင်(အောက်) ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)သို့ သွားရောက်ကာ သစ်တွန်ကျေးရွာ အုပ်စု၌  တာဝန်ထမ်းဆောင်လျက်ရှိသည့်  ဆရာ ဆရာမများနှင့်တွေ့ဆုံ၍ စာပေသင်ကြားသင်ယူနေ မှုအခြေအနေများကို မေးမြန်းပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ ကျောင်းသုံးစာရေး ကိရိယာ၊  စားသောက်ကုန်ပစ္စည်းများ၊   အိမ်သုံး ဆေးဝါးများ၊ ဆေးစိမ်ခြင်ထောင်များနှင့် ထောက်ပံ့ ငွေများပေးအပ်၍   ကျောင်းသုံးရေ    သန့်ရှင်းရေးနှင့် ပိုးမွှားများကင်းရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှု အားပေးသည်။
ဆက်လက်၍   အေးချမ်းပျော်ရွှင်စွာ   ပညာ သင်ကြားနေသည့် KG ကျောင်းသား ကျောင်းသူများ ကို ကစားစရာအရုပ်များနှင့် Grade - 1 မှ Grade-11 အထိ ကျောင်းသား ကျောင်းသူများအား စားသောက် ဖွယ်ရာများကို မျှဝေပေးပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပန်းခင်းစီမံချက်(၂)ဖြင့်   ဆောင်ရွက်နေသည့်   အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များပြုလုပ်ပေးနေမှုကို ကြည့်ရှုအားပေးသည်။            

သတင်းစဉ်