
နေပြည်တော် မေ ၁၁
ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့ နယ် ဘဲကုန်းကျေးရွာ စံပြစိုက်ကွင်း၌ စပ်မျိုးနေကြာ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက် မျိုးရွေးချယ်ခြင်း သရုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ နေပြည် တော်အတွင်းရှိ တောင်သူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမှာ စကားပြောကြားပြီး ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်က နေပြည်တော်အတွင်း စိုက်ပျိုးရေး လုပ်ငန်းများ အထွက်နှုန်းမြင့်မားရေး၊ မျိုးကောင်း မျိုးသန့်များရရှိရေး၊ နည်းပညာများနှင့် အသိပညာ ပေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပျဉ်းမနားမြို့ ပေါင်းလောင်း (၂) ရပ်ကွက်ရှိ မေတ္တာကန်အတွင်း သဲနုန်းများတူးဖော်ရေးလုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် နေပြည်တော် မီးသတ်ဦးစီးဌာန ဗဟိုမီးသတ်စခန်း၌ မုန်တိုင်းဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေ များကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက မီးသတ် ဦးစီးဌာနအနေဖြင့် ကူညီရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ၊ အရေးပေါ် ရင်ဆိုင်တုံ့ပြန်ခြင်း လုပ်ငန်းများကို အသင့်ကြိုတင်ပြင်ဆင် ဇာတ်တိုက် လေ့ကျင့်မှုများ ဆောင်ရွက်စေလိုကြောင်း ပြောကြား ပြီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ ဝင်များနှင့် ပရဟိတအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေများ ထောက်ပံ့ပေးအပ်၍ ခင်းကျင်းပြသထားသည့် ရှာဖွေ ကယ်ဆယ်ရေးပစ္စည်းများအား လှည့်လည်ကြည့်ရှု စစ်ဆေးကာ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ သည် နေပြည်တော်မီးသတ်ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အမှာစကား ပြောကြားသည်။
ဆက်လက်၍ မီးသတ်ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးမြတ်သူက သဘာဝဘေး ဖြစ်ပေါ်လာပါက စုဖွဲ့ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ကြိုတင် ဇာတ်တိုက်ထားရှိမှု၊ ရင်ဆိုင်တုံ့ပြန်နိုင်မှုနှင့် ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မည့် အခြေ အနေများကိုလည်းကောင်း၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင်က သဘာဝဘေး မဖြစ်မီ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ၊ သဘာဝ ဘေးဖြစ်ပွားပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေ၊ ပြန်လည်ထူထောင် ရေးလုပ်ငန်းများကိုလည်းကောင်း ရှင်းလင်းတင်ပြ ကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည် များကို ဖြည့်စွက်ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ သည် ပျဉ်းမနားမြို့နယ်ရှိ Myanmar Agribusiness Public Corporation (MAPCO)Ltd သို့သွားရောက်ပြီး ဆန်စက်လုပ်ငန်းရှင်များ၊ ဆီစက်လုပ်ငန်းရှင်များ နှင့်တွေ့ဆုံ၍ ဆန်စက်လုပ်ငန်းရှင်များက အရန် ဆန်များ စုဆောင်းထားရှိမှု အခြေအနေနှင့် ဆီစက် လုပ်ငန်းရှင်များက အရန်ဆီများစုဆောင်းထားရှိမှု အခြေအနေကို ရှင်းလင်းတင်ပြကြရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက် ပြောကြားပြီး စက်ရုံအတွင်း သဘာဝဘေးအတွက် အရန်ဆန်များ စုဆောင်းထားရှိမှု အခြေအနေ များကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်