နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပျဉ်းမနားမြို့နယ် မယ်ဇလီကုန်းကျေးရွာ စိုက်ပျိုးရေရရှိရေး ဆိုလာရေတင်စနစ်လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် ကောက်ရိုးမြေဆွေး ပြုလုပ်ခြင်း သရုပ်ပြပွဲ ကြည့်ရှုအားပေး

နေပြည်တော်   ဇူလိုင်   ၃၀


နေပြည်တော်ကောင်စီဥက္ကဋ္ဌ   ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ   ယနေ့   နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် မယ်ဇလီကုန်းကျေးရွာသို့ ရောက်ရှိ ပြီး စိုက်ပျိုးရေရရှိရေးအတွက်  ပေ ၂၀၀ စက်ရေတွင်း ဆိုလာရေတင်စနစ်လုပ်ငန်း         ဆောင်ရွက်ပြီးစီးမှု အခြေအနေကို    ကြည့်ရှုအားပေးကာ   သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊  ရေကို  တောင်သူများ အချင်းချင်း   စနစ်တကျ  မျှတစွာ  ခွဲဝေသုံးစွဲရေးနှင့် လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။
ကြည့်ရှုအားပေး
ထို့နောက်   နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ပျဉ်းမနားမြို့နယ်    မယ်ဇလီကုန်းကျေးရွာ   ကွင်း အမှတ် (၁၆၃၆)  ၌ ကျင်းပသည့် ပျဉ်းမနားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ         ကောက်ရိုးမြေဆွေး ပြုလုပ်ခြင်းသရုပ်ပြပွဲသို့  တက်ရောက်၍  ကောက်ရိုး မြေဆွေးပြုလုပ်မှု   အခြေအနေများကို   ကြည့်ရှု အားပေးသည်။
အလေးထားဆောင်ရွက်
ကြည့်ရှုအားပေးစဉ်           တာဝန်ရှိသူများက ကောက်ရိုးမြေဆွေး သဘာဝမြေဩဇာအဖြစ် ပြုလုပ် ပုံ အဆင့်ဆင့်နှင့် အသုံးပြုပုံများ၊ သဘာဝမြေဩဇာ အသုံးပြုခြင်းဖြင့်      ရရှိမည့်အကျိုးကျေးဇူးများ၊ ပျိုးဗန်းများဖြင့်  စပါးမျိုး  ပျိုးထောင်မှုစနစ်များ၊ ကောက်စိုက်စက်များဖြင့်   စိုက်ပျိုးပေးနေမှုများ၊ စိုက်ပျိုးရေပေးဝေနေမှု အခြေအနေများကို ရှင်းလင်း တင်ပြကြရာ  နေပြည်တော်ကောင်စီဥက္ကဋ္ဌက  ယခု သရုပ်ပြသသည့်   ကောက်ရိုးမြေဆွေး    သဘာဝ မြေဩဇာအဖြစ် ပြုလုပ်မှုကိုလေ့လာပြီး တစ်ပိုင် တစ်နိုင် သဘာဝမြေဩဇာများပြုလုပ်ကာ လက်တွေ့ ကျကျ အကျိုးရှိစွာ သုံးစွဲကြစေလိုကြောင်း၊ လယ်ယာ သုံးစက်ကိရိယာများ           စက်စွမ်းအားပြည့်ဖြင့် လယ်ယာမြေများအား စိုက်ပျိုးပေးနိုင်ရေး၊ စိုက်ပျိုး ရေ လုံလောက်စွာရရှိရေး၊  မျိုးကောင်းမျိုးသန့်များ အသုံးပြုနိုင်ရေးတို့ကို အလေးထားဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
ညနေပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်      အပြည်ပြည်ဆိုင်ရာ     လေဆိပ် လမ်းတစ်လျှောက်       ရေဝပ်သောနေရာများအား နိုင်လွန်ကတ္တရာဖြည့်ခင်းခြင်း      လုပ်ငန်းများနှင့် လေဆိပ်အနီး ပန်းနှင်းဆီအဝိုင်းပတ်လမ်း၌  နိုင်လွန် ကတ္တရာ ပြုပြင်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှု  အခြေ အနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌ က ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှု များပြားခြင်း ကြောင့်   လမ်းများပေါ်တွင်  ရေတင်ရေဝပ်ခြင်းများ မဖြစ်ပေါ်စေရေး လိုက်လံစစ်ဆေးဆောင်ရွက်ရန်နှင့် လမ်းဘေးရေဆင်းမြောင်းများ ဖောက်လုပ်ထားရှိရန်၊ ရေမြောင်းများအတွင်း   ရေစီးရေလာကောင်းမွန် စေရေး စနစ်တကျ စီမံဆောင်ရွက်ရန် မှာကြားသည်။
လိုအပ်သည်များမှာကြား
ထို့နောက် မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် လေဆိပ်လမ်းပေါ်ရှိ     ရထားသံလမ်းကူးနေရာနှင့် သဲကောကြီးတံတား အတက်အဆင်းလမ်း ချောမွေ့ စေရေးအတွက်   နိုင်လွန်ကတ္တရာ   ဖြည့်ခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု         အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး     လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ဇမ္ဗူသီရိမြို့နယ်ရှိ ဝန်ထမ်းရပ်ကွက် များနှင့် လူနေရပ်ကွက်များ၌ သန့်ရှင်းသာယာလှပရေး လုပ်ငန်းဆောင်ရွက်မှုများကို       လိုက်လံကြည့်ရှု စစ်ဆေးပြီး MICC-2 ၊ သီရိရတနာအဆင့်မြင့်ဈေး၊ သဇင်ဆောင်၊ သပြေဆောင်၊ ဉာဏသိဒ္ဓိရပ်ကွက်နှင့် ပိတောက်အိမ်ရာများသို့ သောက်သုံးရေ ဖြန့်ဝေပေး နိုင်ရေး ဆောင်ရွက်သည့် (၅၃၅) ရေပေးရေးစက်ရုံ သို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားဖြည့်ဆည်း       ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။                              

သတင်းစဉ်