နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြေ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားတက်ရောက်

 

နေပြည်တော် အောက်တိုဘာ ၅


ပြည်ထောင်စုနယ်မြေ  နေပြည် တော် ၂ဝ၂၃ ခုနှစ် ကမ္ဘာ့ဆရာများ နေ့အထိမ်းအမှတ်  အခမ်းအနား ကို    ယနေ့မွန်းလွဲ ၁ နာရီတွင်  ဇမ္ဗူသီရိမြို့နယ်     အမှတ်(၁၄) အခြေခံပညာ      အထက်တန်း ကျောင်း၌ ကျင်းပသည်။


အခမ်းအနားကို    ဇမ္ဗူသီရိ မြို့နယ် အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်းမှ  ကျောင်း သား        ကျောင်းသူများက  မြတ်ဆရာ    တေးသီချင်းဖြင့် ဂုဏ်ပြုသီဆို     ဖွင့်လှစ်ပေးကြ သည်။


ထို့နောက်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ    ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်း အမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို    နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဖတ်ကြားသည်။


ယင်းနောက်    ကုလသမဂ္ဂ လက်အောက်ခံ     အဖွဲ့(၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက  ပေးပို့ သော    စုပေါင်းသဝဏ်လွှာကို နေပြည်တော်       ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး    ဒေါက်တာ ကျော်လွင်က ဖတ်ကြားသည်။


ထို့နောက်     နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော် ကောင်စီအဖွဲ့ဝင်များက    ၂ဝ၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်း အမှတ်     အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်  စာစီစာကုံး ပြိုင်ပွဲနှင့်   ကဗျာပြိုင်ပွဲများတွင် ဆုရရှိကြသည့်     ကျောင်းသား ကျောင်းသူများအား     ဂုဏ်ပြု ဆုချီးမြှင့်သည်။


ယင်းနောက် ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၄)အခြေခံပညာ အထက်  တန်းကျောင်းမှ    ကျောင်းသား ကျောင်းသူများက      ခွင့်လွတ်ပါ ဆရာ တေးသီချင်းဖြင့် တေးသရုပ် ဖော် တင်ဆက်ကြသည်။


ထို့နောက်  နေပြည်တော်ပညာ ရေးမှူးရုံး        ညွှန်ကြားရေးမှူး ဒေါက်တာကျော်လွင်က ဇမ္ဗူသီရိ မြို့နယ်  အမှတ်(၆)အခြေခံပညာ  အထက်တန်းကျောင်းနှင့် အမှတ် (၁၄)အခြေခံပညာ အထက်တန်း ကျောင်းတို့မှ   ဖျော်ဖြေကြသည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုငွေ     ချီးမြှင့်ခဲ့ကြောင်း သိရသည်။            
   

သတင်းစဉ်