နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်းရှိ မြို့နယ်ရှစ်မြို့နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း နည်းပြသင်တန်းဖွင့်ပွဲတက်ရောက်

 

နေပြည်တော်   ဒီဇင်ဘာ   ၂၀
ပညာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းကျင်းပသည့်  ၂၀၂၃ ခုနှစ်  ပြည်ထောင်စု နယ်မြေ နေပြည်တော်အတွင်းရှိ မြို့နယ် ရှစ်မြို့နယ် အခြေခံစာတတ်မြောက်ရေး    လုပ်ငန်းနည်းပြ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် အမှတ် (၆) အခြေခံပညာအထက် တန်းကျောင်း သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ   မိုးဇော်ထွန်း၊    နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိ သူများ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် အခြေခံ စာတတ်မြောက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊   ခရိုင်နှင့်   မြို့နယ် ပညာရေးမှူးများ၊ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာနနှင့် နေပြည်တော်ပညာရေးမှူးရုံး တို့မှ တာဝန်ရှိသူများ၊ နေပြည်တော် စာတတ်မြောက် ရေးလုပ်ငန်းတွင်  တာဝန်ယူသင်ကြားပေးကြမည့် စေတနာလုပ်အားပေးနည်းပြနှင့်    ကြီးကြပ်များ တက်ရောက်ကြသည်။
ပူးပေါင်းပါဝင်ဆောင်ရွက်
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက နေပြည် တော်အတွင်းရှိ    မြို့နယ်  ရှစ်မြို့နယ်အတွင်းမှ ဦးတည်အုပ်စုဖြစ်သည့် အသက် (၁၅)နှစ်နှင့်အထက် လူငယ်နှင့်   သက်ကြီးပိုင်းအရွယ်   တိုင်းရင်းသား ပြည်သူများ စာတတ်မြောက်လာစေရေးနှင့် လူနေမှု ဘဝများ မြင့်မားလာစေရေးတို့အတွက် အသိပညာ များ ဖြန့်ဝေရာတွင် စေတနာ၊ ဝါသနာ၊ အနစ်နာခံပြီး ဒေသဖွံ့ဖြိုးရေးနှင့် စာတတ်မြောက်ရေးလုပ်ငန်းများ လုပ်ဆောင်သွားနိုင်ရန် ဦးဆောင်သင်ကြားပေးကြ မည့်  စေတနာလုပ်အားပေးနည်းပြ၊  ကြီးကြပ်များ အနေဖြင့် သင်တန်းကာလတွင် အသေးစိတ်လေ့လာ မှတ်သားကြရမည်ဖြစ်ကြောင်း၊ မိမိတို့၏ စေတနာ လုပ်အားဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ မြို့နယ် ရှစ်မြို့နယ်၌ အခြေခံစာတတ်မြောက်ရေး လုပ်ငန်း ကြိုတင်ပြင်ဆင်ခြင်း၊ အစ၊ အလယ်၊ အဆုံး လုပ်ငန်းများတွင်   ကော်မတီဝင်   ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်နှင့် မြို့နယ် ပညာရေးမှူးများအပါအဝင် စေတနာလုပ်အားပေး နည်းပြ၊ကြီးကြပ်များက ပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြရန်နှင့် လူတိုင်းအတွက် ပညာရေး(Education For All- EFA) လုပ်ငန်းစဉ်များတွင် အားလုံးက ကဏ္ဍ အလိုက်   ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့်   နိုင်ငံ အတွင်း    စာမတတ်သူဦးရေ   လျှော့ချနိုင်မည်ဖြစ် ကြောင်း၊ နိုင်ငံတော်၏ စာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်မှုများတွင် သက်ဆိုင်သူများအားလုံးက ကဏ္ဍအလိုက်  ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက်     နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက      တက်ရောက်လာကြသည့် စေတနာလုပ်အားပေး   နည်းပြ၊  ကြီးကြပ်များနှင့် သင်တန်းသား  သင်တန်းသူများအား  ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ရက်ပေါင်း ၄၀ ကြာ ပို့ချသွားမည်
အဆိုပါ   ၂၀၂၃  ခုနှစ်   ပြည်ထောင်စုနယ်မြေ မြို့နယ် ရှစ်မြို့နယ်  အခြေခံစာတတ်မြောက်ရေး လုပ်ငန်းနည်းပြသင်တန်းသို့ မြို့နယ်များမှ စေတနာ လုပ်အားပေး  နည်းပြ၊ ကြီးကြပ်  သင်တန်းသား သင်တန်းသူ ၁၀၇ ဦး တက်ရောက်ကြပြီး သင်တန်း ကာလမှာ ဒီဇင်ဘာ ၂၀ ရက်မှ  ၂၂ ရက်အထိ သုံးရက် ကြာမြင့်မည်ဖြစ်ကြောင်း၊ သင်တန်းတွင် စာတတ် မြောက်ရေးလုပ်ငန်း၏ သဘောသဘာဝ၊ စာတတ် မြောက်ရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး၊ အခြေခံ မြန်မာစာဘာသာရပ်သင်ကြားနည်း၊ အခြေခံသင်္ချာ ဘာသာရပ်သင်ကြားနည်း၊ သင်ကြားသင်ယူမှုနည်း စနစ်များ၊  သင်ပြနည်းဆိုင်ရာ  သိမှတ်ဖွယ်ရာများ၊ စာသင်သား၊ စာသင်ဝိုင်းနှင့် နည်းပြ၊ ကြီးကြပ် စာရင်း ကောက်ပုံစံများ၊   တတ်မြောက်မှုပုံစံများ  စသည့် ဘာသာရပ်များကို သင်ကြားပို့ချပေးသွားမည်ဖြစ် ကြောင်းနှင့် နေပြည်တော် ရှစ်မြို့နယ်အတွင်း စာရင်း ကောက်ယူရရှိထားသော (စာမတတ်သူ) စာသင်သား ၅၂၉ ဦးကို တစ်ရက်ပျမ်းမျှ သုံးနာရီနှုန်းဖြင့် အနည်း ဆုံး နာရီပေါင်း ၁၂၀ ရက်ပေါင်း ၄၀ ကြာ သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။    သတင်းစဉ်