နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဒက္ခိဏသီရိမြို့နယ်လုံးဆိုင်ရာ အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာအခမ်းအနား တက်ရောက်ကြည်ညို၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော် အောက်တိုဘာ ၂၈


နေပြည်တော်ကောင်စီက ကြီးမှူး ကျင်းပသော ဒက္ခိဏသီရိမြို့နယ် လုံးဆိုင်ရာ သတ္တမအကြိမ်မြောက် အသံမစဲ       မဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်း က ဒက္ခိဏသီရိမြို့နယ် ရန်အောင် မြင်    ကျေးရွာအုပ်စု    တပ်ပိုး ကျေးရွာ ရန်အောင်မြင် ထန်းတော ကျောင်းတိုက်၌ ကျင်းပသည်။


တက်ရောက်ကြည်ညို


အခမ်းအနားသို့ ဒက္ခိဏသီရိ မြို့နယ် ရန်အောင်မြင်ထန်းတော ကျောင်းတိုက်    ပဓာနနာယက ဆရာတော်  ဘဒ္ဒန္တဝိမလ မထေရ် မြတ်နှင့်    ပင့်သံဃာတော်များ ကြွရောက်     ချီးမြှင့်တော်မူပြီး  နေပြည်တော်     ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊    နေပြည်တော် ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များ၊ လယ်ဝေးခရိုင် စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ၊     ဒက္ခိဏသီရိ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊  မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်/  ကျေးရွာ   အုပ်ချုပ် ရေးမှူးများနှင့်        ရပ်မိရပ်ဖများ    တက်ရောက်ကြည်ညိုကြသည်။


ရှေးဦးစွာ ဒက္ခိဏသီရိမြို့နယ်   ရန်အောင်မြင် ထန်းတောကျောင်း တိုက်  ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝိမလ   မထေရ်မြတ်ထံမှ  နေပြည်တော်     ကောင်စီဥက္ကဋ္ဌ  ဦးသန်းထွန်းဦး    အမှူးပြုသော ဧည့်ပရိသတ်များက  ငါးပါးသီလ   ခံယူဆောက်တည်ကြပြီး   ဆရာ တော်၊ သံဃာတော်များ  ရွတ်ပွား     ချီးမြှင့်တော်မူသည့် ပရိတ်တရား တော်များကိုနာယူကြကာ နေပြည်  တော်ကောင်စီဥက္ကဋ္ဌက ရန်အောင်  မြင်ထန်းတော    ကျောင်းတိုက်    ပဓာနနာယက ဆရာတော်ဘဒ္ဒန္တ ဝိမလမထေရ်မြတ်ထံ ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားတော် ၁၈ ဆူနှင့်   ဝါဆို သင်္ကန်း၊ ဆွမ်းဆန်တော်၊  ဆီနှင့် လှူဖွယ်ဝတ္ထု    ပစ္စည်းများကို   ဆက်ကပ်လှူဒါန်း၍ နေပြည်တော် ကောင်စီအဖွဲ့ဝင်များနှင့် တာဝန် ရှိသူများက ဆရာတော်၊   သံဃာ တော်များအား နဝကမ္မအလှူတော်  ငွေများ ဆက်ကပ်လှူဒါန်းသည်။


ထို့နောက်    နေပြည်တော် ကောင်စီဥက္ကဋ္ဌ    အမှူးပြုသော ဧည့်ပရိသတ်များက  ရန်အောင် မြင်   ထန်းတောကျောင်းတိုက် ပဓာန      နာယကဆရာတော်   ဘဒ္ဒန္တဝိမလ   မထေရ်မြတ်ထံမှ အနုမောဒနာတရား   နာကြား၍ လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းချ အမျှပေးဝေခဲ့ကြသည်။ 


ယင်းနောက်  နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့်    အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ်   ရန်အောင် မြင်ကျေးရွာ အုန်းတောပရိယတ္တိ စာသင်တိုက်  ပဓာနနာယကဆရာ တော် ဘဒ္ဒန္တကုမာရ မထေရ်မြတ် အား သွားရောက်ဖူးမြော်ကြည်ညို ပြီး ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့်    လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။


ဆက်လက်၍  နေပြည်တော် ကောင်စီဥက္ကဋ္ဌသည်  ဒက္ခိဏသီရိ မြို့နယ် ရန်အောင်မြင်ကျေးရွာ အုန်းတော ပရိယတ္တိစာသင်တိုက် ဓမ္မာရုံ၌ နေပြည်တော်ကြက်ခြေနီ  ကြီးကြပ်မှုကော်မတီနှင့် Irrawa-ddy Green  Towers  Ltd  တို့ ပူးပေါင်း၍  ဖွင့်လှစ်သည့် ရှေးဦး ပြုစုခြင်း (အခြေခံ)   သင်တန်း ဆင်းပွဲအခမ်းအနားသို့   တက် ရောက် အမှာစကားပြောကြားပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက သင်တန်းတွင်  ထူးချွန်ဆုရရှိကြ သူများအား  ဂုဏ်ပြုဆုများကို လည်းကောင်း၊     နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း က     ကြက်ခြေနီတပ်ဖွဲ့ဝင်များ အတွက် ကြက်ခြေနီတပ်ဖွဲ့ဝတ်စုံများကိုလည်းကောင်း၊    နေပြည် တော်ကောင်စီအဖွဲ့ဝင်  ဦးမြင့်စိုး က    အလှူရှင်အား    ဂုဏ်ပြု မှတ်တမ်းလွှာကို  လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။


ကြည့်ရှုစစ်ဆေး


ထို့နောက်     နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့်    အဖွဲ့သည် ၂ဝ၂၃-၂၀၂၄ ဘဏ္ဍာနှစ် နေပြည် တော်ကောင်စီ    ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့်   ရွှေမင်းအေး ကုမ္ပဏီက    ဆောင်ရွက်သည့် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင် ကျေးရွာအုပ်စု    ပေါက်တော ကျေးရွာနှင့်   ဇီးဖြူကုန်းကျေးရွာ ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်  လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်  ထားရှိမှုအခြေအနေနှင့်  ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာနှစ် နေပြည်တော် ကောင်စီ   ငွေလုံးငွေရင်း  ခွင့်ပြု ရန်ပုံငွေဖြင့်    Top     Strength  Nay   Pyi  Taw    ကုမ္ပဏီက ဆောင်ရွက်သည့်   ဒက္ခိဏသီရိ မြို့နယ်    ရန်အောင်မြင်ကျေးရွာ အုပ်စု ပေါက်တောရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်း၊   Box  Culvert တစ်စင်း  ဆောက်လုပ် ခြင်း  လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို    လှည့်လည် ကြည့်ရှုစစ်ဆေးသည်။ 


ယင်းနောက်  နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့်     အဖွဲ့သည် ရန်ကုန် - မန္တလေး  ကားလမ်း ဟောင်းပေါ်ရှိ   ဆင်သေချောင်း တံတား(ကျောက်ချက်) (ပေ ၂၁၀) (၄)လမ်းသွား တိုးချဲ့တည်ဆောက် ခြင်းလုပ်ငန်း၊   ဇမ္ဗူသီရိမြို့နယ် တွင် နေပြည်တော်စည်ပင်သာယာ ရေးကော်မတီမှ  ဆောင်ရွက်နေ သည့် ဘူးကွဲချောင်း (ရာဇသင်္ဂဟ လမ်းနှင့် ဧရာဝတီလမ်းထောင့်) မြေထိန်း        ကျောက်စီမြောင်း ဆောင်ရွက်နေမှု၊    ရာဇသင်္ဂဟ လမ်းဘေး မြေယာရှုခင်း ဆောင် ရွက်နေမှုနှင့်  ဘူးကွဲချောင်း (ရာဇ သင်္ဂဟလမ်းနှင့်  ပိတောက်လမ်း ထောင့်)မြေထိန်းကျောက်စီမြောင်း   ဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးပြီး   လိုအပ်သည်များကို    တာဝန်ရှိသူများအား   မှာကြားခဲ့ ကြောင်း သိရသည်။  


သတင်းစဉ်