နေပြည်တော် မေ ၁၅
နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် ယနေ့နံနက်ပိုင်း တွင် ပြည်ထောင်စုနယ်မြေ နေပြည် တော် ဒက္ခိဏသီရိမြို့နယ် စက်မှု ဇုန်ရှိ Myanmar New Power Co., Ltd. သုံးဘီးမော်တော်ဆိုင်ကယ် တပ်ဆင်ထုတ်လုပ်ရေးလုပ်ငန်းကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒက္ခိဏသီရိ စက်မှုဇုန်ရှိ MAPLE WIN NAYPYITAW Co.,Ltd. ၏ CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ Dakhina Meat Export Co., Ltd. ၏ ပြုတ်ပြီး အေးခဲအသားနှင့် အသားခြောက်လုပ်ငန်းဆောင်ရွက်နေမှု၊ Nilar Frozen ကုမ္ပဏီ၏ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ အေးခဲထုတ်လုပ်ဖြန့်ဖြူးရောင်းချနေမှုတို့ကို သွားရောက်ကြည့်ရှုသည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ကျင်းပသည့် နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြားပြီး တက်ရောက်လာကြသူများ၏ သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)