နေပြည်တော်ကောင်စီဥက္ကဋ္ဌ နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

 

နေပြည်တော် စက်တင်ဘာ  ၁၂


ပြည်ထောင်စုနယ်မြေ နေပြည်တော် အတွင်း    နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်း က        နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမ၌   ကျင်းပရာ နေပြည်တော်ကောင်စီ      ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊   နေပြည်တော် ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် စည်ပင်သာယာရေး        ကော်မတီ ဒုတိယမြို့တော်ဝန်၊    အမြဲတမ်း အတွင်းဝန်၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့    ဥက္ကဋ္ဌများ တက်ရောက်ကြသည်။


ဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ        ဦးသန်းထွန်းဦးက နေပြည်တော်အတွင်း     ရင်းနှီး မြှုပ်နှံမှုများ၊    ကုန်ထုတ်လုပ်ငန်း များ၊     MSME   လုပ်ငန်းများ၊ စိုက်ပျိုးရေး၊  မွေးမြူရေးလုပ်ငန်း များကို   တိုးတက်ပြီး    စံပြဖြစ် အောင်       ဆောင်ရွက်ရာတွင် အားသာချက်၊ အားနည်းချက်များ ကို သုံးသပ်ပြီး  ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊  စိုက်ပျိုးရေး၊ မွေးမြူ ရေးကုန်ထုတ်လုပ်ငန်းများ၊ MSME ကုန်ထုတ်လုပ်ငန်းများကို  ပြည်ပ ထုတ်ကုန်အဖြစ် အဆင့်မီအောင် ထုတ်ကုန်        အဆင့်မြှင့်တင်ရေး လုပ်ငန်းများကို  ထုတ်လုပ်နိုင်ရေး အတွက် ဌာနဆိုင်ရာများ၊ လုပ်ငန်း ရှင်များနှင့် အမြဲမပြတ်ထိတွေ့ပြီး ပူးပေါင်း    အကောင်အထည်ဖော် ဆောင်ရွက်ရမည်     ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက်      နေပြည်တော် ကောင်စီ        အဖွဲ့ဝင်များက နေပြည်တော်အတွင်း  စိုက်ပျိုးရေး လုပ်ငန်းများ၊  မွေးမြူရေးလုပ်ငန်း များ၊     တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး     လုပ်ငန်းများ၊  ယာဉ်အန္တရာယ်၊   လမ်းအန္တရာယ် ကင်းရှင်းရေးအတွက်  Quick Win အစီအမံငါးရပ်ဖြင့်   ဆောင်ရွက် နေမှု၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်း Biometric ကောက်ယူ မှုကိစ္စရပ်များကို  ရှင်းလင်းတင်ပြ ကြသည်။


ညှိနှိုင်းဆောင်ရွက်ပေး


ယင်းနောက်          ကုန်ထုတ် လုပ်ငန်းများ         မြှင့်တင်ရေး၊ စိုက်ပျိုးမှုပန်းတိုင်    အထွက်နှုန်း တိုးတက်ရေး၊ မွေးမြူရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေး၊ အသေးစား၊ အလတ်စား    ကုန်ထုတ်လုပ်ငန်း များ ဆောင်ရွက်နေမှု၊ စိုက်ပျိုးရေ ပေးဝေနေမှု     အခြေအနေများ၊ ကုန်ဈေးနှုန်း       တည်ငြိမ်စေရေး ကိစ္စရပ်များကို သက်ဆိုင်ရာဌာန များက     ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီ   ဥက္ကဋ္ဌက လိုအပ်သည်များကို    ဖြည့်စွက် ဆွေးနွေးပေါင်းစပ် ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်