
နေပြည်တော် အောက်တိုဘာ ၇
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် တလုတ်ပင်ကျေးရွာအုပ်စု၌ ဧပြီလအတွင်းက လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် အဆောက်အဦများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားသည်။
ဆက်လက်၍ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် လယ်ဝေးမြို့နယ် ရှမ်းစုကျေးရွာရှိ ပလွေးချောင်း ကမ်းပါးပြိုကျခဲ့ သဖြင့် နေပြည်တော်ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ပလွေး ချောင်းရေ တိုက်စားမှုလျော့ပါး သက်သာစေရေးအတွက် ယာယီ ကမ်းထိန်းခြင်း လုပ်ငန်းနှင့် ချောင်းရေလမ်းကြောင်းချဲ့ပေးနေမှုကို ကြည့်ရှုစစ်ဆေးရာ လယ်ဝေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် နေပြည်တော် ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပလွေးချောင်း ရေတိုက်စားမှုနှင့် ပတ်သက်၍ ဆောင်ရွက်နေသည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြ ကြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက လိုအပ်သည်များ မှာကြားသည်။
ထို့နောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌက ဒေသခံပြည်သူ များနှင့်တွေ့ဆုံပြီး အားပေးစကား ပြောကြားကာ ပလွေးချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးပြိုမှု အား ယာယီမြေထိန်းနံရံ ဆောင် ရွက်ရန်အတွက် နေပြည်တော် ကောင်စီမှ ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ပေးအပ်ရာ ကျေးရွာမှ တာဝန်ရှိသူများက လက်ခံရယူကြ သည်။
ယင်းနောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ် ရွာမကျေးရွာ အုပ်စုအတွင်းရှိ မြန်မာနယူးဧရာ စိုက်ပျိုးရေး ကုမ္ပဏီလီမိတက်မှ လယ်ယာ စိုက်ပျိုးရေးသုံးပိုက်နှင့် သစ်သီးထည့်ခြင်းထုတ်လုပ်နေမှု၊ မျိုးစပါးအခြောက်ခံ ဆောင်ရွက် နေမှုများကို သွားရောက်ကြည့်ရှု စစ်ဆေးရာ မန်နေဂျာ ဒေါ်နန်း ထက်ထက်လှိုင်က လုပ်ငန်း ဆောင်ရွက်နေမှုနှင့် ပြည်တွင်း ပြည်ပ ဖြန့်ဖြူးရောင်းချနေမှု များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ် ညောင်ကုန်း (စံပြ)ကျေးရွာ၌ ကျေးရွာပြည်သူ များအား သက်သာသောဈေးနှုန်း ဖြင့် ဆန်ရောင်းချပေးနေမှုကို လည်းကောင်း၊ နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ် သည့် ခေတ်မီစံပြကျေးရွာများရှိ ကျေးလက်နေ ပြည်သူများ၏ ဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံ ကိန်းလုပ်ငန်းအတွက် စက်ချုပ် နည်းပညာ သင်တန်းဖွင့်လှစ်ပြီး သင်ကြားနေမှုကိုလည်းကောင်း (အပေါ်ပုံ)၊ မျိုးခေတ်ကျော်ကုမ္ပဏီ မှ ဒက္ခိဏသီရိမြို့နယ် ညောင်ကုန်း ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်း နေမှုနှင့် ညောင်ကုန်းကျေးရွာ မှ ဟိုတယ်နောက်ကျောပတ်လမ်း အထိ ဆက်သွယ်သောလမ်းဟောင်း ကို ပြုပြင်ရေးလုပ်ငန်းဆောင်ရွက် နေမှုကိုလည်းကောင်း ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ် သံဃနာယက အဖွဲ့ဥက္ကဋ္ဌ ညောင်ကုန်းကျောင်း တိုက် ပဓာနနာယကဆရာတော် မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ ပဏ္ဍိတ မထေရ်မြတ်အား သွားရောက် ဖူးမြော်ကြည်ညို၍ ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဆည် မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာနမှ ညောင်ကုန်း(စံပြ)ကျေးရွာအနီးရှိ ငလိုက်လယ်ယာ မြောင်းမကြီး လက်တံ(၁)RD-10640 မှ RD-14050 အတွင်း ပျက်စီးနေသော ရေမြောင်းအား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု ကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည် များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်