
နေပြည်တော် ဇန်နဝါရီ ၁၉
နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင် များ၊ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပျဉ်းမနားမြို့မှ မြို့မိ မြို့ဖများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပျဉ်းမနားမြို့ ကန်တော်မင်္ဂလာရှမ်းကန် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း နှင့် ကန်ပတ်ဝန်းကျင် သာယာလှပရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။
အရိပ်ရပင်၊ ပန်းအလှပင်များ စိုက်ပျိုး
နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ကန်တော်မင်္ဂလာရှမ်းကန် အတွင်း ရေလယ်ဘုရားကျောင်းဆောင်နှင့် ရှင်ဥပဂုတ္တ ကျောင်းဆောင်၊ လူကူးလျှောက်လမ်းတံတား တည်ဆောက်ပြီးစီးမှုနှင့်ကန်ပတ်ဝန်းကျင် သာယာ လှပရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေ များ၊ ရှမ်းကန်တောင်ဘက်ရှိ စည်ပင်ရုံးလမ်း တိုးချဲ့ ခင်းကျင်းမှုနှင့် လမ်းဘေးဝဲ/ ယာတွင် သာယာလှပ ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကန်ပတ်လည်တွင် ရာသီမရွေးပွင့်လန်းပြီး ရနံ့မွှေးပျံ့သည့် အရိပ်ရပင်၊ ပန်းအလှပင်များနှင့် အလှမြက်ခင်းများစိုက်ပျိုးရန်၊ ရေကန်အတွင်းနှင့် ကန်ပတ်ဝန်းကျင်ကို အမြဲမပြတ် သန့်ရှင်းစေရေး စနစ်တကျဆောင်ရွက်ရန်၊ ရှမ်းကန် မြောက်ဘက် ဗိုလ်တောက်ထိန်လမ်းဘေးရှိ ရေမြောင်း ကို ရေစီးရေလာကောင်မွန်စေရေး ဆောင်ရွက်ရန်၊ ကွန်ကရစ်ရေမြောင်းဖုံး ပြုလုပ်ရန်နှင့် လုပ်ငန်းများ ကို အောင်အောင်မြင်မြင် ထိထိရောက်ရောက်ဖြင့် အကျိုးသက်ရောက်မှုရှိစေရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရန်တို့ကို မှာကြားပြီး ပျဉ်းမနားမြို့မှ မြို့မိမြို့ဖများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံကာ(အပေါ်ပုံ) လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် နေပြည်တော်ကောင်စီရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဒေသထွက် MSME ကုန်ထုတ်လုပ်ငန်းများ ခင်းကျင်းပြသရောင်းချ နိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး သို့ တက်ရောက်ကြသည်။
MSME ထုတ်ကုန်များ ရောင်ချမည့်အခြေအနေတင်ပြ
အစည်းအဝေးတွင် နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးဇေယျာလင်းနှင့် ဦးမြင့်စိုးတို့က (၇၇)နှစ် မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်များ ခင်းကျင်းပြသနိုင်ရေး ဆပ်ကော်မတီ ဖွဲ့စည်းထားမှုအခြေအနေများကို လည်းကောင်း၊ တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် စီးပွားရေးရာဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယ မြို့တော်ဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်မည့်အခြေအနေ၊ ဒေသထွက် MSME ထုတ်ကုန်များနှင့် အစားအစာများ ခင်းကျင်း ပြသရောင်းချမည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက MSME လုပ်ငန်းရှင်များအနေဖြင့် ဒေသထွက်ထုတ်ကုန် များ၊ အစားအစာများ ပြည်သူများသို့ သင့်လျော်သည့် ဈေးနှုန်းများဖြင့် ရောင်းချနိုင်ရေး၊ One Region One Product ထုတ်ကုန်အပါအဝင် MSME ထုတ်ကုန်များ စုံလင်စွာခင်းကျင်းပြသဆောင်ရွက်ရေး၊ အရည် အသွေးမြင့်ထုတ်ကုန်များနှင့် ဒေသတွင်း ရိုးရာအစား အစာများ ခင်းကျင်းပြသနိုင်ရေး၊ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဒေသထွက် MSME ထုတ်ကုန်များ ခင်းကျင်းပြသရောင်းချပွဲကို ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရေး၊ ပြည်သူများ လုံခြုံအေးချမ်းစွာ လာရောက်ကြည့်ရှုနိုင်ရေး၊ လျှစ်စစ် မီးရရှိရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး တို့အတွက် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရန် ပြောကြားသည်။
သတင်းစဉ်