နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်များချီးမြှင့်အပ်နှင်း

 

နေပြည်တော်   ဒီဇင်ဘာ   ၁


၂၀၂၁ ခုနှစ် သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။
 

အခမ်းအနားသို့ နေပြည်တော် ကောင်စီဥက္ကဋ္ဌ       ဒေါက်တာ မောင်မောင်နိုင်၊ ဒုတိယမြို့တော် ဝန် ဦးမောင်မောင်၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များနှင့်   သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟ    ဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ်များ    တက်ရောက် ကြသည်။

 


ရှေးဦးစွာ     နေပြည်တော် ကောင်စီဥက္ကဋ္ဌ         ဒေါက်တာ မောင်မောင်နိုင်က ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်မှ သာသနာ တော်ဆိုင်ရာ    ဘွဲ့တံဆိပ်များ ဆက်ကပ်အပ်နှင်း    ချီးမြှင့်ခြင်း ခံရသည့် ရဟန်းတော် အပါး ၃၀၊ သီလရှင်နှစ်ပါး၊         လူပုဂ္ဂိုလ် သာသနာပြု နှစ်ဦးနှင့် သာသနာ နုဂ္ဂဟ ဘွဲ့တံဆိပ်ရ    အမျိုးသား နှစ်ဦးတို့ကို သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များ ဆက်ကပ်အပ်နှင်း ချီးမြှင့်ခဲ့ပါကြောင်း၊   သံဃာ့အဖွဲ့ အစည်း အဆင့်ဆင့် ဖွဲ့စည်းခြင်း၏ ရည်ရွယ်ချက်  ၆ ချက်    အနက် ၁ ချက်    အပါအဝင်ဖြစ်သည့် သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေးဟူသော အချက်နှင့် အညီ သာသနာတော်ကြီး သန့်ရှင်း တည်တံ့နိုင်ရေး ဆောင်ရွက်တော် မူကြသော သံဃနာယက၊ သံဃာ့ ဝန်ဆောင်  ဆရာတော်ကြီးများ ပရိယတ္တိစာပေ သင်ကြားပို့ချခြင်း၊ ပဋိပတ္တိ ကျင့်ကြံအားထုတ်ခြင်း၊ ပဋိဝေဓ    ထိုးထွင်းသိမြင်ခြင်း တည်းဟူသော   သာသနာတော် သုံးရပ် အရှည်ခံ့တည်တံ့စေရန် ရည်သန်ကြိုးကုတ်   အားထုတ် လျက်ရှိကြသော   သာသနာပြု သာသနာ့ဝန်ဆောင် ဆရာတော် ကြီးများ၏ ဆောင်ရွက်ချက်များ ကို ပိုမိုအောင်မြင်စေရေး ပါရမီ ကုသိုလ်ယူ လှူဒါန်းထောက်ပံ့နေ ကြသော လူပုဂ္ဂိုလ်များကို  ယခု ကဲ့သို့ ဂုဏ်ရည်အလိုက် ဘွဲ့တံဆိပ် တော်များကို အပ်နှင်းနိုင်သဖြင့် လွန်စွာဂုဏ်ယူ       ဝမ်းမြောက်ပါ ကြောင်း ပြောကြားသည်။

 


ထို့နောက်     နေပြည်တော် ကောင်စီဥက္ကဋ္ဌ       ဒေါက်တာ မောင်မောင်နိုင်က သာသနာတော် ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ် များ ပေးအပ်ချီးမြှင့်ရာ သီရိသုဓမ္မ မဏိဇောတဓရ ဘွဲ့တံဆိပ်တော်ရ  ဦးကျော်ဇေယျအား    ဘွဲ့တံဆိပ် တော်နှင့် အဆောင်အယောင်များ ကို လည်းကောင်း၊   သီရိသုဓမ္မ မဏိဇောတဓရ ဘွဲ့တံဆိပ်တော်ရ ဦးကျော်မင်းထွန်း       ကိုယ်စား ဦးကောင်းထက်အောင်(စိုးလျှပ်စစ်) အား ဘွဲ့တံဆိပ်တော်နှင့်အဆောင်  အယောင်များကို လည်းကောင်း ချီးမြှင့်အပ်နှင်းခဲ့သည်။

                 
သတင်းစဉ်