
နေပြည်တော် ဒီဇင်ဘာ ၁၂
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးမောင် မောင်ဝင်းသည် ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်ကောင်စီ နယ်မြေရှိ မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်၊ ပျဉ်းမနားမြို့နယ်ရှိ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ နှင့် ဇမ္ဗူသီရိမြို့နယ်ရှိ ငွေရေး ကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနရုံးများကို ကြည့်ရှု စစ်ဆေးသည်။
ရှင်းလင်းတင်ပြ
ပထမဦးစွာ ဒုတိယဝန်ကြီး သည် ငွေရေးကြေးရေးကြီးကြပ် စစ်ဆေးရေးဌာန ညွှန်ကြားရေး မှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်တို့နှင့်အတူ ပျဉ်းမနားမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ နှင့် ဇမ္ဗူသီရိမြို့နယ်ရှိ မြန်မာ လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တို့ကို ကြည့်ရှုစစ်ဆေးရာ တိုင်းမန်နေဂျာ နှင့် မြို့နယ်မန်နေဂျာတို့က ဘဏ် လုပ်ငန်းဆိုင်ရာများ၊ ချေးငွေထုတ် ချေးမှု၊ ချေးငွေကြွေးကျန်ကျဆင်း ရေးနှင့် အလွဲသုံးစားမှုလျော့နည်း ပပျောက်ရေး ဆောင်ရွက်ချက်များ ကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ဒုတိယ ဝန်ကြီးက မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်၏ အဓိကတာဝန် နှစ်ရပ်မှာ တောင်သူလယ်သမား များသို့ စိုက်ပျိုးစရိတ်နှင့် လယ်ယာဖွံ့ဖြိုးရေး ချေးငွေများ ထုတ်ချေးရန်နှင့် ပြန်လည် ကောက်ခံရန်ဖြစ်ကြောင်း၊ ယင်း တာဝန်များကို ရေရှည်ဆောင်ရွက် နိုင်စေရန် ကြွေးဟောင်းပြေကျေမှ ကြွေးသစ်ပေးသည့် စနစ်ကို ကျင့်သုံး ဆောင်ရွက်လျက်ရှိ ကြောင်း၊ ကြွေးကျန်လျော့နည်းကျဆင်းရေးစီမံချက်နှင့် အလွဲ သုံးစားမှုလျော့နည်းပပျောက်ရေး စီမံချက်တို့ကို အောက်ခြေ ဝန်ထမ်းများ သိရှိနားလည် လိုက်နာရေးဆောင်ရွက်ရန် မှာ ကြား၍ ဝန်ထမ်းများ၏ တင်ပြ ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီး သည် နေပြည်တော်ကောင်စီ နယ်မြေ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနရုံး ကို ကြည့်ရှုစစ်ဆေးပြီး ပြည်တွင်း ပြည်ပဘဏ်မဟုတ်သည့် ငွေရေး ကြေးရေး အဖွဲ့အစည်းများကို ကြီးကြပ်ကွပ်ကဲရသဖြင့် ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆောင်ရွက်ကြရေး၊ On-site နှင့် Off-site ပုံမှန်စစ်ဆေး ကြပ်မတ်ရေး၊ ဝန်ထမ်းများအနေ ဖြင့် လုပ်ငန်းစွမ်းဆောင်ရည် ပြည့်ဝသူများဖြစ်စေရေး၊ လုံခြုံ ရေးနှင့် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးမှာကြား၍ ဝန်ထမ်း များ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး သည်။
သတင်းစဉ်