နေပြည်တော်ကောင်စီနယ်မြေ၌ ဂျပန်သို့ တင်ပို့သည့် အထည်ချုပ်လုပ်ငန်း ရင်းနှီးမြှုပ်နှံလုပ်ကိုင်လျက်ရှိ

 

နေပြည်တော်   အောက်တိုဘာ   ၁၅


မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဒက္ခိဏသီရိမြို့နယ်အတွင်း၌ ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့်  CMP  စနစ်ဖြင့်  အထည်ချုပ်လုပ်ငန်း ဆောင်ရွက်လျက်ရှိသော Chindwin Banner ကုမ္ပဏီလီမိတက်၏   လုပ်ငန်းဆောင်ရွက်မှု  အခြေအနေများကို နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်သည် ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယ မြို့တော်ဝန် ဦးမောင်မောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ ၁၄ ရက်တွင် သွားရောက် ကြည့်ရှုခဲ့သည်။

 


နေပြည်တော်အတွင်း ခွင့်ပြု ပြီး   ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူချောမွေ့စွာ        လုပ်ငန်း လည်ပတ်         ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍        သွားရောက်ကြည့်ရှု ခြင်းဖြစ်ပြီး ကုမ္ပဏီတာဝန်ရှိသူက CMP စနစ်ဖြင့် အဝတ်အထည်များ ချုပ်လုပ်လျက်ရှိသည့် အခြေအနေ၊  Made in Myanmar အဖြစ် ဂျပန် နိုင်ငံသို့            တင်ပို့လျက်ရှိသည့် အခြေအနေ၊  ပြည်တွင်းဝန်ထမ်း ဦးရေ ၈၀၀ ကျော်ကို အလုပ်အကိုင် ဖန်တီးပေးလျက်ရှိသည့်  အခြေ အနေနှင့် ရှေ့ဆက်လက်လုပ်ငန်း ဆောင်ရွက်မည့်  အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။ 

 


ထို့နောက်       နေပြည်တော် ကောင်စီ ဥက္ကဋ္ဌက ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း တိုးချဲ့ဆောင်ရွက်နိုင်ရန်၊ ဒေသခံ         ပြည်သူများအတွက် အလုပ်အကိုင်         အခွင့်အလမ်း ပိုမိုဖန်တီးပေးနိုင်ရန်နှင့် လုပ်သား များ၏         ကျွမ်းကျင်မှုဆိုင်ရာ မြှင့်တင်နိုင်ရေးအတွက် အလေး ထား         ဆောင်ရွက်ရန်တို့ကို မှာကြား၍ ရင်းနှီးမြှုပ်နှံမှု လွယ်ကူ ချောမွေ့စေရေးအတွက် လုပ်ထုံး လုပ်နည်းများနှင့်အညီ      ကူညီ ပံ့ပိုးဆောင်ရွက်ပေးမည့်       အခြေ အနေများကို ဆွေးနွေးပြီး  စက်ရုံ အတွင်း လုပ်ငန်းဆောင်ရွက်မှုများ ကို လှည့်လည်ကြည့်ရှု အားပေး ခဲ့သည်။        

မြို့နယ် (ပြန်/ဆက်)