နေပြည်တော်ကောင်စီနယ်မြေအတွင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် တရားခံများအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

 

နေပြည်တော်  ဇွန်   ၂၂
၂၀၂၃ ခုနှစ် ဇွန်  ၁၂ ရက် ညနေပိုင်းတွင် လယ်ဝေးမြို့မရဲစခန်းအား အကြမ်းဖက် သမားနှစ်ဦးက          လက်ပစ်ဗုံးဖြင့် ချောင်းမြောင်းပစ်ခတ်ခဲ့ပြီး      ယင်းနေ့ ညပိုင်းတွင်    နေပြည်တော်ကောင်စီ နယ်မြေ ဇမ္ဗူသီရိမြို့နယ်   ဘောဂသိဒ္ဓိ ရပ်ကွက်၊ MICC-II ဂိတ် (၂) ဝင်ပေါက်အား အကြမ်းဖက်သမား သုံးဦးတို့က လက်ပစ် ဗုံးဖြင့် ပစ်ပေါက်ဖောက်ခွဲခဲ့သည့် ဖြစ်စဉ် များဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ၏ အချိန်နှင့်တစ်ပြေးညီ နေ့/ညမပြတ် အရှိန်အဟုန်မြှင့်   ကြိုးပမ်းဆောင်ရွက် မှုများ၊   တရားမျှတမှုကို   လိုလားပြီး အကြမ်းဖက်မှုကို မလိုလားသည့် ပြည်သူ များ၏  မျက်မြင်သတင်းပေးပို့ချက်များ နှင့် ပူးပေါင်းပါဝင်မှုများကြောင့်   ပြစ်မှု ကျူးလွန်သူ နှစ်ဦးနှင့် ဆက်စပ်တရားခံ အမျိုးသား နှစ်ဦးတို့ကို  ဖြစ်စဉ်ဖြစ်ပွား ပြီး ၁၀ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ ခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆို ချက်အရ   အကြမ်းဖက်ဖောက်ခွဲမှုများ ကျူးလွန်ရာတွင် အဓိကပါဝင်သူမြင့်ကျော် သည် ဒက္ခိဏသီရိမြို့နယ် ရွှေခဲအင်းအုပ်စု သီရိမင်္ဂလာကျေးရွာတွင် နေထိုင်ကြောင်း သိရှိရသဖြင့် ဇွန် ၁၈ ရက် နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက  သွားရောက် ရှာဖွေခဲ့ရာ မြင့်ကျော်သည် လောက်ကိုင် မြို့သို့   ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး ၎င်း၏နေအိမ်အတွင်းမှ    လက်ပစ်ဗုံး  တစ်လုံး၊  ပြစ်မှုကျူးလွန်စဉ်  အသုံးပြုခဲ့ သည့် Turbo 110 အမျိုးအစား ဆိုင်ကယ် နှင့်  ဆိုင်ကယ်စီးဦးထုပ်တို့ကို သိမ်းဆည်း ရမိခဲ့သည်။
သို့ဖြစ်၍ မြင့်ကျော် အား ဖမ်းဆီးရမိ ရေးအတွက်      သက်ဆိုင်ရာနယ်မြေရှိ  လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်    ချိတ်ဆက် ဆောင်ရွက်ခဲ့ရာ ဇွန် ၁၉ ရက် ညပိုင်းတွင် မြင့်ကျော်အား လောက်ကိုင်မြို့ အမှတ်(၂) ရပ်ကွက်၌ ဖမ်းဆီးရမိခဲ့ပြီး နေပြည်တော် သို့ ပြန်လည်ခေါ်ဆောင်၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။


အဆိုပါ    အကြမ်းဖက်ဖောက်ခွဲမှု ဖြစ်စဉ်များမှ  တရားခံများအား  စစ်ဆေး ဖော်ထုတ်ချက်အရ ဇွန် ၂၁ ရက် နံနက် ပိုင်းတွင်    ဇမ္ဗူသီရိမြို့နယ်  ရှားတော ကျေးရွာနှင့်  အလျင်လိုကျေးရွာအကြား လမ်းဘေးသစ်ပင်အောက်၌ သိုဝှက်မြှုပ်နှံ ထားသော    CZ-2075 RAMI     ပစ္စတို တစ်လက်၊ ၎င်းကျည် ခုနစ်တောင့်တို့ကို လည်းကောင်း၊     ဒက္ခိဏသီရိမြို့နယ် ရွှေခဲအင်းအုပ်စု   သီရိမင်္ဂလာကျေးရွာရှိ မြင့်ကျော်၏ နေအိမ်မီးဖိုချောင်အတွင်း၌ သိုဝှက်ထားသော    Beretta      ပစ္စတို တစ်လက်၊ ၎င်းကျည် ၁၅ တောင့်တို့ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သည်။
ဖြစ်စဉ်တွင်    တရားခံ   အမျိုးသား ငါးဦးတို့ကို ပစ္စတို နှစ်လက်၊ ၉ မမကျည် ၂၂ တောင့်၊ လက်ပစ်ဗုံးတစ်လုံး၊   ပြစ်မှု ကျူးလွန်စဉ် အသုံးပြုခဲ့သည့် ဆိုင်ကယ် တစ်စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆို ချက်အရ မြင့်ကျော်သည်  နေပြည်တော် ကောင်စီနယ်မြေအတွင်း   အကြမ်းဖက် လုပ်ငန်းများ      ဆောင်ရွက်ရန်အတွက် ၂၀၂၃  ခုနှစ် ဖေဖော်ဝါရီ   ၂၆  ရက်တွင် စစ်တောင်းမြို့ပြ  ပြောက်ကျားအမည်ခံ အကြမ်းဖက်အဖွဲ့ခေါင်းဆောင်   ဖမ်းဆီး ရန်ကျန်တရားခံ   ဇင်ယော်ထံမှ   ပစ္စတို နှစ်လက်၊ ၉ မမကျည်အတောင့် ၃၀ နှင့် လက်ပစ်ဗုံး     ရှစ်လုံးတို့ကို    ရန်ကုန်-မန္တလေးအမြန်လမ်း၌    နှစ်ကြိမ်ခွဲ၍ သွားရောက်ယူဆောင်ခဲ့ပြီး     နေအိမ်၌ သိမ်းဆည်းထားခဲ့ကြောင်း သိရှိရသည်။
ဖမ်းဆီးရမိတရားခံများ၏   ထွက်ဆို ချက်အရ စစ်တောင်းမြို့ပြပြောက်ကျား အမည်ခံ အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ဖမ်းဆီးရန်ကျန်   တရားခံ   ဇင်ယော်၏ ခိုင်းစေမှုဖြင့်   နေပြည်တော်ကောင်စီ နယ်မြေအတွင်း   အကြမ်းဖက်ဖောက်ခွဲမှု   ခုနစ် ကြိမ် ဆောင်ရွက်ခဲ့ကြောင်း-
á    ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက် တွင်  မြင့်ကျော် နှင့်  သက်နိုင်တို့ နှစ်ဦးသည်      ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်ရှိ    ဦးမြငြိမ်း ၏  နေအိမ်အား  လက်ပစ်ဗုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း။
á    မတ်  ၂  ရက်တွင်   မြင့်ကျော်၊ သက်နိုင် နှင့် ရဲနိုင်တို့ သုံးဦးသည် ဇမ္ဗူသီရိမြို့နယ် ချိုင်းရွာလမ်းဆုံရှိ ရဲကင်းစခန်းအား လက်ပစ်ဗုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း။
á    ဧပြီ ၁၃ ရက်တွင် သက်နိုင်နှင့် ရဲနိုင်   တို့  နှစ်ဦးမှ   ဒက္ခိဏသီရိ မြို့နယ်ရှိ လျှပ်စစ်ဓာတ်အားခွဲရုံ အား   လက်ပစ်ဗုံးဖြင့်   ပစ်ခတ် ဖောက်ခွဲခဲ့ရာတွင်   မြင့်ကျော်  မှ အခြေအနေ      ကြည့်ရှုပေးခဲ့ ကြောင်း။
á    ဧပြီ  ၁၆  ရက်တွင် သက်နိုင်နှင့် ရဲနိုင် တို့ နှစ်ဦးမှ ဇမ္ဗူသီရိမြို့နယ် အဆင့်မြင့်ဈေးအနောက်ဘက်ရှိ ရဲကင်းစခန်းအား   လက်ပစ်ဗုံး ဖြင့်   ပစ်ခတ်ဖောက်ခွဲခဲ့ရာတွင် မြင့်ကျော် မှ အခြေအနေ ကြည့်ရှု ပေးခဲ့ကြောင်း။
á    မေ  ၃ ရက်တွင် သက်နိုင်နှင့် ရဲနိုင် တို့ နှစ်ဦးသည် ဥတ္တရသီရိမြို့နယ် ရာဇသင်္ဂဟလမ်းနှင့်  သီရိမဏ္ဍိုင် လမ်းထောင့်ရှိ ရဲကင်းစခန်းအား ပစ္စတိုဖြင့် ပစ်ခတ်၍ လက်ပစ်ဗုံး ဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း။
á    ဇွန် ၁၂ ရက်တွင်  သက်နိုင် နှင့် ရဲနိုင်တို့ နှစ်ဦးမှ လယ်ဝေးမြို့မ ရဲစခန်းရှေ့တွင်  လုံခြုံရေးတပ်ဖွဲ့ ဝင်များအား    လက်ပစ်ဗုံးဖြင့် ချောင်းမြောင်း ပစ်ခတ်ရာတွင် မြင့်ကျော်မှ အခြေအနေ ကြည့်ရှု ပေးခဲ့ကြောင်း။
á    အလားတူ ဇွန်   ၁၂  ရက်တွင် မြင့်ကျော် နှင့် သက်နိုင် တို့ နှစ်ဦး မှ ဇမ္ဗူသီရိမြို့နယ်   ဘောဂသိဒ္ဓိ ရပ်ကွက် ဉာဏအောင်မြေလမ်း MICC-II ဂိတ် (၂) ဝင်ပေါက်အား လက်ပစ်ဗုံးဖြင့် ပစ်ခတ်ဖောက်ခွဲ ခဲ့ရာတွင် ရဲနိုင် မှ  အခြေအနေ ကြည့်ရှုပေးခဲ့ကြောင်း။   
အထက်ပါ  ဖမ်းဆီးရမိတရားခံများ အား  ဥပဒေအရ  ထိရောက်စွာအရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊  အကြမ်းဖက်မှုဆောင်ရွက် နေသူများအား    ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်  တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများအား   အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ တိမ်းရှောင် နေသည့်   နေရာများ၊   လှုပ်ရှားသွားလာ နေထိုင်မှုသတင်းများရရှိပါက သက်ဆိုင် ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြား နိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီး ပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေး လျက်ရှိကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ် ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်း ပါဝင်ကြိုးပမ်း     ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း   အသိပေး သတင်းထုတ်ပြန်ထားသည်။ 
သတင်းစဉ်