
နေပြည်တော် ဒီဇင်ဘာ ၁၅
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌတို့သည် ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ စံပြကျေးရွာ (Smart Village) စီမံကိန်း ပါ လယ်ဝေးမြို့နယ် သော်မှော်ကုန်းကျေးရွာခန်းမ၌ အိမ်တွင်းလျှပ်စစ်သွယ်တန်းမှုပညာဖြင့် လုပ်ငန်းခွင် ဝင်ရောက်နိုင်စေရန်နှင့် တစ်ပိုင်တစ်နိုင်လုပ်ငန်းများ ထူထောင်နိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ပြီး “အခြေခံ အိမ်တွင်းလျှပ်စစ်သွယ်တန်းနည်းသင်တန်း” ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် ပြည် ထောင်စုဝန်ကြီးက ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးကို ဦးတည်ကြိုးပမ်း ဆောင်ရွက်ရန်နှင့် သော်မှော်ကုန်း ကျေးရွာကိုလည်း ခေတ်မီစံပြ ကျေးရွာ (Smart Village) အဖြစ် ထူထောင်နိုင်ရန် ကြိုးပမ်းနေပါ ကြောင်း၊ မိမိတို့ဝန်ကြီးဌာနရှိ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ နည်းပညာပေး သင်တန်းများ ဖွင့်လှစ်ပေးနေခြင်း သည် စံပြကျေးရွာဖြစ်လာရန် ဆောင်ရွက်ပေးခြင်း၏ အစိတ် အပိုင်းတစ်ခုပင် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ နည်းပညာပေး သင်တန်းများ ဖွင့်လှစ်ပေးခြင်း ဖြင့် ကျေးရွာနေပြည်သူများအနေ ဖြင့် ကိုယ်ပိုင်လုပ်ငန်းငယ်များ ထူထောင်လာနိုင်ခြင်း၊ အလုပ် အကိုင်အခွင့်အလမ်းများ ရရှိလာ ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်သည့်အပြင် လူမှု စီးပွားဘဝ မြင့်တက်လာပြီး ခေတ်မီစံပြကျေးရွာကြီးဖြစ်လာ မည်ဟု မျှော်မှန်းပါကြောင်း၊ သင်တန်း တက်ရောက်လာကြ သည့် ကျေးရွာသားများ အနေဖြင့် ယခုသင်တန်းက ပို့ချပေးသော နည်းပညာများကို အလေးထား သင်ယူကြရန် အလေးအနက် ထား တိုက်တွန်းပြောကြား လိုပါ ကြောင်း၊ ထို့အပြင် သင်တန်း ပြီးဆုံးသည့်အခါ ကိုယ်ပိုင် လုပ်ငန်း ထူထောင်လိုသူများကို လိုအပ်မည့် အရင်းအနှီးများ၊ ပစ္စည်းများ မတည်ကူညီပေးရန် ဌာနများကို မှာကြားထားပြီး ဖြစ်ပါကြောင်း၊ သော်မှော်ကုန်း ကျေးရွာတွင် နေထိုင်ကြသူများ အနေဖြင့် မိမိတို့ရွာကို ခေတ်မီ စံပြကျေးရွာကြီး ဖြစ်လာရန် ပူးပေါင်း ဆောင်ရွက်ကြရန်နှင့် မိမိနိုင်ငံနှင့် လူမျိုးကိုချစ်သည့် စိတ်နှင့် ပူးပေါင်းဆောင်ရွက်ကြ ပါရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးမှု ဆောင်ရွက်ရာတွင် ၇၀ ရာခိုင်နှုန်း သော ကျေးလက်နေပြည်သူလူထု ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးလာ စေရေးကို အလေးအနက်ထား ဆောင်ရွက်လျက် ရှိပါကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေရှိ စံပြကျေးရွာ (Smart Village) ထူထောင်ရေး ဆောင်ရွက်သည့် နေရာတွင် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန နှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေ ဖြင့် နှစ်စဉ်ကျေးလက်မီးလင်းရေး လုပ်ငန်းများ တိုးချဲ့ဆောင်ရွက် ပေးလျက်ရှိရာ သော်မှော်ကုန်း ကျေးရွာတွင် လျှပ်စစ်မီးရရှိပြီး ဖြစ်သည့်အတွက် အခြေခံအိမ်တွင်း လျှပ်စစ်သွယ်တန်း နည်းပညာ သင်တန်းပြီးဆုံးပါက အလုပ် အကိုင်အခွင့်အလမ်းများ ပိုမိုရရှိ လာမည်ဖြစ်ပါကြောင်း၊ ကျေးရွာ လိုအပ်ချက်များကိုလည်း ဌာန များမှ ပူးပေါင်းကူညီဆောင်ရွက် ပေးမည်ဖြစ်သည့်အတွက် ကျေးရွာ သူ ကျေးရွာသားများ၊ ရပ်မိ/ ရပ်ဖ များအနေဖြင့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးစေ လိုပါ ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် သော်မှော် ကုန်းကျေးရွာ မြစိမ်းရောင် စီမံ ကိန်းချေးငွေ ထုတ်ချေးပေးနေမှု ကို လည်းကောင်း၊ သမဝါယမစနစ် ဖြင့် ဝက်မွေးမြူရေးလုပ်ငန်း များ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ တစ်နိုင်တစ်ပိုင် အိမ်တွင်းလက်မှု ဆပ်ပြာလုပ်ငန်း ဆောင်ရွက်နေမှု ကို လည်းကောင်း ၊ ကျေးရွာ မူလတန်းလွန်ကျောင်းကို လည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေး၍ လုပ်ငန်းဆောင်ရွက် နေမှုများအပေါ် လိုအပ်သည်များ ဖြည့်ဆည်းပေးခဲ့ကြောင်း သိရ သည်။
စံပြကျေးရွာ စီမံကိန်းအနေ ဖြင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဖွံ့ဖြိုးပြီး ဝင်ငွေ တိုးပွားရေး၊ ကျေးလက်နေပြည်သူ များ၏ စွမ်းဆောင်ရည်မြှင့်တင် ရေးလုပ်ငန်းများကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်