
နေပြည်တော် ဩဂုတ် ၁၅
နေပြည်တော်ကောင်စီမှ လီတာ ၄၀ ဆံ့ အောက်ဆီ ဂျင်အိုး ၁၀၀ လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင်(၁၀၀၀)၌ ပြုလုပ်သည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်မျိုးတင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီး မင်းနောင်၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုး၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင်(၁၀၀၀)မှ ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်ငွေစံ၊ ဒက္ခိဏခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်က အောက်ဆီဂျင်အိုး လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ပြောကြားရာတွင် နေပြည်တော်၌ Positive လူနာများကို ခုတင်(၁၀၀၀)ဆေးရုံကြီးနှင့် ပုဗ္ဗသီရိမြို့နယ်ရှိ ခုတင်(၃၀၀) ဆေးရုံ ကြီးများ၊ မြို့နယ်ဆေးရုံများတွင် အဓိကထား ကုသ ပေးလျက်ရှိပါကြောင်း၊ Positive လူနာများ တွေ့ရှိလာသည်နှင့်အမျှ အောက်ဆီဂျင်များ လိုအပ် လာပြီး အဆိုပါဆေးရုံများတွင် ပုံမှန်ထုတ်လုပ်နေ သော အောက်ဆီဂျင်များ လုံလောက်မှုမရှိသည့် အတွက် နေပြည်တော်ကောင်စီ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်၊ နေပြည်တော် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနတို့မှ ဝိုင်းဝန်းပူးပေါင်း၍ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပြီး ယခု အောက်ဆီဂျင် လီတာ ၄၀ ဆံ့အိုး ၁၀၀ ကို ပြည်သူ့ဆေးရုံကြီး ခုတင်(၁၀၀၀)သို့ လှူဒါန်းခြင်းဖြစ်ပါကြောင်း၊ လိုအပ် ချက်ရှိသည့် ဆေးရုံများကိုလည်း ဆက်လက်ခွဲဝေ လှူဒါန်းသွားမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ မှာ အစိုးရ၊ ဌာနဆိုင်ရာ များ၊ လူမှုရေးအဖွဲ့အစည်းများ နှင့် ပြည်သူလူထုတို့မှ ကဏ္ဍအသီးသီးတွင် ဝိုင်းဝန်းစုပေါင်း ပူးပေါင်း ဆောင်ရွက်မှသာလျှင် ရောဂါကာကွယ်တားဆီး ထိန်းချုပ်နိုင်မည်ဖြစ် ကြောင်း ရှင်းလင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌကအောက်ဆီဂျင်အိုးများအား နေပြည်တော် ပြည်သူ့ ဆေးရုံကြီး ခုတင်(၁၀၀၀) ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်ငွေစံထံသို့ ပေးအပ်လှူဒါန်းရာ ဆေးရုံ အုပ်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ် ပြီး ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော် တိုင်းစစ် ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဇော်မျိုးတင်နှင့် တာဝန်ရှိ သူများသည် တစ်နေ့လျှင် အောက်ဆီဂျင်ပျမ်းမျှ ၉၆ လုံးထွက်ရှိသည့် Oxygen Plant ထုတ်လုပ်နေမှု အခြေအနေများကို ကြည့်ရှုခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)