
ပုဗ္ဗသီရိ ဇွန် ၄
နေပြည်တော်ကောင်စီအဖွဲ့ဝင် ရဲမှူးကြီး ကိုကိုလွင်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာများနှင့်အတူ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရေးအတွက် စိုက်ပျိုးရေးလုပ်ငန်း များတွင် အားစိုက်လုပ်ကိုင်လာနိုင်စေရေး အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ ယမန် နေ့က ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆွေးနွေးသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ရဲမှူးကြီး ကိုကိုလွင်သည် ပုဗ္ဗသီရိမြို့နယ် ရာဇဌာနီလမ်းမကြီး မြောက်ဘက်ဘေး (လက်လုပ်တောင်ဘုရားမှ ကုမုဒြာကြာပန်း အထိ) လယ်မြေများကို လှပ်မြေမထားရှိစေ ရေး၊ သီးနှံများ ဧကပြည့်စိုက်ပျိုးနိုင်ရေးနှင့် လက်ရှိမြေပြင်တွင် ပဲတီစိမ်းစိုက်ပျိုးထားရှိမှု၊ မိုးစပါးစိုက်ပျိုးရန်အတွက် ထွန်ယက်ထားရှိမှု အခြေအနေ၊ မြေပြုပြင်ထားရှိမှု အခြေအနေ တို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက် သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် တာဝန်ရှိသူများက ရာသီဥတုပြောင်းလဲမှုနှင့် မိုးရေချိန်ရရှိမှု အခြေအနေများ၊ ပိုးမွှားရောဂါကျရောက်မှု လျော့နည်းစေရန် ဆောင်ရွက်ရမည့် နည်းလမ်း များ၊ ဒေသနှင့် ကိုက်ညီမည့် သီးနှံများ အကြောင်းများကို ရှင်းလင်းဆွေးနွေးပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင် ရဲမှူးကြီး ကိုကိုလွင်က လိုအပ်သည်များနှင့် ဆက်လက် ဆောင်ရွက်ရမည့် အစီအစဉ်များအား မှာကြားခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)