
နေပြည်တော် နိုဝင်ဘာ ၁
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင် ဦးစီးသည့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်း အဖွဲ့သည် နယ်မြေတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင် ရွက်ရန် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ပျဉ်းမနား မြို့နယ်အတွင်းရှိ ပင်ရဲကျေးရွာသို့ မော်တော်ယာဉ် များဖြင့် ရောက်ရှိကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင် ဦးစီးသည့်အဖွဲ့သည် ပင်ရဲ ကျေးရွာ ရွာဦးကျောင်းဆရာတော် ဥူးစံန္ဒော အား ဖူးမြော်ကြည်ညိုပြီး စားသောက်ကုန်ပစ္စည်းများနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကာ ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် သည်။
သန့်ရှင်းသော သောက်သုံးရေရရှိရေး
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးစီး သည့်အဖွဲ့သည် ကျေးရွာအတွင်း သန့်ရှင်းသော သောက်သုံးရေရရှိရေးနှင့် ကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက် ပေးနိုင်ရေး ကြည့်ရှုစစ်ဆေးပြီး ပင်ရဲကျေးရွာ အခြေခံ ပညာမူလတန်းကျောင်းတွင် တာဝန်ထမ်းဆောင် လျက်ရှိကြသည့် ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ စာပေသင်ကြားသင်ယူနေမှု အခြေအနေ ကိုမေးမြန်းကာ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးစီးသည့်အဖွဲ့သည် မဲပေါက်ကျေးရွာသို့ရောက်ရှိပြီး ရွာဦးကျောင်း၌ မဲပေါက်ကျေးရွာအုပ်စုရှိ အုပ်ချုပ် ရေးမှူး ၊ ကျေးရွာခွဲတာဝန်ခံများ၊ ဌာနဆိုင်ရာဝန်ထမ်း များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူလူထု များနှင့် တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် နေပြည်တော်ကောင်စီအဖွဲ့ဝင် က မိမိအနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ပေးရန် စီမံညွှန်ကြားမှုဖြင့် ပျဉ်းမနားမြို့နယ်အတွင်းရှိ တောင်ပေါ်ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ပေးရန် လာရောက် ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅) ရပ်၊ ဦးတည်ချက် (၉) ရပ် ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးရွာအုပ်စုအတွင်းရှိ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ မြေပြန့်နှင့်တောင်ပေါ်ဒေသ၊ ကျေးလက် နှင့် မြို့ပြဒေသ လူနေမှုအဆင့်အတန်းကွာခြားမှု မရှိစေရေးရည်ရွယ်၍ အဓိကထားဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ မဲပေါက်ကျေးရွာအုပ်စုရှိ ကျေးရွာများတွင် တိုင်းရင်းသားများနေထိုင်သည့် တောင်ပေါ်ကျေးရွာများဖြစ်သည့်အတွက် ရိုးရာ ယဉ်ကျေးမှုနှင့် သဘာဝကိုအခြေခံသည့် လူထု ဗဟိုပြုခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နယ်မြေ ဒေသ တည်ငြိမ်အေးချမ်းမှသာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နယ်မြေတည်ငြိမ်အေးချမ်း လုံခြုံရေးသည်လည်း အရေးကြီးသည့်အတွက် အစိုးရ၊ တပ်မတော်နှင့် ပြည်သူလူထု တစ်သားတည်းရှိရန်နှင့် ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့သက်ဆိုင်ရာ ဌာနအလိုက်ဆောင်ရွက်ပေး လျက်ရှိသော လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ပန်းခင်းစီမံချက်(၂)ဖြင့် ဆောင်ရွက်
ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးစီးသည့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်း အဖွဲ့သည် မဲပေါက်ကျေးရွာအုပ်စုမှ ဒေသခံတိုင်းရင်း သား ပြည်သူများ၊ ကျောင်းသား ကျောင်းသူများ အတွက် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန် ပစ္စည်းများ၊ ကျောင်းသုံးစာရေးကိရိယာများ၊ သုတရသစာအုပ်များ၊ ဆေးစိမ်ခြင်ထောင်များ၊ ဆေးဝါးများနှင့် ပန်းခင်းစီမံချက်(၂)ဖြင့် ဆောင်ရွက် ပေးသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်တို့ကို ပေးအပ်ရာ သက်ဆိုင်ရာ ကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာခွဲ တာဝန်ခံများ၊ ကျောင်းအုပ်ဆရာကြီးများနှင့် တာဝန် ရှိသူတို့က လက်ခံရယူကြသည်။
ထို့နောက် ကျေးရွာများမှ ဒေသခံတိုင်းရင်းသား ပြည်သူများက မိမိတို့ဒေသအတွက် ဆောင်ရွက် ပေးစေလိုသည့် လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာ ရေး၊ ပညာရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် အခြားဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး တင်ပြကြရာ ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်ဆည်းဆောင်ရွက် ပေးမည့် အစီအမံများနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးကြပြီး မဲပေါက်ကျေးရွာအုပ်စုရှိ ဒေသခံ တိုင်းရင်းသား ပြည်သူလူထုကိုယ်စား ဦးအုန်းမြင့်က ကျေးဇူးတင်စကားပြောကြားကာ နေပြည်တော် ကောင်စီအဖွဲ့ဝင်က နိဂုံးချုပ်အမှာစကား ပြောကြား သည်။
ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးစီးသည့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်း အဖွဲ့သည် ရွာဦးကျောင်းဆရာတော် ဥူးအာလောက အား ဖူးမြော်ကြည်ညိုပြီး စားသောက်ကုန်ပစ္စည်း များနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်။
အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေး
ညနေပိုင်းတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင်သည် နေပြည်တော်ကုသရေး ဦးစီးဌာန နယ်လှည့်ဆေးကုသရေးအဖွဲ့က မဲပေါက် ကျေးလက် ကျန်းမာရေးဌာန၌ ကျေးလက်နေပြည်သူ များအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေး လျက် ရှိသည့် အခြေအနေများကို ကြည့်ရှုအားပေးပြီး ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်၍ မဲပေါက်ကျေးရွာ အခြေခံပညာမူလတန်း လွန်ကျောင်း၌ မဲပေါက်အုပ်စု အခြေခံပညာကျောင်း များတွင် တာဝန်ထမ်းဆောင်နေသော ဆရာ ဆရာမ များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ စာပေသင်ကြားနေမှု အခြေအနေများကို မေးမြန်းကာ စားသောက်ဖွယ် ရာများ ထောက်ပံ့ပေးအပ်သည်။
ထို့ပြင် နေပြည်တော် လမ်းဦးစီးဌာန၊ ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက မဲပေါက်ကျေးရွာအတွင်း သွားလာရခက်ခဲသည့် နေရာများ၌ ကျေးရွာချင်းဆက်လမ်း ဖောက်လုပ် ပေးရန် မြေနေရာကြည့်ရှုတိုင်းတာခြင်း၊ ပျဉ်းမနား မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ပန်းခင်းစီမံချက်(၂)ဖြင့် အိမ်ထောင်စု လူဦးရေစာရင်း နှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်း တို့ကို ဆောင်ရွက်ကြသည်။
သတင်းစဉ်