နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင် ဦးစီးသည့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့ ပျဉ်းမနားမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆက်လက်ကွင်းဆင်းဆောင်ရွက်

 

နေပြည်တော်  နိုဝင်ဘာ  ၂


နေပြည်တော် ပျဉ်းမနားမြို့နယ် ပြည်ထောင်ကိုးအုပ်စု၊     ဆောင် တောင်ကြီးကျေးရွာ၌     နယ်မြေ တည်ငြိမ်အေးချမ်းရေး၊  လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊  ပညာရေး၊ ကျန်းမာရေးနှင့်    ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို      ကွင်းဆင်း ဆောင်ရွက်ရန်  ရောက်ရှိနေသည့် နေပြည်တော်ကောင်စီ     အဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင် ဦးစီးသည့် ဌာနဆိုင်ရာများ       ပါဝင်သော ပူးပေါင်းအဖွဲ့သည်    ယနေ့နံနက် ပိုင်းက      ဒေသခံတိုင်းရင်းသားပြည်သူများနှင့်  တွေ့ဆုံ၍ ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ် သည်များကို  ဖြည့်ဆည်းဆောင် ရွက်ပေးပြီး ထောက်ပံ့ရေးပစ္စည်း များ၊ ပန်းခင်းစီမံချက်အရ ဆောင် ရွက်ပေးသည့်        အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ် ရေးကတ်ပြားတို့ကို     ပေးအပ် သည်။ 


ရှေးဦးစွာ      နေပြည်တော် ကောင်စီအဖွဲ့ဝင်    ဗိုလ်မှူးကြီး မင်းနောင်       ဦးစီးသည့်အဖွဲ့ သည် ဆောင်တောင်ကြီးကျေးရွာ အခြေခံပညာ  မူလတန်းကျောင်း သို့ရောက်ရှိပြီး  အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြား နေသော ကျောင်းသား  ကျောင်းသူ များကို   စားသောက်ဖွယ်ရာများ  ဝေမျှ၍ တာဝန်ထမ်းဆောင်လျက်    ရှိကြသည့်     ဆရာ၊   ဆရာမများနှင့်  ရင်းရင်းနှီးနှီးတွေ့ဆုံကာ   စာပေ သင်ကြားသင်ယူနေမှု  အခြေအနေ ကို မေးမြန်းပြီး  လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ 


ထို့နောက်    နေပြည်တော် ကောင်စီအဖွဲ့ဝင်         ဦးစီးသည့် အဖွဲ့သည်  ကျေးရွာအဝင်လမ်းနှင့် ရွာလယ်လမ်းမအား    ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းများ ဆောင် ရွက်ပေးနိုင်ရေး   ကြည့်ရှုစစ်ဆေး သည်။ 


ယင်းနောက်       နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးစီးသည့်  အဖွဲ့ သည် ဆောင်တောင်ကြီးကျေးရွာ ရွာဦးကျောင်း၌  ဆောင်တောင်ကြီး ကျေးရွာ၊      ပြဒါးချောင်းကျေးရွာ၊ မြသီတာကျေးရွာနှင့်  ပြည်ရတနာ ကျေးရွာများမှ     အုပ်ချုပ်ရေးမှူး၊ ကျေးရွာခွဲတာဝန်ခံများ၊     ဌာန ဆိုင်ရာဝန်ထမ်းများ၊   ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ၊    ဒေသခံပြည်သူ များနှင့် တွေ့ဆုံသည်။ 
ပူးပေါင်းဆောင်ရွက်ရန်လို


ထိုသို့တွေ့ဆုံစဉ် နေပြည်တော် ကောင်စီအဖွဲ့ဝင်     ဗိုလ်မှူးကြီး မင်းနောင်က     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန် ချက်အရ မြေပြန့်နှင့်  တောင်ပေါ် ဒေသ  ဖွံ့ဖြိုးတိုးတက်မှု  မြင့်မား စေရေးအတွက်    ပျဉ်းမနားမြို့       အရှေ့ဘက်ရှိ တောင်ပေါ်ကျေးရွာ  အုပ်စု(၇)အုပ်စုအတွင်းရှိ  ကျေးရွာ များကို  ကွင်းဆင်း၍     ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများကို  ဆောင်ရွက် လျက်ရှိကြောင်း၊  မိမိတို့ဦးဆောင် သည့် ဌာနဆိုင်ရာအဖွဲ့သည်  ဒေသ ဖွံ့ဖြိုးရေးများဖြစ်သော ပညာရေး၊ ကျန်းမာရေး၊  လမ်းပန်းဆက်သွယ် ရေး၊      သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့ကို        ဦးစားပေး ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ထို့ကြောင့်   ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ် သည်များကို  ပွင့်လင်းစွာတင်ပြ ကြစေလိုကြောင်း၊   ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ   ဆောင်ရွက်ရာ တွင်  နယ်မြေတည်ငြိမ်အေးချမ်း လုံခြုံရေးသည်လည်း   အရေးကြီး သည့်အတွက် အစိုးရ၊ တပ်မတော် နှင့် ပြည်သူလူထု တစ်သားတည်း ရှိရန်နှင့်  ပူးပေါင်းဆောင်ရွက်ရန်   လိုအပ်ကြောင်း ပြောကြားသည်။ 


ဆက်လက်၍    ဌာနဆိုင်ရာ တာဝန်ရှိသူများက           မိမိတို့ သက်ဆိုင်ရာဌာနအလိုက် ဆောင် ရွက်ပေးလျက်ရှိသော လုပ်ငန်းစဉ် များနှင့် စပ်လျဉ်း၍   ရှင်းလင်း တင်ပြကြသည်။ 


ထို့နောက်    နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးစီးသည့် ဌာန ဆိုင်ရာများ ပါဝင်သော   ပူးပေါင်း အဖွဲ့သည်      ဆောင်တောင်ကြီး ကျေးရွာအုပ်စုမှ  ဒေသခံတိုင်းရင်း သားပြည်သူများ၊   ကျောင်းသား၊ ကျောင်းသူများအတွက်    လူသုံး ကုန်ပစ္စည်းများ၊    စားသောက် ကုန်ပစ္စည်းများ၊   ကျောင်းသုံး စာရေးကိရိယာများ၊ သုတရသ စာအုပ်များ၊    ဆေးစိမ်ခြင်ထောင် များ၊  ဆေးဝါးများနှင့်   ပန်းခင်း စီမံချက်(၂) ဖြင့်  ဆောင်ရွက်ပေး သည့်     အိမ်ထောင်စုလူဦးရေ စာရင်းနှင့်     နိုင်ငံသားစိစစ်ရေး ကတ်ပြားတို့ကို      ပေးအပ်ရာ သက်ဆိုင်ရာကျေးရွာများမှ ကျေးရွာ အုပ်ချုပ်ရေးမှူး၊        ကျေးရွာခွဲ တာဝန်ခံများ၊   ပြည်သူ့စစ်တပ်ဖွဲ့ ဝင်များ၊   ကျောင်းအုပ်ဆရာကြီး များနှင့်  တာဝန်ရှိသူတို့က လက်ခံ ရယူကြသည်။


ယင်းနောက်   ကျေးရွာများမှ  ဒေသခံ    တိုင်းရင်းသားပြည်သူ များက     မိမိတို့ဒေသအတွက် ဆောင်ရွက်     ပေးစေလိုသည့် လျှပ်စစ်မီးရရှိရေး၊     လမ်းပန်း ဆက်သွယ်ရေး၊    ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် အခြားဒေသ   ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ  ကိစ္စရပ်များကို  ဆွေးနွေး တင်ပြကြရာ    ဌာနဆိုင်ရာတာဝန် ရှိသူများက      သက်ဆိုင်ရာကဏ္ဍ အလိုက်   ဖြည့်ဆည်းဆောင်ရွက် ပေးမည့် အစီအမံများနှင့် စပ်လျဉ်း ၍      ရှင်းလင်းဆွေးနွေးကြပြီး ဆောင်တောင်ကြီးကျေးရွာ ဒေသခံ တိုင်းရင်းသား       ပြည်သူလူထု ကိုယ်စား     ဦးအောင်မင်းသူက ကျေးဇူးတင်စကား  ပြောကြားကာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က နိဂုံးချုပ်အမှာစကား ပြောကြား သည်။ 
ဆက်ကပ်လှူဒါန်း


ဆက်လက်၍   နေပြည်တော် ကောင်စီအဖွဲ့ဝင်      ဦးစီးသည့် ဌာနဆိုင်ရာများ     ပါဝင်သော ပူးပေါင်းအဖွဲ့သည်    ရွာဦးကျောင်း ဆရာတော်     ဥူးကေသရ အား ဖူးမြော်ကြည်ညိုပြီး စားသောက် ကုန်ပစ္စည်းများနှင့် လှူဖွယ်ဝတ္ထု များ ဆက်ကပ်လှူဒါန်းသည်။ 


ထို့ပြင်   နေပြည်တော်   ကုသ ရေးဦးစီးဌာန၊     နယ်လှည့်ဆေး ကုသရေးအဖွဲ့က   ကျေးလက်နေ ပြည်သူများအား   အခမဲ့ကျန်းမာ ရေး         စောင့်ရှောက်မှုပေးခြင်း၊ လမ်းဦးစီးဌာန၊   ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနနှင့်  ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တို့မှ   တာဝန်ရှိသူများက ဆောင် တောင်ကြီးကျေးရွာ  ရွာလယ်လမ်း အား     ကွန်ကရစ်လမ်းခင်းပေးရန် တိုင်းတာခြင်းများ     ဆောင်ရွက် ကြပြီး   ပျဉ်းမနားမြို့နယ်  လူဝင်မှု ကြီးကြပ်ရေးနှင့်   ပြည်သူ့အင်အား ဝန်ကြီးဌာန   မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ပန်းခင်းစီမံချက် (၂)  ဖြင့်    အိမ်ထောင်စုလူဦးရေ စာရင်းနှင့်      နိုင်ငံသားစိစစ်ရေး ကတ်များ    ပြုလုပ်ပေးခြင်းတို့ကို  ဆောင်ရွက်ကြသည်။


သတင်းစဉ်