
ဥတ္တရသီရိ နိုဝင်ဘာ ၁၅
ပြည်ထောင်စုနယ်မြေ နေပြည်တော် အတွင်းရှိ သန့်ရှင်း၍ စိမ်းလန်းစိုပြည် သော ကျောင်းဆု (Clean and Green School Award) ယှဉ်ပြိုင် လျှောက်ထားသော ကျောင်းများ အချင်းချင်း အသိပညာဖလှယ်ရေး အစီအစဉ်အရ သွားရောက်လေ့လာ ခြင်းကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါဆု ပါဝင်ယှဉ်ပြိုင်လျှောက် ထားသည့် ကျောင်းဖြစ်သည့် ဥတ္တရ သီရိမြို့နယ် တောင်ညိုကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက ဆောင်ရွက်သည်။
ထိုသို့လေ့လာရာတွင် ဥတ္တရသီရိ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးမျိုးချစ် ဦးစီး၍ မြို့နယ်ပညာရေးမှူး ဦးသန်းဆွေ၊ တောင်ညိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းအကျိုးတော် ဆောင်များ၊ ကျောင်းသား ကျောင်းသူ များက သန့်ရှင်း၍ စိမ်းလန်းစိုပြည် သောကျောင်းဆု ယှဉ်ပြိုင်လျှောက် ထားလာသည့် ဇေယျာသီရိမြို့နယ် အမှတ်(၁) အခြေခံပညာ အထက် တန်းကျောင်းနှင့် ပုဗ္ဗသီရိမြို့နယ် အမှတ်(၂၀) အခြေခံပညာ အထက် တန်းကျောင်းများသို့ သွားရောက် လေ့လာကြပြီး နေပြည်တော်အနေ ဖြင့် ယခုကျောင်း သုံးကျောင်း အပါ အဝင်သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆု ယှဉ်ပြိုင်လျှောက်ထား လာသည့် ကျောင်းပေါင်း ၁၂ ကျောင်း ရှိကြောင်း သိရသည်။ ဇော်ဘီ