နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ရင်ပြင်တော်ပေါ်ရှိ ဓမ္မာရုံတွင် နိုဝင်ဘာ ၅ ရက်မှစတင်၍ ၁၀၈ ရက်တိုင်တိုင် ဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်လျက်ရှိ

 

နေပြည်တော်  ဒီဇင်ဘာ  ၁၆


သာသနာရေးနှင့်   ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည်   တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဥပ္ပါတသန္တိစေတီတော်၌   ၁၀၈ ရက် တိုင်တိုင် ဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်နေသော ဘာဏက ဆရာတော်များအား သွားရောက် ဖူးမြော်ကြည်ညိုကာ   သာသနာ ရေးဆိုင်ရာများ    လျှောက်ထား သည်။
ထို့နောက်    ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည်    ပုဗ္ဗသီရိ မြို့နယ် သီရိမင်္ဂလာ ဥသျှစ်ကုန်း ကျောင်းတိုက်    သာသနာ့ဗိမာန် တော်၌   ကျင်းပသည့်   အသံမစဲ ဥပ္ပါတသန္တိ    ပါဠိတော်ရွတ်ဖတ် ပူဇော်ပွဲ   အောင်ပွဲမင်္ဂလာအခမ်း အနားသို့   တက်ရောက်ကြည်ညို ကြပြီး  သာသနာရေးဆိုင်ရာများ လျှောက်ထားကာ    သီရိမင်္ဂလာ ဥ သျှစ်ကုန်းကျောင်း     ဆရာတော် ဘဒ္ဒန္တဣန္ဒာစရိယအား လှူဖွယ် ဝတ္ထုပစ္စည်းများ၊   ပန်းပေါင်းစုံဗုဒ္ဓ ရုပ်ပွားတော်များနှင့် ဥပ္ပါတသန္တိ ပါဠိတော်ဝတ်ရွတ်စဉ် စာအုပ်များ နှင့်  နေ့ဆွမ်းဆက်ကပ်လှူဒါန်း သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနား မြို့နယ် သုခဝိဟာရ သရက်ကုန်း ကျောင်းတိုက်၌   ကျင်းပသည့် အသံမစဲ    ဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်ပွဲ မင်္ဂလာအခမ်း အနားသို့  တက်ရောက်ကြည်ညို ကြပြီး ဆရာတော်  သံဃာတော် များအား   လှူဖွယ်ဝတ္ထုပစ္စည်း များ     ဆက်ကပ်လှူဒါန်းသည်။ ပျဉ်းမနားမြို့ သုခဝိဟာရ သရက် ကုန်းကျောင်းတိုက်တွင် အသံမစဲ ဥပ္ပါတသန္တိပါဠိတော်    ရွတ်ဖတ် ပူဇော်ပွဲကျင်းပနေသကဲ့သို့ အလား တူ တစ်ချိန်တည်းတွင်  ပုဗ္ဗသီရီ မြို့နယ် အောင်စည်သာပရိယတ္တိ စာသင်တိုက်နှင့်    ဥတ္တရသီရိမြို့ နယ် မြင့်ထူးသာကျောင်းတိုက်တို့တွင်လည်း  အသံမစဲဥပ္ပါတသန္တိ ပါဠိတော်   ဆက်လက်ရွတ်ဖတ် ပူဇော်ပွဲများ ကျင်းပလျက်ရှိသည်။ 
ပြည်ထောင်စုနယ်မြေ နေပြည် တော်   ဥပ္ပါတသန္တိစေတီတော် ရင်ပြင်တော်ပေါ်ရှိ   ဓမ္မာရုံတွင် နိုဝင်ဘာ ၅ ရက်မှ စတင်၍ ၁၀၈ ရက်တိုင်တိုင် ဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်    ပူဇော်လျက်ရှိသည့် အပြင်     ပြည်ထောင်စုနယ်မြေ နေပြည်တော်   ပုဗ္ဗသီရိမြို့နယ် သီရိမင်္ဂလာဥသျှစ်ကုန်းကျောင်း၊ ဘုရားငါးဆူကျောင်းနှင့် ရွှေလွှမ်း တောင်ကျောင်းတို့၌ နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၁၆ ရက်အထိ ၁၈ ရက်တိုင်တိုင် ဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားများ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သတင်းရရှိသည်။      

သတင်းစဉ်