နေပြည်တော် လယ်ဝေးမြို့၌ နွားပွဲဈေးမြေနေရာနှင့် သားသတ်ရုံတည်ဆောက်မည့် မြေနေရာ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်     ဧပြီ     ၂၀


နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက နေပြည်တော် လယ်ဝေးမြို့ နွားပွဲဈေးမြေနေရာနှင့် ခေတ်အေးကျေးရွာအနီး အသား ထုတ်လုပ်ရုံဆောင်ရွက်မည့်   မြေနေရာများကို   ကြည့်ရှုပြီး   လုပ်ငန်းဆောင်ရွက်မည့်   အစီအမံများကို စစ်ဆေးသည်။

 


ထိုသို့ကြည့်ရှုစဉ် ဌာနကြီးမှူး ဦးစိုးဟန်က နွားပွဲဈေးတည်ဆောက်နေမှု အခြေအနေများနှင့် ကော်မတီပိုင် အသားထုတ်ရုံ၌ အသားထုတ်လုပ်ရန်   အဆောက်အအုံဆောင်ရွက်မည့်   လုပ်ငန်းများနှင့်  ပတ်သက်၍ ရှင်းလင်းတင်ပြရာ ဒုတိယမြို့တော်ဝန်က လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်