
နေပြည်တော် ဧပြီ ၂၆
ပြည်ထောင်စုနယ်မြေ နေပြည် တော် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြသည့် စေတနာ့ ဝန်ထမ်းများအား ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် နေပြည် တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများတွင် ဌာန ဆိုင်ရာများနှင့်အတူ ပူးပေါင်း၍ တက်တက်ကြွကြွ ဆောင်ရွက် ပေးခဲ့ကြသည့် စေတနာ့ဝန်ထမ်း များ၏ အခန်းကဏ္ဍသည် အဓိက ကျပါကြောင်း၊ မိမိတို့ အသက် အန္တရာယ်ကို ပဓာနမထားဘဲ ကြိုးကြိုးစားစား ဆောင်ရွက်ခဲ့ကြ သည့်အတွက် ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း လျော့ပါး သွားပြီဖြစ်ပါကြောင်း၊ Quaran-tine Center များ၊ Positive Center များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ အရှိန် အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည့် အတွက် ကိုဗစ်-၁၉ ရောဂါ၏ အမျိုးမျိုးသော မျိုးကွဲသစ်များကို တားဆီးနိုင်ပြီ ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည်မှ စတင်၍ ယနေ့ရောဂါဖြစ်ပွားမှု နှုန်း ကျဆင်းလာသည်အထိ ပူးပေါင်း တာဝန်ထမ်းဆောင်ခဲ့ ကြသည့် လူမှုကူညီရေးအသင်း အဖွဲ့များမှ စေတနာ့ဝန်ထမ်းများ အား ကျေးဇူးတင်ရှိပါကြောင်းနှင့် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါ ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်များနှင့် တာဝန် ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ လုပ်ငန်းစဉ်များတွင် ကူညီ ဆောင်ရွက်ခဲ့သော နေပြည်တော် အတွင်းရှိ စေတနာ့ဝန်ထမ်းများ အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး (အပေါ်ဝဲပုံ) တက် ရောက်လာကြသည့် ပရဟိတ လူမှုကူညီရေး အသင်းများမှ စေတနာ့ဝန်ထမ်းများအား ရင်းရင်း နှီးနှီး နှုတ်ဆက်စကားပြောကြား ကြောင်း သိရသည်။ သတင်းစဉ်