နေပြည်တော် ဒက္ခိဏသီရိမြို့နယ် အထက(၁၈)၌ လူငယ်ဘက်စုံဖွံ့ဖြိုးရေးအခမ်းအနားကျင်းပ

 

နေပြည်တော်  စက်တင်ဘာ ၁၅
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌‌ ရေးဦးစီးဌာနနှင့်    အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေး   အခမ်း အနားကို   ယနေ့   နံနက် ၉ နာရီ က   နေပြည်တော်   ဒက္ခိဏသီရိ မြို့နယ်ရှိ     အမှတ်(၁၈) အခြေခံ ပညာ   အထက်တန်းကျောင်း၌   ကျင်းပသည်။
အခမ်းအနားသို့  ပြန်ကြားရေး ဝန်ကြီးဌာန       ဒုတိယဝန်ကြီး ဦးရဲတင့်၊   ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော် ထွန်း၊   တိုင်းရင်းသားလူမျိုးများ ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊   ပြည်ထောင်စု နယ်မြေ၊   နေပြည်တော်နှင့် ခရိုင်၊ မြို့နယ်အဆင့်    ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီး၊   ဆရာ ဆရာမများ၊    ကျောင်းအကျိုး တော်ဆောင်များ၊   ကျောင်းသား ကျောင်းသူများနှင့်   တာဝန်ရှိသူ များ တက်ရောက်ကြသည်။
ရှေးဦးစွာ     ဗလငါးတန် ဖွံ့ဖြိုး   တိုးတက်စေရေးအတွက် လူငယ်အသိပညာပေး  ဟောပြော ပွဲကို    ကျင်းပရာ     စာရေးဆရာမ သက်သက်နွယ်   (ရန်ကုန်တက္က သိုလ်)က     လူငယ်နှင့်ယဉ်ကျေး မှုခေါင်းစဉ်ဖြင့်      ဟောပြော သည်။ 
ယင်းနောက်    အမှတ်(၁၈)အခြေခံပညာ        အထက်တန်း ကျောင်းမှ ကျောင်းသား ကျောင်း သူ    လူငယ်များက    လူချွန် လူကောင်းသီချင်းဖြင့် သီဆိုကြ သည်။
ထို့နောက်   ဒုတိယဝန်ကြီး ဦးရဲတင့်က နှုတ်ခွန်းဆက်စကား  ပြောကြားရာတွင်    ပညာသင်နေ သည့်အရွယ်တွင်  စာကို  ကြိုးစား သင်ယူပြီး စာတတ်စေရန်၊ အတန်း  ပညာအောင်မြင်စေရေး   ဆောင် ရွက်သွားကြရန် လိုအပ်ကြောင်း၊ သို့သော် စာတတ်ရုံ  ပညာတတ်ရုံ ဖြင့်   ဘဝတွင်   ပြည့်စုံနိုင်မည် မဟုတ်ကြောင်း၊    ယခုကျင်းပခဲ့ သည့် ဟောပြောပွဲရည်ရွယ်ချက် အတိုင်း ဗလငါးတန်နှင့်    ပြည့်ဝ သည့်      လူငယ်များဖြစ်ကြရန် မျှော်လင့်ကြောင်း၊ ကျန်းမာကြံ့ခိုင် ပြီး   အကျင့်စာရိတ္တ   ကောင်းမွန် သော   လူငယ်များ၊   ပတ်ဝန်းကျင် နှင့်   နိုင်ငံတော်အတွက်   အတွေး အခေါ်            မှန်မှန်ကန်ကန်ဖြင့်  ကောင်းကျိုးပြုနိုင်သူများ         ဖြစ် အောင်  ကြိုးစားကြစေလိုကြောင်း၊ နိုင်ငံတော်က    လူငယ်များကို  အနာဂတ်      အင်အားအဖြစ်       အားကိုးအားထား      ပြုစေချင် ကြောင်း၊ ဘက်ပေါင်းစုံမှ ထူးချွန် ထက်မြက်သော  နိုင်ငံ့အနာဂတ် အတွက် ကိုယ်ခံအားကောင်းသော လူငယ်များ၊    ခေါင်းဆောင်များ ဖြစ်အောင်     ကြိုးစားသွားကြ ရန်     တိုက်တွန်းမှာကြားသည်။
ထို့နောက်         ဒုတိယဝန်ကြီး ဒေါက်တာ     မိုးဇော်ထွန်းက ကျောင်းစာကြည့်တိုက်  အတွက် စာအုပ်စာစောင်များကို   ပေးအပ် လှူဒါန်းရာ ကျောင်းအုပ်ဆရာမ ကြီး ဒေါ်အေးအေးငြိမ်းက လက်ခံ ရယူသည်။
 ဆက်လက်၍ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှ ဖျော်ဖြေရေးတီးဝိုင်းအဖွဲ့ က ဖျော်ဖြေရေးအစီအစဉ်များဖြင့် သီဆိုတင်ဆက်ကြသည်။
ယင်းနောက်     ခန်းမအပြင် ဘက်၌    မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်ရှိသည့်    အထင်ကရနေရာ များကို  ကျောင်းသား ကျောင်းသူ လူငယ်များအား  ဗဟုသုတရရှိ စေရန် “လှပသာယာပြည်မြန်မာ” ရောင်စုံဓာတ်ပုံ     ပြဘုတ်များ ခင်းကျင်းပြသခြင်း၊ ကျောင်းသား ကျောင်းသူလူငယ်များ ဗလငါးတန်  ဖွံ့ဖြိုး‌ရေးနှင့်    ပတ်သက်သည့် အသိပညာပေး  စာအုပ်စာစောင်များခင်းကျင်းပြသခြင်း၊   မြားပစ် ပြိုင်ပွဲ၊      စက်ပန်းလှည့်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲနှင့်    ခွက်နင်း လမ်း‌လျှောက်ပြိုင်ပွဲများ ကျင်းပ ပေးခြင်း စသည့်ပျော်ရွှင်ဖွယ်ဂိမ်းများကစား၍    အနိုင်ရရှိသူအား အမျိုးသားစာပေဆုရှင်    ဆရာ စိုးတင့်(ဧရာဝတီ)  မိသားစုနှင့် မြို့နယ်   စီမံအုပ်ချုပ်ရေးအဖွဲ့က  လှူဒါန်းသော   စာရေးကိရိယာ နှင့် မုန့်များပေးအပ်ကာ ကျောင်း သား    ကျောင်းသူများ   ပျော်ရွှင် စွာ    ပါဝင်ဆင်နွှဲခဲ့ကြောင်း    သိရ သည်။          

ရွှေပင်လယ်(IPRD)